နိုင်ငံရေး

မွန်ပြည်နယ်မှာ စစ်ကောင်စီက လိုင်စင်နဲ့ လက်နက်တွေ စတင်ထုတ်ပေးနေပြီ

ဧပြီ၊ ၄ မွန်ပြည်နယ်အတွင်းက လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားတဲ့သူတွေကို စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက လက်နက်တွေစတင် ထုတ်ပေးနေပြီးလို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေထံမှ သိရပါတယ်။   နိုင်ငံနဲ့အဝှန်းလက်နက်ကိုင်တော်လှန်မှုကြောင့် အင်အားနည်းပါးလာတဲ့ စစ်ကောင်စီဟာ အင်အားဖြည့်တင်းမှုတရပ်အနေနဲ့ သာမန်အရပ်သားတွေအပါအဝင် နိုင်ငံဝန်ထမ်းတွေပါ လက်နက်လိုင်စင်ထုတ်ပေးဖို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေးမြို့နယ်မှာ စစ်ကောင်စီနဲ့ PDF ပစ်ခတ်မှုအတွင်း အရပ်သားနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရ၊ တဦးစိုးရိမ်ရ

ဧပြီ၊ ၁ မွန်ပြည်နယ်၊ ရေးမြို့နယ် အဝေးပြေးကားလမ်းပေါ် ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ရာက အရပ်သားနှစ်ဦး ကျည်ထိမှန်ပြီး တဦးက အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ရေးမြို့နယ် ဘေးလမိုင်းကျေးရွာနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်ထီးရိုးဘုရားတောင်ပေါ်ရဟတ်ယာဉ်ကွင်းနေရာကိုစစ်ကောင်စီတပ်က လက်နက်ကြီးတပ်ဆင်၊ အင်အားတစ်ရာဝန်းကျင်တပ်စွဲထား

မတ်၊ ၃၁ မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ်က ကျိုက်ထီးရိုး ဘုရားတောင်ပေါ်အနီးရဟတ်ယာဉ်ကွင်းနေရာကိုပြီးခဲ့တဲ့မတ်လ၂၉ ရက်ကစပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးအချို့တပ်ဆင်ထားတဲ့အပြင်တောင်ပေါ်အနီးတဝိုက်ကို အင်အား ၁၀၀ ဝန်းကျင်ဖြင့်တပ်စွဲထားတယ်လို့တောင်ပေါ်စျေးဆိုင်ရှင်တွေပြောပါတယ်။ ” အမြှောက်တွေလားတော့မပြောတတ်ဘူး။ လာဆင်သွားတယ်။ သူတို့(စစ်တပ်)ပြောတာ အနီးကရွာတွေမှာPDF စခန်းတွေရှိလို့ပစ်ခတ်ဖို့လုပ်နေတာကြားခဲ့ရတယ်။ လက်နက်ကြီးတပ်ပြီးနောက်ပိုင်းရဟတ်ယာဉ်ကွင်းဘက်ကိုဘယ်သူမှလာခွင့်မပေးဘူး” လို့သူမကပြောပါတယ်။ ဒါ့အပြင်  [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သထုံခရိုင်မှာ လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း အရပ်သားနှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

မတ်၊ ၃၀   မွန်ပြည်နယ်၊ သထုံခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက နှစ်ရက်အတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   သေဆုံးခဲ့သူတွေဟာ သထုံမြို့နယ်က အသက်လေးဆယ်ကျော်အရွယ် ဦးစိန်သောင်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်ထို၊မရမ်းချောင်းစစ်ဆေးရေးဂိတ်ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ တဦးသေ

မတ်၊ ၂၇ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာမှာရှိတဲ့ မရမ်းချောင်စစ်ဆေးဂိတ်ဒရုန်းနဲ့ တိုက်ခိုက် ခံရ တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တဦးသေဆုံးကာ ငါးဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင် စီနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ မရမ်းချောင်စစ်ဆေးရေးဂိတ်ကို ဒီကနေ့ မတ် လ၂၇ ရက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သထုံမှာ ကုန်တင်ကားတစီးမိုင်းနင်းမိလို့ နှစ်ဦးဒဏ်ရာရ

