မေ၊ ၄ မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်ထဲက၊ထုံးကြီးရွာမှာမနေ့ကပြုလုပ်ဖို့စီစဥ်နေတဲ့ကဆုန်လပြည့်နေ့ညောင်ရေသွန်းပွဲနဲ့ညတရားသဘင်ပွဲကိုစစ်ကောင်စီလက်အောက်ခံရဲစခန်းမှူးနဲ့ပျူစောထီးခေါင်းဆောင်တွေကလာရောက်တားမြစ်တာကြောင့် ပွဲပျက်ခဲ့ရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ မနေ့ကထုံကြီးရွာဦးစေတီမှာပြုလုပ်မယ့် ကဆုန်ညောင်ရည်သွန်းပွဲနဲ့ ညတရားပွဲအစီအစဥ်ကို လူစုလူ ဝေးဖြစ် တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ထုံးကြီးရဲစခန်းကစခန်းမှူး၊တောင်အင်းရွာ၊ရေတော်ရွာတို့ကပျူစောထီးခေါင်းဆောင်တွေလာရောက်ပြီး မလုပ်ဖို့တားမြစ်ခဲ့တာလို့ဆိုပါတယ်။ “မနေ့ကပွဲကတော့ပျက်သွားတာပေါ့၊အကုန်စီစဥ်ပြီးမှ၊မနက်ပိုင်းရောက်ချလာတာရွာကအကျိုးတော်ဆောင်တွေဆီတိုက်ရိုက်လာပြောတာပေါ့၊အကြောင်းပြချက်ကတော့လူစုလူဝေးဖြစ်မယ်ဘာညာပေါ့၊စခန်းမှူး သောင်းထိုက်ဦးပါတယ်၊တောင်အင်းနဲ့ရေတော်ရွာကပျူစောထီးခေါင်းဆောင်နှစ်ယောက်ပါတယ်”လို့ဒေသခံတဦးက DNA ကိုပြောပါတယ်။ ဒါပေမယ်အအခုလိုပိတ်ပင်တာဟာသူတို့စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်လာမှာကိုစိုးရိမ်နေတာနဲ့ဆက်နွယ်နေတယ်လို့လည်းဒေသခံတွေကယူဆကြပါတယ်။ “အကြောင်းပြချက်မရှိဘူး၊သက်သက်ကိုပိတ်ပင်တာ၊ [ဆက်လက်ဖတ်ရှုရန်]