နိုင်ငံရေး

ပုလောက ကဒဲရွာကိုစစ်တပ်ကစီးနင်းပြီးနောက် သံဃာနှစ်ပါးအပါအဝင်လူဆယ်ချီကိုဖမ်းဆီးသွား

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ထဲကို  စစ်ကောင်စီတပ်တွေက အခုရက်ပိုင်းအတွင်းမှာ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေပြီး ကဒဲရွာကိုတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က စီးနင်းတိုက်ခိုက်ခဲ့ကာ နေအိမ်အလုံး ၇၀ထက်မနည်းကို မီးရှို့သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်က ကဒဲရွာကိုစီးနင်းမှုမှာ အင်အားအလုံးအရင်းနဲ့ဝင်ရောက်စီးနင်းတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း ဆုတ်ခွာပေးခဲ့ရတယ်လို့ ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီရဲ့ ဖိနှိပ်ပိတ်ဆို့မှုတွေကြောင့် ထားဝယ်မြို့အနီးကကျေးရွာတွေမှာ အလုပ်အကိုင်တွေခက်ခဲလာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီးတဝိုက်ကကျေးရွာတွေမှာစစ်ကောင်စီကပိတ်ဆို့စစ်ကြောင်းထိုးစစ်ဆေးနေတွေကြောင့် ဒေသခံတွေအလုပ်အကိုင်တွေ ကျပ်တည်းခက်ခဲလာတယ်လို့ဆိုကြပါတယ်။ ထားဝယ်မြို့ပေါ်နဲ့ အနီးအနားကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက မြို့တွင်းမြို့ပြင်မှာလုံခြုံရေးတင်းကျပ်ထားတာတွေအပြင် အကြောင်းမဲ့ပစ်ခတ်တာတွေ၊ ဖိအားပေးငွေကောက်ခံတာတွေလုပ်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ ‘’ အလုပ်အကိုင်ကျပ်တည်းက မြို့ထဲမှာဆိုလည်း ဂိတ်တွေရှိတယ်လေ၊ သွားရလာရအဆင်မပြေဘူး။ အလုပ်သွားမယ်ဆိုလည်း ဂိတ်တွေဖြတ်ရမှာဆိုတော့မသွားရဲဘူး။ သူတို့ကမထင်ရင်မထင်သလိုပစ်တာလေ။ နေ့စားလုပ်တဲ့လူတွေဆိုလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းမှာ အရပ်သား သုံးရာကျော်သေဆုံး

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းမှာ  ပဋိပက္ခဖြစ်စဉ်တွေကြောင့် အရပ်သားသေဆုံးမှုသုံးရာကျော်ထိရှိလာတယ်လို့ တနင်္သာရီတိုင်းအတွင်းကသတင်းတွေကိုသုတေသနပြုစုထားတဲ့ Southern Monitor ရဲ့စစ်တမ်းအရသိရပါတယ်။   စစ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာ၊ စစ်ကောင်စီတပ်ဖွဲ့တွေစစ်ကြောင်းထိုးလာချိန် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ရတာနဲ့ သာမာန်ပြည်သူတွေကိုလုံခြုံရေးအကြောင်းပြချက်နဲ့ပစ်ခတ် သတ်ဖြတ်ခဲ့တာတွေကြောင့် အရပ်သားပြည်သူတွေသေဆုံးခဲ့ရတာလို့ဆိုပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလောမှာ မြို့ပေါ်စစ်ဆင်ရေးစနေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ထဲက ပုလောမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေကြား ဒီကနေ့ ဒီဇင်ဘာ ၈ ရက်မနက်ပိုင်းကစလို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။   ဒီကနေ့မနက်ပိုင်းမှာ  ပုလောမြို့မြို့တော်ခန်းမ၊ ပုလောမြို့အထွက်က စစ်ကောင်စီတပ်စခန်းနဲ့ ပုလောကုန်းကျေးရွာတွေဘက်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ KNU KNDO [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်-ထီးခီလမ်းပိုင်းကို ဒီနေ့ကစပြီး လုံးဝအသုံးမပြုဖို့ DDPDFထုတ်ပြန်

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်-ထီးခီးလမ်းပိုင်းကို ဒေသခံတွေနဲ့ခရီးသွားပြည်သူတွေအနေနဲ့ ဒီကနေ့ဇူလိုင် ၅ရက်ကနေစပြီး လုံးဝအသုံးမပြုဖို့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး-DDPDFအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ထားဝယ်ခရိုင်အတွင်းက ပြည်သူတွေအနေနဲ့ ထားဝယ်-ထီးခီးလမ်းပိုင်းကို ဒီကနေ့ ဇူလိုင် ၅ရက်ကနေ ဇူလိုင် ၁၁ရက်အထိ အသုံးမပြုဖို့နဲ့ သတ်မှတ်ရက်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ပတ်သက်မှုတစ်စုံတရာကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တနင်္သာရီတိုင်း၊ လယ်သစ်မှာ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က နှစ်ဦးသေ

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ လယ်သစ်ရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထပ်မံတိုက်ပွဲဖြစ်ပွားရာမှာ အကြမ်းဖက်စစ်တပ်ဘက်က နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့-ပြန်ကြားရေးက ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်တပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြားတိုက်ပွဲဟာ ဇူလိုင်၂ ရက်နေ့၊ နေ့လည် ၁ နာရီခွဲအချိန်ကနေ စဖြစ်ခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလောက ကုန်မာဆိုင်ပိုင်ရှင် ၅ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့က ကုန်မာဆိုင်ပိုင်ရှင် ၅ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ် ။ ဇွန်လ ၁၅ ရက်နေ့ညပိုင်းက ၁ ဦးနဲ့ ဇွန်လ ၁၆ ရက်နေ့ မနက်အစောပိုင်းမှာ ၄ ဦး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တပ်ရွှေ့ပြောင်းတဲ့ စစ်အုပ်စုကို တောကြီးမြွေဟောက်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာနဲ့ကျောက်ပုဇွန်တောင်မှာ တပ်ရွှေ့ပြောင်းတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ တောကြီး မြွေဟောက်တပ်ဖွဲ့(King Cobra Force)အဖွဲ့က ဇွန် ၆ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကား ၃ စီးပျက်စီးပြီး ၁၀ ဦးခန့် ထိခိုက်သေဆုံးနိုင်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]