မတ် ၊ ၂၄ မွန်ပြည်နယ်၊ သထုံမြို့နယ် ၊ကမာစိုင်ကျေးရွာမှာ မတ် ၂၃ ရက်၊ ည ၉ နာရီခန့်က ကြက်သွန်နီတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတစီး မိုင်းနင်းမိတာကြောင့် ယာဉ်မောင်းတဦးနဲ့ ယာဉ်နောက်လိုက်တဦးစုစုပေါင်းနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘီးလင်းမှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်တဦး ထိခိုက်ဒဏ်ရာရ

မတ်၊ ၂၁ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကရဝေးဆိပ်ကျေးရွာမှာ မနေ့မတ်လ ၂၁ ရက်ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့  လက်နက်ကြီးပစ်ခတ်မှုကြောင့်အမျိုးသားနှစ်ဦးသေဆုံးကာကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ မနေ့ည ၇နာရီကျော်လောက်မှာ  ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်အကြားမှာ ရှိတဲ့ သံတံတားစစ်ဆေးရေးဂိတ်နဲ့ စစ်ကောင်စီ အမှတ်(၃၁၀) [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘီးလင်းမှာ စစ်တပ်ရဲ့ လက်နက်ကြီးထိပြီး အသက်ခြောက်နှစ်အရွယ်ကလေးငယ်သေဆုံး

မတ်၊ ၁၉ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ မနေ့မတ်လ ၁၈ ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေပစ်ခတ်တဲ့လက်နက်ကြီးထိမှန်ပြီး အသက် ၆နှစ်အရွယ်ကလေးငယ်တဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ သထုံမြို့နယ်၊ အဆူးအင်းကျေးရွာအနီး ခရိုင်ချင်းဆက်လမ်းဘေးမှာ တပ်စွဲထားတဲ့ အမြောက်တပ်(၃၁၄)တပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘီးလင်းမြို့နယ်ဘက်ခြမ်း ရွှေရောင်ပြကျေးရွာအုပ်စုဘက်ကို လက်နက်ကြီးသုံးလုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင့်ကလေးငယ်ဆီလက်နက်ကြီးထိမှန်ခဲ့တာလို့ဆိုကြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေဦးမှာ အိမ်စီးကားတစီးအပစ်ခံရပြီး တဦးသေဆုံး၊ ကလေးငယ်တဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

မတ်၊ ၁၅ မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာအနီးမှာ ဒီကနေ့ (မတ် ၁၅ ရက်) နံနက်ပိုင်းက အိမ်စီးကားတစီးပစ်ခတ်ခံရတာကြောင့် အမျိုးသားတဦးသေဆုံးပြီး ကလေးငယ်တဦးအပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ လူသုံးဦးလိုက်ပါစီးနင်းလာတဲ့ အိမ်စီးကားကို ကျောင်းရွာကျေးရွာအနောက်ဘက်လမ်းမပေါ်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မော်လမြိုင်၊ သထုံနဲ့ ပေါင်မြို့နယ်တွေမှာ စစ်ကောင်စီက တပတ်အတွင်း ဆယ်ဦးထက်မနည်းဖမ်းဆီး

မတ်၊ ၁၃ မွန်ပြည်နယ်က မော်လမြိုင်၊ သထုံနဲ့ ပေါင်မြို့နယ်တွေမှာစစ်ကောင်စီတပ်ဖွဲ့တွေက ယခုရက်ပိုင်းအတွင်း အဖမ်းအဆီးပိုစိပ်လာပြီး ဖမ်းဆီးခံရတဲ့သူတွေ အများစုက မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ‘’သူတို့အားလုံးကို စစ်ကောင်စီက နေအိမ်မှာ ဧည့်စာရင်းဝင်စစ်ရာမှ အဖမ်းခံရတာ၊ [ဆက်လက်ဖတ်ရှုရန်]