
ဆေးကုခွင့် ကန့်သတ်ခံထားရတဲ့ စစ်တွေ ရိုဟင်ဂျာစခန်းတွေမှာ ဝမ်းရောဂါကြောင့် သေဆုံးသူ တရာနီးပါးရှိလာ
ဧပြီ၊ ၂၁ စစ်တွေမြို့နယ်အတွင်းက ရိုဟင်ဂျာကျေးရွာနဲ့ ဒုက္ခသည်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူတွေ အများအပြားရှိနေပြီး နှစ်ပတ်ကျော်အတွင်း သေဆုံးသူ တရာနီးပါးအထိ ရှိနေပြီလို့ စာရင်းကောက်ယူနေသူတွေနဲ့ဒေသခံတွေက ပြောပါတယ်။ ဝမ်းရောဂါကြောင့် သေဆုံးရသူတွေထဲမှာ အသက်ငါးနှစ်အောက် ကလေးငယ်တွေအများစုပါဝင်ပြီး လူကြီးတွေပါ သေဆုံးမှုရှိလာနေတယ်လို့ ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]