နိုင်ငံရေး

မန္တလေးအိုးဘိုအကျဉ်းထောင်က ၅၀၅-က အကျဉ်းသား ၅၆၉ ဦးလွတ်မြောက်

မေ၊ ၃ စစ်ကောင်စီက ဒီကနေ့ ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)ကနေ ၅၀၅-က အကျဉ်းသား စုစုပေါင်း ၅၆၉ ဦး ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အဲဒီလိုအကျဉ်းထောင်က လွတ်မြောက်လာသူတွေဟာ ဆူပူအောင်လှုံ့ဆော်မှု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ ဓားခုတ်လုယက်ခံရလို့ အမျိုးသားတဦးသေဆုံး၊ တဦးပြင်းထန်ဒဏ်ရာရ

ဧပြီ၊ ၂၉   မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ မနေ့ကညပိုင်းက ဓားနဲ့ထိုးပြီး ဆိုင်ကယ်အလုခံရတဲ့ အမျိုးသားတဦး ဓားဒဏ်ရာကြောင့် သေဆုံးသွားသလို နောက်ထပ်အမျိုးသားတဦးကတော့ ပြင်းထန်ဒဏ်ရာတွေ ရထားတယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။   မဟာအောင်မြေမြို့နယ် ၈၂ လမ်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အခုလအတွင်းနိုင်ငံတဝန်းမှာ လူဆယ့်တဦးထက်မနည်းလဲကျသေဆုံးခဲ့

ဧပြီ၊ ၂၈ နိုင်ငံတဝန်း အပူချိန်တွေ စံချိန်တင်မြင့်တက်နေတဲ့ အခုလအတွင်း ဒေသအသီးသီးမှာ ပြင်ပဒဏ်ရာမရှိဘဲ လဲကျ သေဆုံးသူ (၁၁)ဦးထက်မနည်းရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီကသိရပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့တွေအပါအဝင် နိုင်ငံတဝန်းမြို့အများစုမှာ အပူချိန်တွေမြင့်တက်ခဲ့တဲ့ အခုလအတွင်း သက် ကြီးပိုင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမြို့မှာ ကားတစီးပေါက်ကွဲမှုဖြစ်၊ ယာဉ်မောင်းသေဆုံး

ဧပြီ၊ ၂၅   မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ဧရာဝတီမြစ်တာရိုးပေါ် စစ်ကိုင်း-မန္တလေးသွားကားလမ်းမပေါ်မှာ မော်တော်ယာဉ်တစီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကားမောင်းလာတဲ့ အမျိုးသားတဦး သေဆုံးတယ်လို့ စစ်အုပ်နဲ့နီးစပ်သူတွေနဲ့ ဒေသခံတွေက DNA အတည်ပြုပြောဆိုပါတယ်။   ဒီကနေ့ နေ့ခင်း ၂ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်နဲ့ မန္တလေးမှာ အပူတိုးလာလို့ ဟိုတယ်၊ တည်းခိုခန်းတွေမှာ အပူရှောင်နေထိုင်လာကြ

ဧပြီ၊ ၂၁ ရန်ကုန်၊မန္တလေးရှိ ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ မီးပျက်တာနဲ့ အပူဒဏ်ကိုရှောင်ဖို့ လာရောက်တည်းခိုကြတဲ့သူတွေ များပြားလာတာကြောင့် အခန်းတွေပြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။  ယခုရက်ပိုင်း ရန်ကုန်၊ မန္တလေးနဲ့ နေရာဒေသအတော်များများမှာ လျှပ်စစ်မီး ဆိုးရွားစွာပြတ်တောက်နေပြီး အပူချိန်အလွန်မြင့်တက်နေတာကြောင့်  ဒေသခံတွေ အပူဒဏ်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ အမျိုးသားတဦး အပူဒဏ်ကြောင့် မူးလဲကာ သေဆုံး

ဧပြီ ၊ ၂၁  မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းကရာသီဥတုပူပြင်းမှုကြောင့် အ သက် လေးဆယ်အရွယ် အမျိုးသားတဦး လဲကျသေ ဆုံးမှုဖြစ်ခဲ့တယ်လို့ လူမှုကူညီရေးလုပ်နေသူ တွေဆီကသိရပါတယ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်းနဲ့ ၈၂ လမ်းမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုသိမ်ကြီးမှာ ယူနီဖောင်းနဲ့ ဈေးဝယ်ထွက်လာတဲ့ စစ်သားတွေပစ်ခတ်ခံရပြီးတဦးသေ

ဧပြီ၊ ၂၀   မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-မတ္တရာ ကားလမ်းမပေါ်ရှိ မြကန်သာရွာဈေးထဲ ယူနီဖောင်းနဲ့ ဈေးထွက်ဝယ်တဲ့ စစ်အုပ်စု ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိတယ်လို့ ပစ်ခတ်မှုကိုလုပ်ဆောင်ခဲ့တဲ့ နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့) မှ ဗိုလ်နတ်ဆိုးက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

NLD အစိုးရ ပြန်သိမ်းယူထားတဲ့ နိုင်ငံပိုင်မြေကွက်တွေကို စစ်အုပ်စုကအကွက်ရိုက်ရောင်းဖို့ ပြင် နေ

ဧပြီ၊ ၁၈   ပြည်ခိုင်ဖြိုးပါတီအစိုးရက လက်သင့်ရာကို အမည်ပေါက်ဂရန်တွေ ထုတ်ပေးခဲ့ပြီး NLD အစိုးရလက်ထက်မှာ နိုင်ငံပိုင်အဖြစ် ပြန်သိမ်းယူခဲ့တဲ့ မြေကွက်တွေထဲက တချို့ကို စစ်ကောင်စီက အကွက်ရိုက်ရောင်းဖို့ စီစဥ်နေတယ်လို့ မန္တလေးမြို့ခံတွေက DNA ကိုပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးက အထည်ဆိုင်ပိုင်ရှင် မိသားစုဝင်သုံးဦး ဖမ်းဆီးခံရပြီး နေအိမ်ချိပ်ပိတ်ခံရ

ဧပြီ၊ ၆   စစ်ကောင်စီက မန္တလေးမြို့ခံ အထည်ဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးအပါအဝင် မိသားစုဝင်သုံးဦးကို ဖမ်းဆီးခဲ့ပြီးနောက် နေအိမ်ကိုပါ ချိပ်ပိတ်သွားတယ်လို့ အဲဒီဖြစ်စဉ်ကိုသိရှိတဲ့ မန္တလေးမြို့ခံတွေက DNA ကိုပြောပါတယ်။   အောင်မြေသာစံမြို့နယ် ပြည်လုံးချမ်းသာရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးမြို့က NLD ပါတီ တိုင်းရုံးနဲ့ မြို့နယ်ရုံးက ပါတီဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

ဧပြီ၊ ၆ မန္တလေးမြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ (NLD) ရဲ့ တိုင်းဒေသကြီးရုံးနဲ့ ပုသိမ်ကြီးမြို့နယ်ရုံးက ပါတီဆိုင်းဘုတ်တွေကို လူတစုက ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေကပြောဆိုပါတယ်။   ဧပြီ ၃ ရက်နေ့ ညနက်ပိုင်းအချိန်မှာ ချမ်းအေးသာစံမြို့နယ် ၆၂လမ်းနှင့် ၃၃လမ်းအနီးရှိ [ဆက်လက်ဖတ်ရှုရန်]