၂၃၊ စက်တင်ဘာလ၊ ၂၀၂၁။ မြန်မာပြည်သူတချို့က အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်တဲ့နည်းလမ်းနဲ့ တုံ့ပြန်လာတဲ့အပေါ် နားလည်ပေးနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ စကော့မာရှယ်က ပြောပါတယ်။ စက်တင်ဘာ ၂၂ရက်နေ့၊ အမေရိကန် ရေးတက္ကသိုလ်မှာပြုလုပ်တဲ့ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အခြေအနေအကြောင်း ဆွေးနွေးပွဲမှာ မစ္စတာ စကော့မာရှယ်က ပြောခဲ့တာပါ။ မြန်မာပြည်သူတွေက အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် စစ်အုပ်စုက လက်မခံလို့ လက်နက်စွဲကိုင်ကြတဲ့အတွက် နားလည်ပေးနိုင်တယ်လို့…
Read More