အကြမ်းဖက်စစ်တပ်နဲ့ဆက်နွှယ်နေတဲ့ အဖွဲ့အစည်း၄ခုကို ထပ်တိုးပိတ်ဆို့မှုအသစ် ယူကေအစိုးရ ချမှတ်

အကြမ်းဖက်စစ်တပ်နဲ့ဆက်နွှယ်နေတဲ့ အဖွဲ့အစည်း၄ခုကို ထပ်တိုးပိတ်ဆို့မှုအသစ် ယူကေအစိုးရ ချမှတ်

၁၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့အလွဲသုံးစားပြုမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာစစ်တပ်ပိုင်အဖွဲ့အစည်းတွေကို ယူကေအစိုးရက ထပ်တိုးအရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ် လိုက်တယ်လို့ ဗြိတိသျှသံရုံး(ရန်ကုန်)ကထုတ်ပြန်ပါတယ်။ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ပြည်သူတွေအပေါ် ပြင်းထန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စစ်တပ်နဲ့ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းလေးခုကို အရေးယူပိတ်ဆို့မှုအသစ်အဖြစ် အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့နဲ့အတူ ယူကေအစိုးရက ပူးတွဲထုတ်ပြန်လိုက် တယ်လို့ထုတ်ပြန်ပါတယ်။ အရေးယူပိတ်ဆို့ခံရတဲ့ အဖွဲ့အစည်းတွေက စစ်ထောက်ချုပ်ရုံး၊ နိုင်ငံပိုင်လုပ်ငန်းဖြစ်တဲ့ကာကွယ်ရေးပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၊ကာကွယ်ရေးပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးနဲ့မြန်မာစစ်တပ်ရဲ့ အရန်အင်အားတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ တို့ဖြစ်ပါ တယ်။ အဲဒီအဖွဲ့အစည်းတွေဟာ မြန်မာစစ်တပ်…

Read More