နိုင်ငံရေး

မုန်တိုင်းသင့် ဒေသတွေအတွက် သြစတြေးလျက ကန်ဒေါ်လာ ဆယ်သန်းခွဲ ကူညီမယ်

ဇွန်၊ ၂၅   ဆိုင်ကလုန်း မိုခါမုန်တိုင်း သင့်ခဲ့ရတဲ့ မြန်မာနိုင်ငံကို လူသားချင်စာနာမှု အကူအညီ အမေရိကန်ဒေါ်လာ ဆယ်သန်းခွဲ ထောက်ပံ့ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက ဇွန်လ ၂၅ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပါကစ္စတန်မှာ အရေးပေါ် ကြိုတင် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေ

ဇွန်၊ ၁၃ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတခု ချဉ်းကပ်လာနေတာကြောင့် ပါကစ္စတန် နိုင်ငံမှာ လူပေါင်း ၈ သောင်းကျော်ကို အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်စေခဲ့ကြောင်း သိရပါတယ်။ ဘီပါဂျွိုင်လို့ နာမည်ပေးထားတဲ့ ဆိုင်ကလုန်းဟာ လက်ရှိ အချိန်မှာ လေတိုက်နှုန်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုန်တိုင်းသင့်လယ်ယာတွေ ပြန်လည်စိုက်ပျိုးဖို့ အခက်ကြုံနေရတဲ့ ပုလဲနယ်က တောင်သူများ

ဇွန်၊ ၆   စစ်ကိုင်းတိုင်း၊ ပုလဲ မြို့နယ်အတွင်းက မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ လယ်ယာစိုက်ခင်းတွေအတွက် အကူအညီတွေ မရသေးတာကြောင့် ပြန်လည်စိုက်ပျိုးနိုင်ဖို့ အခက်တွေ့နေကြတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။   “ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ နှမ်းတွေသာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဆိုင်ကလုန်းဒဏ်ခံ ပြည်သူတွေအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်းပေး

မေ၊ ၂၉ ဆိုင်ကလုန်း မုန်တိုင်း မိုခါရဲ့ဒဏ်ကို သက်ရောက် ခံစားခဲ့ရသူတွေအတွက် ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့သလို အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းတွေ အမြန်ဆုံး ပို့ဆောင်ပေးဖို့လည်း တောင်းဆိုသွားခဲ့ပါတယ်။ အာဂျင်တီးနားသား ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ မကြာသေးခင် ရက်ပိုင်းက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းတပ်မြို့နယ်က မုန်တိုင်းသင့်ဒေသခံတွေ အရေးပေါ်အကူအညီတွေမရသေး

မေ ၊ ၂၆  မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် အဆောက်အဦပေါင်း (၁၃၀၀)ကျော်အထိထိခိုက်ပျက်စီးခဲ့တဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က မုန်တိုင်းသင့်ပြည်သူတွေဟာ လက်ရှိအချိန်အထိပုဂ္ဂလိကအလှူူရှင်တချို့ရဲ့ အလှူငွေကလွဲလို့ အကူအညီအထောက်အပံ့ရတာမရှိသေးဘူးလို့ဒေသခံတွေကပြောကြပါတယ်။ လက်ရှိအချိန်အထိ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စီမံခန့်ခွဲမှုကော်မတီကတဆင့် လှူဒါန်းထားတဲ့ ကျပ်(၇၅)သိန်း ကိုသာ ရရှိထားပြီး မုန်တိုင်းကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မုန်တိုင်းဒဏ်ခံ ပြည်သူတွေကို သွားရောက် ကူညီခွင့်ပေးဖို့ စစ်ကောင်စီကို ကုလသမဂ္ဂ တောင်းဆို

မေ၊ ၂၅   ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဒေသတွေဆီ အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်နိုင်ဖို့အတွက် အသွားအလာ ကန့်သတ်မှုတွေကို ဖယ်ရှားပေးဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာကမုန်တိုင်းသင့်ဒေသတွေအတွက် အမေရိကန်က ကန်ဒေါ်လာဆယ့်ခုနစ်သန်း ထပ်မံကူညီမယ်

မေ၊ ၂၄   မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံက ပျက်စီးဆုံးရှုံးမှုတွေကို တုံ့ပြန်ဆောင်ရွက်နိုင်ရေး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအဖြစ် ကန်ဒေါ်လာ (၁၇)သန်းနီးပါး ထပ်တိုးကူညီသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။   အဲ့ဒီကူညီထောက်ပံ့မှုကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)ကတဆင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုန်တိုင်းသင့်ပြည်သူတွေကိုကူညီနေတဲ့ စာရေးဆရာဝေဟင်အောင် ဖမ်းဆီးခံရ

မေ၊ ၂၃   ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ သောက်သုံးရေရရှိရေးတို့အတွက် အလှူငွေတွေကောက်ခံကာ ကူညီပေးနေတဲ့ စစ်တွေမြို့က စာရေးဆရာ ဝေဟင်အောင်ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ မေလ ၂၃ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ မုန်တိုင်းကြောင့်ပျက်သွားတဲ့ စာသင်ကျောင်းတွေ မပြင်နိုင်သေးဘဲ ကျောင်းအပ်လက်ခံခိုင်းနေ

မေ၊ ၂၃   အာဏာသိမ်းစစ်ကောင်စီဟာ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ရတဲ့ စာသင်ကျောင်းပေါင်း ထောင်ချီရှိတဲ့ ရခိုင်မှာ ကျောင်းဆောင်တွေကို ပြန်လည်ပြင်ဆင်၊ တည်ဆောက်ပေးတာမျိုး မလုပ်ပေးသေးဘဲ ကျောင်းအပ်လက်ခံခိုင်းနေတယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောကြပါတယ်။   “ ဒီနေ့စပြီး ကျောင်းအပ်လက်ခံကြရတယ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မြောက်ပိုင်းမြို့နယ်တွေမှာ မုန်တိုင်းအပြီးဆယ်ရက်ခန့်ကြာတဲ့အထိ လျှပ်စစ်မီးမရရှိသေး

မေ၊ ၂၃  အားကောင်းတဲ့  ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကျရောက်ခဲ့တဲ့ ရခိုင်ပြည်မြောက်ပိုင်းမြို့နယ်တွေမှာ မုန်တိုင်းအပြီးဆယ်ရက်ခန့်ကြာတဲ့ လက်ရှိအချိန်ထိလျှပ်စစ်မီးပြတ်တောက်နေပြီး ဖုန်းနဲ့ လျှပ်စစ်မီးသီးတွေကို ကျပ်တထောင်အထိပေးပြီး အားသွင်းနေရတာတယ်လို့ ဒေသခံတွေကပြောပါတယ်၊၊ ‘’စစ်တွေက မြို့နယ်အတော်များများမှာတော့လျှပ်စစ်မီးမရသေးပါဘူး။ နောက်ထပ် ခုနှစ်ရက်၊ ရှစ်ရက် ကြာမယ်ကြားတယ်’’ [ဆက်လက်ဖတ်ရှုရန်]