ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့နယ်ကန်ရွာကို စစ်ကောင်စီက ဗုံးကြဲလို့ ဒေသခံတွေထွက်ပြေးနေရ၊တိုက်ပွဲလည်းဖြစ်နေ

မတ်၊ ၃၁ မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကန်ရွာကို ဒီကနေ့ မတ်လ ၃၁ ရက်မနက်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီး ၊ MI 35 တစီးနဲ့လေကြောင်းကနေလာရောက်ပစ်ခတ်တဲ့အတွက် ကန်ရွာကဒေသခံတွေ ဘေး လွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။  ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကန်ရွာရဲစခန်းကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေစကြိုမီးလောင်ကျွန်းမြောက်ရွာမှာအရပ်သားတဦးအသတ်ခံရပြီးတဦးပျောက်ဆုံးနေ

မတ်၊ ၂၁ မကွေးတိုင်း၊ရေစကြိုမြို့နယ်ထဲကရေလယ်ကျွန်းရှိမီးလောင်ကျွန်းမြောက်ရွာကို ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ မနက် ၆ နာရီလောက်မှာပဲစစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်စီးနင်းကာအသက် ၅၈ နှစ်အရွယ် ဒေသခံတဦးကိုပစ်သတ်ခဲ့သလို တဦးပျောက်ဆုံးနေပြီး အနီးအနားရွာကစစ်ရှောင်လာနေကြတဲ့ပြည်သူတွေကိုလဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ “ရွာခေါင်းရင်းကနေပစ်ခတ်ပြီးဝင်ချလာတာလာ။လာရှောင်နေကြတဲ့ရွာကပြည်သူတွေကပြေးဖို့လွှားဖို့ကျတော့နယ်မြေမကျွမ်းတော့အကုန်ပိတ်မိကုန်ပြီးအဖမ်းခံရတာ။ဦးမောင်ဟန်ကိုကျအနောက်ကနေပစ်သွားတာအလောင်းတွေ့တော့ဘုန်းကြီးကျောင်းနားမှာပဲ။ဖမ်းခံရတဲ့သူတွေတော့သူတို့ပြန်ထားခဲ့တယ်”လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်လာစဉ်မှာပဲကျေးရွာဘုန်းကြီးကျောင်းထဲမှာစစ်ရှောင်ရင်းရောက်ရှိနေတဲ့ရွှေလှိုင်၊ဇရပ်နီအစရှိတဲ့ကျေးရွာတွေကကအရပ်သားတွေအပါအဝင်ဒေသခံတွေကိုပစ်ခတ်ဖမ်းဆီးတာတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖမ်းမိတဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုအသုံးချမျှားခေါ်ပြီးစစ်ကောင်စီကပစ်ခတ်လို့ ပီဒီအက်ဖ်ငါးဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာရ

မတ် ၊ ၂၀ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေ ကျွန်းချောင်းအခြေစိုက်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ် ဦးကို စစ် ကောင်စီတပ်တွေရဲ့ကင်းပုန်းတွေကဖမ်းဆီးပြီးတခြားတပ်ဖွဲ့ဝင်တွေကိုမျှားခေါ်ကာသတ်ဖြတ်ခဲ့တာကြောင့်ငါးဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့(ပခုက္ကူခရိုင်PDF တပ်ရင်း ၁၃)က တပ်ဖွဲ့ဝင်နှစ်ဦးဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပေါက်မြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ အဖွားအို ၂ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

မတ်၊ ၁၀ မကွေးတိုင်း၊ ပေါက်မြို့၊ ညောင်ဝန်းစုကျေးရွာကို မတ်လ ၉ရက်မနေ့က နံနက် ၅နာရီ အချိန်ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၁၅၀)ခန့်မှ စစ်ကြောင်းထိုးလာစဉ် လက်နက်ကြီးနဲ့ ပစ်လို့အဖွားအို ၂ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထီးလင်းနယ် ထလင်းရွာကို စစ်ကောင်စီတပ်က စီးနင်းပြီး ရိက္ခာတွေလုယူ၊ နေအိမ်တချို့မီးရှို့

