နိုင်ငံရေး

ပုဏ္ဏားကျွန်းမြို့တွင်းမှာတွေ့ရတဲ့ AA တပ်ဖွဲ့ဝင်များ

မတ်၊ ၈   ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ကိုသိမ်းပိုက်ပြီးနောက် ဌာနဆိုင်ရာရုံးတွေနဲ့ မြို့တွင်းအရေးပါတဲ့ နေရာတချို့နဲ့အတူ AA တပ်ဖွဲ့ဝင်တွေကို အခုလိုတွေ့ရပါတယ်။   ရခိုင့်တပ်တော် AA ဟာ ပုဏ္ဏားကျွန်းမြို့က နောက်ဆုံးလက်ကျန်စစ်ကောင်စီစခန်း ခမရ (၅၅၀) ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ ခုနှစ်ခုမြောက်အဖြစ် ရမ်းဗြဲမြို့နယ်ကို AAသိမ်းပိုက်

မတ်၊ ၇ ရခိုင်ပြည်နယ်အလယ်ပိုင်းရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် (AA)သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။  စစ်ကောင်စီဖက်က လေကြောင်းနဲ့လက်နက်ကြီးပစ်ကူသုံးပြီး အပြင်းအထန်ခုခံခဲ့ပေမယ့် AAကနှစ်လကျော်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့တာပါ။ ရမ်းဗြဲမြို့နယ်မှာ နောက်ဆုံးကျန်ရှိနေတဲ့သိမ်တောင်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မနေ့ကမတ်လ၆ ရက်မှာ စစ်ရေယာဥ်နဲ့ဆုတ်ခွာစဥ် AAကတိုက်ခိုက်ခဲ့ပြီးနောက်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ AAနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်တောင်ပိုင်းထိုးစစ် AAစတင်

မတ်၊ ၆ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့တွေကို ဆက်တိုက်သိမ်းယူနေတဲ့ ရက္ခိုင့်တပ်တော်(AA)က တောင်ပိုင်းဒေသမှာပါ စစ်ရေးအရှိန်မြင့်တင်လိုက်တာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်နဲ့ သံတွဲမြို့နယ်အစပ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကို AAက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သားသုံးဆယ်၀န်းကျင် သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒီကနေ့ မတ်လ ၆ရက်မနက်အစောပိုင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုဏ္ဏားကျွန်းတိုက်ပွဲမှာ ဗျူဟာမှူး၊ တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား အသေမိတယ်လို့ AA ဆို

မတ်၊ ၆   ပုဏ္ဏားကျွန်းမြို့ရဲ့ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်ဖြစ်တဲ့ ခလရ (၅၅၀) တပ်ရင်းကို သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ ဗိုလ်မှူး တို့အပါအ၀င် စစ်ကောင်စီတပ်ဖွဲ့၀င် အမြောက်အမြားကို အသေဖမ်းမိခဲ့တယ်လို့ ရက္ခုင့်တပ်တော် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မောင်တောမြို့အနီးရောက်ရှိလာတဲ့ AAထိုးစစ်ကြောင့်စစ်တပ်ကပြည်သူ့ဆေးရုံကိုပိတ်ခိုင်းပြီးတပ်စွဲခံစစ်ပြင်

မတ်၊ ၅ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ပေါ်မှာရှိတဲ့ ခရိုင်ပြည်သူ့ဆေးရုံနဲ့ ပုဂ္ဂလိကဆေးခန်းတွေအားလုံးကို စစ်ကောင်စီက ပိတ်ခိုင်းပြီး ဆေးရုံဝင်းထဲမှာ စခန်းချနေယူထားတာကြောင့်တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ မောင်တောမြို့လယ် ပြည်သူ့ဆေးရုံမှာရှိတဲ့ လူနာတွေနဲ့ ဆေးရုံဝန်ထမ်းတွေအားလုံးကို နေရပ်ပြန်ခိုင်းပြီး စခန်းချနေတာလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်းကြား တိုက်ပွဲတွေမှာ ပါဝင်တာမရှိဘူးလို့ AA တုံ့ပြန်

မတ်၊ ၅   ချင်းပြည်နယ်၊ မရာဒေသထဲမှာ တော်လှန်ရေးအင်အားစုတွေအချင်းချင်း ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ပေးတာ မရှိဘူးလို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က မတ်လ ၄ ရက်၊ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်သားစုဆောင်းခံနေရတဲ့ ရိုဟင်ဂျာလူငယ်တွေ လာရောက်ခိုလှုံကြဖို့ ULA/AA တိုက်တွန်း

မတ်၊ ၅   စစ်ကောင်စီတပ်ရဲ့အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကို ခံနေရကြတဲ့ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာလူငယ်တွေအနေနဲ့ ရတဲ့နည်းလမ်းနဲ့ ရုန်းထွက်ပြီး လွတ်မြောက်၊ လုံခြုံတဲ့ နေရာတွေမှာ လာရောက်ခိုလှုံကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)က အကြံပေးတိုက်တွန်းပါတယ်။   ရခိုင်ပြည်အတွင်းက ရိုဟင်ဂျာတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖမ်းဆီးထားတဲ့ သူတွေကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ အေအေပြော

မတ်၊ ၄   ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်နဲ့ ရဲမိသားစုဝင်တွေကို အကောင်းဆုံး စောင့်ရှောက်ထားရှိတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ)က ဒီကနေ့မှာ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်လာပါတယ်။   အဲဒီလို ထုတ်ပြန်ထားတဲ့ ပုံတွေထဲမှာ စစ်ကောင်စီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ အပစ်အခတ်ရပ်စဲရေး မရှိသေးလို့ AA ဒုစစ်ဦးစီးချုပ်ပြော

မတ်၊ ၄   အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သတ်တဲ့ ဟိုင်ဂင်သဘောတူညီချက်က ရှမ်းမြောက်ဒေသနဲ့သာ သက်ဆိုင်ပြီး ရခိုင်ပြည်နယ်ပါဝင်တာ မရှိဘူးလို့ ရက္ခိုင့်တပ်တော် (AA)ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။   တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ “ဟိုင်ဂင် သဘောတူညီမှု” ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်မှုထမ်းဥပဒေလက်မခံဖို့ ရိုဟင်ဂျာတွေကို အေအေ တိုက်တွန်း၊ နိုင်ငံသားဖြစ်မှုနဲ့ လူ့အခွင့်အရေးရဖို့ ကြိုးပမ်းသွားမယ်လို့ ဆို

မတ်၊ ၄   ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာ (မိတ်တွေမူဆလင်အသိုင်းအဝိုင်းလို့ သုံးနှုန်း)တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းခိုင်းနေတဲ့အပေါ် ပြင်းထန်ပြတ်သားစွာ ဆန့်ကျင်ပြီး မှန်ကန်တဲ့ဘက်မှာ ရပ်တည်ကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)က ထုတ်ပြန်တိုက်တွန်းပါတယ်။   စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်းက ရာနဲ့ချီတဲ့ [ဆက်လက်ဖတ်ရှုရန်]