နိုင်ငံရေး

အင်းတော်မှာ PDF ထောက်ပံ့တယ်ဆိုပြီး CDM ဆရာမ သုံးဦးအပါအဝင်၁၅ ဦးကို စစ်တပ်က ဖမ်းဆီးထား

မတ်၊​ ၅ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ပေါ်မှာ PDF ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ CDM ကျောင်းဆရာမသုံးဦး အပါအဝင် ပြည်သူ ၁၅ဦးကို မတ်လ ၃ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက DNA ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သရက်ချောင်းမြို့နယ်က စစ်ကောင်စီဆေးတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ CDM ပြုလုပ်လာ

ဖေဖော်ဝါရီ၊ ၂၆ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဆေးတပ်သားတဦးကလက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးအင်အားစုတွေဆီကို  CDM ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ သရက်ချောင်းမြို့နယ် ဝင်းဝရဲစခန်းမှာ တာဝန်ထမ်းဆောင်နေချိန် တော်လှန်ရေးအင်အားစုအဖွဲ့တွေဆီ ဆက်သွယ်ပြီး CDM ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ သရက်ချောင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလောမှာ သုံးရက်အတွင်း CDMအများစုနဲ့ အရပ်သားတချို့အပါအဝင် လူနှစ်ဆယ်ဝန်းကျင်ဖမ်းဆီးခံရ

ဖေဖော်ဝါရီ၊ ၂၃ တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်မှာ CDM ပညာရေးဝန်ထမ်းတွေနဲ့ အရပ်သားတချို့ အပါအဝင် လူနှစ်ဆယ်ဝန်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သုံးရက်အတွင်း ဖမ်းဆီးခဲ့တယ်လို့  မြို့ခံတွေဆီက သိရပါတယ် ။  ပုလောမြို့ပေါ်က ရက်ကွက်တချို့မှာ CDM ဝန်ထမ်းတွေ ပုန်းခိုနေတယ်ဆိုတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သူနာပြု-သားဖွားဆရာမအင်အားမလုံလောက်လို့ သင်တန်းကျောင်းတွေကို စစ်ကောင်စီအချိန်အစောဖွင့်

စစ်အာဏာသိမ်းယူထားတဲ့ ၂ နှစ်တာအတွင်း CDM သူနာပြုနဲ့သားဖွားဆရာ/ဆရာမ အင်အားမလုံလောက်တာကြောင့် သူနာပြု-သားဖွားဒီပလိုမာသင်တန်းတွေကို လာမဲ့ဧပြီလမှာအချိန်စောဖွင့်လှစ်လာတယ်လို့ CDM သူနာပြုအသိုင်းအဝန်းထံကသိရပါတယ်။ သူနာပြု-သားဖွားဒီပလိုမာသင်တန်းတွေကို ပုံမှန်အားဖြင့် ဖေဖော်ဝါရီလမှာ လျှောက်လွာလက်ခံပြီး အောက်တိုဘာလမှစတင်တက်ရောက်ရပေမယ့်ဒီနှစ်မှာတော့ဧပြီလ ၈ရက်မှာစတင်ဖွင့်လှစ်မှာပါ။ “သူနာပြု-သားဖွားသင်တန်းတွေ​ထပ်ခေါ်တဲ့သဘောကဝန်ထမ်းအင်အားမလုံလောက်တာအဓိကဖြစ်နေတယ်။သင်တန်းတက်ခွင့်ရမဲ့အရေအတွက်ကအရမ်းကိုနည်းတယ်။အဲတာတွေကြောင့်သင်တန်းအချိန်စောဖွင့်တာလို့ပြောလို့ရတယ်။အရင်ကတော့အခုလိုမျိုးမဖွင့်ဘူးပေါ့။ဒီနှစ်ကျမှစောဖွင့်တဲ့သဘောဖြစ်နေတယ်” လို့မော်လမြိုင်မြို့ခံ CDMသူနာပြုဆရာမတဦးကပြောပါတယ်။ တနိုင်ငံလုံးမှာကျန်းမာရေးဝန်ထမ်းပေါင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မော်လမြိုင်မြို့အနီးကကျေးရွာတွေထဲကို CDM ဝန်ထမ်းတွေရှိမရှိ စစ်တပ်က လိုက်လံစုံစမ်းဖမ်းဆီးနေ

မွန်ပြည်နယ် ၊မော်လမြိုင်မြို့အနီးကော့နှပ်ကျေးရွာအပါအဝင်ကျေးရွာသုံးရွာကို စစ်ကောင်စီလက်အောက်ခံအဖွဲ့ကCDM ဝန်ထမ်းတွေရှိ၊မရှိ လိုက်လံစုံစမ်းကာဖမ်းဆီးဆောင်ရွက်တာတွေရှိနေတယ်ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၃ ရက်ကနေဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိမော်လမြိုင်မြို့က ကော့နှပ်နဲ့ကတိုးကျေးရွာထဲကို စစ်ကောင်စီတပ်ရင်း ခလရ (၈၁)ကအင်အားအများအပြားနဲ့ဝင်ရောက်ကာ CDM ဝန်ထမ်းတွေရှိမရှိလိုက်လံစုံစမ်းတာအပြင်ဧည့်စာရင်းစစ်ဆေးလုပ်ဆောင်တာတွေရှိနေတယ်လို့ လုံခြုံရေးအရအမည်မဖော်လို့တဲ့ကော့နှပ်ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။ ” ရွာထဲမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကင်းမှုးကိုပစ်သတ်ပြီးလက်နက်နဲ့ PDFထံခိုလှုံတဲ့ တပ်သားကို သိန်းငါးဆယ် ချီးမြှင့်မယ်လို့ဆို