မတ်၊ ၇ မကွေးတိုင်းဒေသကြီး၊ ယောဒေသ ထီးလင်းမြို့နယ်၊ ထလင်းရွာကို ဒီကနေ့ မတ်လ ၇ ရက် မနက် ၆ နာရီဝန်းကျင်မှာ အင်အားလေးဆယ်ကျော်ပါ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ရိက္ခာတွေ လုယက်ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေနံချောင်းမှာ ရေဆင်းကူးသူ ကိုးဦးရေနစ်ရာက လေးဦးပျောက်ဆုံး၊တဦးအလောင်းပြန်တွေ့

မတ်၊ ၇ မကွေးတိုင်း၊ရေနံချောင်းမြို့၊ညောင်လှဆိပ်ကမ်းမှာ ရေဆင်းကူးရာက ဒေသခံကိုးဦး ရေနစ်ခဲ့ပြီး ငါးဦးကို ကယ် ဆယ်နိုင်ခဲ့ပေမယ့် လေးဦးကတော့ ရေနစ်ပျောက်ဆုံးသွားတယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိ ရပါတယ်။ ပျောက်ဆုံးသူ လေးဦးထဲက တဦးရဲ့ရုပ်အလောင်းကိုတော့ ဒီကနေ့ မတ်လ ၇ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ဖမ်းသွားတဲ့ ဆောဒေသခံသုံးဆယ်ကျော် တပတ်ကြာတဲ့အထိပြန်မလွှတ်သေး

မတ်၊ ၃ မကွေးတိုင်း၊ ဆောမြို့နယ်၊ သရက်ချဉ်ရွာက အရပ်သား (၃၂) ဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၅ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး တပတ်အကြာ မတ်လ ၃ ရက် ဒီကနေ့အထိ ပြန်မလွတ်ကြသေးဘူးလို့ ဆောဒေသခံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယောဒေသမှာ တလအတွင်း တိုက်ပွဲဆယ်ကြိမ်ထက်မနည်းဖြစ်

ဖေဖော်ဝါရီ၊ ၂၈ မကွေးတိုင်း၊ယောဒေသ၊ ဂန့်ဂေါ၊ကျောက်ထု၊ ထီးလင်းစတဲ့မြို့နယ်တွေမှာ ဖေဖေါ်ဝါရီလအတွင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဆယ်ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေဆီကသိရပါတယ်။  “တိုက်ပွဲတွေကဖြစ်နေတာပဲ၊တော်တော်တန်တန်တော့မထုတ်ပြန်ကြတော့ဘူး၊ ဟိုတလောကပဲ လယ်ကြီး ဘက် မှာ စနိုက်ဘာနဲ့ပစ်လို့ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

ပေါက်နယ်မှာ စစ်တပ်တိုက်ခိုက်ခံရပြီး စစ်သားလေးဦးသေဆုံး၊ ပြည်သူသုံးထောင်ကျော်စစ်ဘေးရှောင်နေရ

ဖေဖာ်၀ါရီ၊ ၂၅ မကွေးတိုင်း၊ ပေါက်မြို့နယ် ၊ ရေပြာကျေးရွာကနေစစ်ကြောင်းထိုးလာတဲ့ အင်အား၁၅၀ပါ စစ်ကောင် စီစစ် ကြောင်း ကို ဖေဖော်ဝါရီ ၂၄ရက် မနေ့မနက်ပိုင်းက ရေတိမ်ကျေးရွာနဲ့ကျွန်းတော ကျေးရွာကြားမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်သားလေးဦးသေဆုံးသွားတယ်လို့ ဒေသအခြေစိုက် ပြည်သူ့တော်လှန်ရေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပခုက္ကူမှာ လေးရက်ကြာပျောက်ဆုံးနေတဲ့ကလေး ရုပ်အလောင်းပြန်တွေ့

မကွေးတိုင်း၊ ပခုက္ကူမြို့က စက်သုံးဆီဆိုင်တဆိုင်မှာ ဆီလာပို့ရင်းကပျောက်နေတဲ့ ဆီတင်ကားယာဥ်မောင်းရဲ့ ခြောက်နှစ်အရွယ်သားဖြစ်သူကို ရေကန်ဟောင်းထဲက အလောင်းပေါ်လာမှ ပြန်တွေ့ရတယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။ ပခုက္ကူမြို့က NEW Day စက်သုံးဆီဆိုင်မှာ ဆီလာပို့တဲ့ ဆီဘောင်ဆာယာဉ်မောင်းဟာ ဖေဖော်ဝါရီ (၁၈)မှာ ဆီပို့ပြီးနောက် [ဆက်လက်ဖတ်ရှုရန်]