ဒေသအလိုက် သတင်းကဏ္ဍ

မြောက်ဦးကနေ စခန်းစွန့်ထွက်ပြေးတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခံရလို့ အထိနာ၊ နှစ်ဆယ်နီးပါးလက် နက်ချ

ဇန်နဝါရီ ၁၃ မြောက်ဦးမြို့အနီးမှာရှိတဲ့ လင်းမွေတောင်စခန်းကနေ စခန်းစွန့်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မနေ့ ညနေပိုင်းက ကြားဖြတ်တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးသူတွေရှိသလို နှစ်ဆယ်နီးပါးလက်နက်ချကာ လက်နက် ခဲယမ်းတွေလည်း အများအပြားရရှိတယ်လို့ AA နဲ့နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။ “ကိုယ့်ဘက်(AA)က ဖြတ်တိုက်တာ အများကြီးသေတယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဟိုပန်နဲ့ ပန်လုံကို လွှဲပေးဖို့ စစ်ကောင်စီသဘောတူခဲ့တာလို့ “ဝ”အဖွဲ့ပြော

ဇန်နဝါရီ ၁၃ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက စစ်ကောင်စီထိန်းချုပ်ရာ မြို့နှစ်မြို့ဖြစ်တဲ့ ဟိုပန်နဲ့ ပန်လုံဒေသတွေကို လွှဲ ပေးဖို့ စစ်ကောင်စီကသဘောတူခဲ့တာလို့ “ဝ”အဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေး စာမျက်နှာ WSTV က အခုညပိုင်းမှာ ဖော်ပြပါတယ်။ အဲ့ဒီမြို့နှစ်မြို့ လွှဲပြောင်းလက်ခံတဲ့အခမ်းအနားကို “ဝ”အစိုးရအဖွဲ့ရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီက ရေကြောင်းသွားလာ၊ ငါးဖမ်းခွင့် တလအထိပိတ်ပင်

နိုဝင်ဘာ၊ ၂၀ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း ပင်လယ်နဲ့မြစ်ကမ်းတလျှောက်ငါးဖမ်းတာ၊ ရေကြောင်းသွားလာတာ၊ ကမ်းကပ်တာ၊ ဆိပ်ကမ်းနဲ့ မြစ်ကမ်းတွေမှာ ဝိုင်းဖွဲ့သောက်စားတာတွေ မလုပ်ကြဖို့ စစ်ကောင်စီကပိတ်ပင် တား မြစ်လိုက်ပါတယ်။  စစ်ကောင်စီလက်အောက်ခံကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးလက်မှတ်ရေးထိုးပြီး နိုဝင်ဘာ ၁၉ ရက်စွဲနဲ့ ထုတ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပူးပါင်း တပ်သိမ်းပိုက်ထားတဲ့ ရဲစခန်းကို စစ်ကောင်စီ ဗုံးကြဲလို့ စစ်သုံ့ပန်းလေးဦးသေ၊ ဆယ်ဦးဒဏ်ရာရတယ်လို့ TNLAပြော

နိုဝင်ဘာ၊ ၂၀ တော်လှန်ရေး ပူးပေါင်းတပ်ကသိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ် ဒိုပင်ရဲစခန်းကို စစ်ကောင်စီက မနေ့ည ကိုးနာရီ ဝန်းကျင်မှာ ပေါင်ငါးရာဗုံးကြဲချခဲ့တာကြောင့် ရဲစခန်းထဲထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း လေးဦးသေဆုံးကာ ဆယ်ဦး ဒဏ်ရာရသွားတယ်လို့ TNLA ကဒီကနေ့ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက ကြဲချခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီ တပ်သားတွေ ပြည်သူနဲ့ ပူးပေါင်းဖို့ တိုုက်တွန်း

နိုဝင်ဘာ၊ ၁၉ လုံခြုုံရေးပိုမိုတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာမြို့ပြပြောက်ကျားသပိတ်အင်အားစုတွေက  “အဘအတွက် အသေခံမလား၊ ပြည်သူ့ထံအလင်းဝင်မလား မင်းတို့ရွေး”စာသားနဲ့ တိုက်ပွဲဝင်ပြည်သူ့ကာကွယ်ရေးတပ်( PDF) အလံတော်ကို ပန်းဆိုးတန်းခုံးကျော်တံတားမှာ ဒီကနေ့ မနက်အစောပိုင်းမှာ လွှင့်ထူခဲ့ပါတယ်။  ရှမ်းမြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့စစ်ကိုင်းတိုင်းအပါအဝင်  နိုင်ငံတဝှမ်း စခန်းသိမ်း၊မြို့သိမ်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းပြားမြို့ပေါ်နဲ့အနီးတဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ နှစ်ဦးသေ၊ ခြောက်ဦး ဒဏ်ရာရ

နိုဝင်ဘာ ၁၈ ရခိုင်ပြည်နယ် မင်းပြားမြို့မှာ တိုက်ပွဲဖြစ်နေတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် လက်နက်ကြီးကျည်တချို့ မြို့ထဲကျရောက်ပေါက်ကွဲကာအရပ်သား နှစ်ဦးသေဆုံး၊ခြောက်ဦးဒဏ်ရာရကာ ