နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့အစီအစဉ်ကို ယာယီရပ်နားပြီးတဲ့နောက် ပြည်ပကိုအလုပ်သွားလုပ်မယ့်MOU လုပ်သားတွေကို အထူးအစီအစဉ်အနေနဲ့ နိုင်ငံကူးလက်မှတ်တွေဆက်ထုတ်ပေးနေတဲ့အစီအစဉ်ကိုလာမယ့် ဇန်နဝါရီ ၁၇ရက်ကစပြီးရပ်ဆိုင်းတော့မယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ဆီကသိရပါတယ်။ “ဘာတွေမှန်းမသိဘူး။အခုတော့အကုန်လုပ်မရတော့ဘူး။ပြည်ပထွက်ဖို့လမ်းကြောင်းပိတ်ကုန်ပြီ။ အေဂျင်စီတွေလည်းဘာဆက်လုပ်ရမှန်းမသိတော့ဘူး”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ရဲ့ ဒီကနေ့ ဇန်နဝါရီ ၁၆ ရက်ထုတ်ပြန်ချက်မှာတော့ ပြည်ပအလုပ်အကိုင်အေဂျင်စီအားလုံးကို [ဆက်လက်ဖတ်ရှုရန်]