ပုသိမ်ထောင်တွင်းအကြမ်းဖက်မှုမှာ ဒဏ်ရာရသူတွေအသက်အန္တာရာယ်စိုးရိမ်နေရ၊ အကျဥ်းသားတဦးရဲ့ ဇနီးကိုလည်းစစ်ကောင်စီကဖမ်းဆီးထား
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ရက်နေ့မှာဖြစ်ခဲ့တဲ့ ပုသိမ်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေကရိုက်နှက်တဲ့ဖြစ်စဉ်မှာ တဦးသေဆုံးပြီး ဒဏ်ရာရသူ ၉ဦးဟာ အသက်အန္တာရာယ်စိုးရိမ်နေရတယ်လို့ ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။ ဒါ့အပြင် ဒဏ်ရာပြင်းထန်သူတွေထဲကနောက်ထပ်တဦးဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် ကိုဝင်းမင်းထက်(ခ)မဲကြီးဟာလည်း ထပ်မံသေဆုံးသွားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပြီး ဒါကိုတော့အတည်မပြုနိုင်သေးဘူးလို့သိရပါတယ်။ ” [ဆက်လက်ဖတ်ရှုရန်]