ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ မီးမမှန်လို့ CNG ဆိုင်တွေမှာ ကားတွေနေ့တစ်ပိုင်းကျော်ကြာ တန်းစီစောင့်ဆိုင်းနေရ

ရန်ကုန်မြို့မှာလျှပ်စစ်မီး နာရီနဲ့ချီ ပြတ်တောက်မှုတွေ ဖြစ်နေတာကြောင့် CNG သဘာဝဓါတ်​ငွေ့ အရောင်းဆိုင်တွေမှာ ကားတွေနေ့တပိုင်းကျော်အကြာ တန်းစီစောင့်ဆိုင်းနေကြရတယ်လို့ ယာဥ်မောင်းတွေဆီက သိရပါတယ်။ CNG ဆိုင်တွေဟာ လျှပ်စစ်မီးလာချိန်မှာသာ ရောင်းပေးပြီးမီးပျက်တဲ့ အချိန်တွေမှာ အရောင်းရပ်ထားလေ့ရှိတာကြောင့် ကားတွေအချိန်မီဂတ်စ်ဖြည့်ဖို့ အခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]