ဖေဖော်ဝါရီ ၁၉ စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်က မြန်မာ့စီးပွါးရေးဘဏ်မှာ အတူကင်းစောင့်တဲ့ ကင်းမှုးဖြစ်သူ ကို ဖေဖော်ဝါရီလ ၁၅ ရက်က ပစ်သတ်ပြီး PDFထံကို ထွက်ပြေးလာသူကို ကျပ်သိန်းငါးဆယ်ပေးအပ်ပြီး အခမ်းအနားနဲ့ ဆုချီးမြှင့်မယ်လို့ သိရပါတယ်။ “ကျွန်တော်တို့အဖွဲ့က ပေးမှာပါ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျိုက်ထိုမြို့မှာ CDM ဆရာမတဦးထပ်မံ ဖမ်းဆီးခံရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ CDM ပြုလုပ်ထားတဲ့ အလယ်တန်းပြကျောင်းဆရာမတစ်ဦးကိုPDF တွေအပေါ်ထောက်ပံ့တယ်လို့အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီလ ၁၁ ရက်မှာဖမ်းဆီးခံရတယ်လို့ ဒေသခံတွေကDNAကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ၁၁ ရက်မွန်းလွဲ ၂နာရီဝန်းကျင်ကသိမ်ဇရပ်မြို့အကွက် (၂)ရပ်ကွက်နားမှာနေထိုင်တဲ့ အလယ်တန်းပြကျောင်းဆရာမတစ်ဦးဖြစ်တဲ့ဒေါ်ခင်ခင်ထွေးဆိုသူကို CDMပြုလုပ်ထားတာနဲ့PDF တွေကိုထောက်ပံ့တယ်လို့အကြောင်းပြကာစစ်ကောင်စီအဖွဲ့တွေကနေအိမ်သို့လာရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်အပါအဝင် မြို့နယ်တချို့မှာ ဆရာဝန်တွေကို CDM ဟုတ်မဟုတ် ဆမ နံပါတ်တွေနဲ့ တိုက်စစ်နေ

ရန်ကုန်က မြို့နယ်တွေနဲ့ နယ်မြို့တချို့က ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်နဲ့ ဆေးဝန်ထမ်းတွေကို CDM လုပ်ထားသူ ဟုတ်မဟုတ် ဆမ နံပါတ်တွေနဲ့တိုက်ဆိုင် စစ်ဆေးနေတယ်လို့ DNA က စုံစမ်း သိရှိရပါတယ်။ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းကြီးတွေမှာတင်မက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စီဒီအမ်ဝန်ထမ်းတွေကို ပြည်ပပို့ပေးတယ်ဆိုကာ အေဂျင်စီတွေကို စစ်ကောင်စီစစ်ဆေးနေ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုမှာပါဝင်ထားတဲ့နိုင်ငံဝန်ထမ်းတွေကို ပြည်ပမှာအလုပ်အ ကိုင်ရအောင် ပို့ဆောင်ပေးတယ်ဆိုပြီး ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို စစ်ကောင်စီက စစ်ဆေးနေ တယ်လို့ အေဂျင်စီတွေက ပြောပါတယ်။ “အခုဟာက အပြစ်ရှိတယ်ဆိုလဲအပြစ်ပေးပေါ့၊အဲ့လိုလဲမဟုတ်ဘူး၊အေဂျင်စီတွေကို အခုဟာက စစ်ဆေးနေတယ် ဆိုပြီးပိတ်ထားတော့ အလုပ်သမားရော ကျွန်တော်တို့ဘက်ကော [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

CDM ဝန်ထမ်းတွေကို တော်လှန်အလွန်မှာ လစာတလုံးတခဲတည်းပြန်ထုတ်ပေးမယ်လို့ NUG ပြော

အာဏာသိမ်းပြီးနောက် CDM လုပ်ခဲ့တဲ့ ဝန်ထမ်းတွေ မထုတ်ခဲ့ရတဲ့လစာတွေကို တော်လှန်ရေးအ လွန်ကာလမှာ တလုံးတခဲတည်းပြန်ထုတ်ပေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ပါတယ်။ အာဏာသိမ်းမှု နှစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်မှာ CDM ဝန်ထမ်းတွေနဲ့ပတ်သက်လို့ NUG ကထုတ်ပြန်ရာမှာ အဲ့ဒီလိုဖော်ပြထားတာပါ။ ဒါ့အပြင် [ဆက်လက်ဖတ်ရှုရန်]