နိုင်ငံရေး

မဲစာရင်းကောက်နေတဲ့ စစ်ကောင်စီ လက်အောက်ခံအဖွဲ့ ပစ်ခတ်ခံရပြီး စစ်သားတဦးသေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က မြောကင်းကျေးရွာမှာ ဒီကနေ့ ဇန်နဝါရီ(၉)ရက် မနက်ပိုင်းက စစ်ကောင်စီရွေးကောက်ပွဲအတွက် မဲစာရင်းကောက်နေတဲ့ အဖွဲ့ကိုတိုက်ခိုက်ရာမှာစစ်သား တဦးသေပြီးတဦးဒဏ်ရာရခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။  စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်နေတဲ့အဖွဲ့တွေကို လုံခြုံရေးယူပေးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လောင်းလုံးမှာ ထန်းရည်လာဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရပြီး တဦးသေတယ်လို့ဆို

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် သကျက်တောရွာမှာ ဒီကနေ့ ဇန်နဝါရီ ၆ရက် မနက်ပိုင်းက အရပ်ဝတ်နဲ့ ထန်းရည် လာဝယ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရပြီး တဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီ ကသိရပါတယ်။ သရက်တောကျေးရွာနယ်မြေရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဟာ ရွာထိပ်နားကို ထန်းရည်လာဝယ်ချိန်မှာ အမည်မသိလက်နက်ကိုင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးက မင်္ဂလာဆောင်တခုမှာ ပေါက်ကွဲမှုဖြစ်လို့ ကလေးနှစ်ဦးအပါအဝင် ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ဝေဒီကျေးရွာအရှေ့ပိုင်းမှာ ဒီကနေ့ မနက်ပိုင်းက မင်္ဂလာဆောင်တခုအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားလို့ ကလေးနှစ်ဦးအပါအဝင် ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဝေဒီကျေးရွာ အရှေ့ပိုင်းက ဦးတင်သိန်းနဲ့ ဒေါ်အေးရှစ်တို့ရဲ့သားဖြစ်သူ မင်္ဂလာဆောင် ကျင်းပနေချိန် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လောင်းလုံးမှာ တပ်ကြပ်ကြီး တဦးနဲ့ ပျူစောထီးဆိုသူ နှစ်ဦးတရက်တည်း ပစ်ခတ်ခံရပြီးနှစ်ဦးသေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်တပ်ကတပ်ကြပ်ကြီးတဦးနဲ့ ပျူစောထီးအဖွဲ့ဝင်တွေလို့ဆိုတဲ့ အမျိုးသားနှစ်ဦး ဒီဇင်ဘာ (၂၈)ရက်မှာ တရက်တည်း ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးတယ်လို့  လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-LLPDF နဲ့ ဒေသခံတွေဆီက သိရပါတယ်။ လောင်းလုံးမြို့က ပျူစောထီးတွေလို့ဆိုတဲ့ ဦးစိုးသိန်းနဲ့သားမက်ဖြစ်သူ ဦးနိုင်ဦးတို့ဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လောင်းလုံးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုစည်းရုံးလှုပ်ရှားမှုလုပ်

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီကနေ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုစည်းရုံးရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလှုပ်ရှားမှုမှာ ဖက်ဒရက်ပြည်ထောင်စုအရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအရေး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးမြို့ ညောပြင်ရွာကိုစစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်က ရွာခံနှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ (၂၅) ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာသားနှစ်ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ လောင်းလုံး ဒေသခံတွေနဲ့ မြို့ခံတော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။ “ပစ်သတ်ခံရတဲ့လူဆိုရင် စစ်ကြောင်းထိုးဝင်လာတဲ့အခါမှာ သူကပုန်းနေတယ်လို့ပြောတယ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးမှာ ရေလမ်းကလာတဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ

တနင်္သါရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ရေလမ်းကလာတဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူတွေကို တိုက်ခိုက်ခဲ့ပြီး လေးဦးသေဆုံးတယ်လို့ လောင်းလုံးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ထားဝယ်ကနေ လောင်းလုံးမြို့ ကျောက်နီမော် ကျေးရွာဘက်ကို ရေလမ်းကလာနေတဲ့ ပျူစောထီးတွေကို နိုဝင်ဘာ(၂၃)ရက်က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်ခံရတဲ့အဖွဲ့မှာ စစ်ကောင်စီရေတပ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အသက်မပြည့်သေးတဲ့ လူငယ်တွေသေဆုံးရမှုကို ထည့်သွင်းဆန္ဒပြခဲ့တဲ့ လောင်းလုံးက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကဆိုင်ကယ်စီးလာတဲ့ လူငယ်တွေကို စစ်တပ်ကပစ်ခတ်ခဲ့လို့ အသက် ၁၂ နှစ်အရွယ်ကလေးငယ်တဦးအပါအဝင် လူငယ် ၂ ဦး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကို လောင်းလုံးမြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်မှာ ထည့်သွင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ သေနတ်အားကိုးနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်စိမ်းမြေမှာ သွေးသံတရဲရဲ တတိုင်းပြည်လုံးမှာ တောက်မယ့်မီးခဲ” စာသားနဲ့ လောင်းလုံးမြို့နယ်မှာ ဆန္ဒပြ

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ “ကျောက်စိမ်းမြေမှာ သွေးသံတရဲရဲ တတိုင်းပြည် လုံးမှာ တောက်မယ့်မီးခဲ” ဆိုတဲ့ စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုကို ဒီကနေ့ အောာက် တိုဘာ (၂၅)ရက်မနက် ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးမြို့နယ်မှာ အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ(လောင်းလုံးမြို့နယ်) ကအာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြ

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်မှာ အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ (လောင်း လုံးမြို့နယ်)က ဒီကနေ့အောက်တိုဘာ (၁၃)ရက် ညနေပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ(လောင်းလုံးမြို့နယ်)အဖွဲ့ဝင်တွေဟာ “ငါတို့ခေတ်ငါတို့ သွေး သား နဲ့တည်ဆောက်မယ်”ဆိုတဲ့ဘန်နာကိုင်ဆွဲပြီး လောင်းလုံးမြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ကော်မ တီရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]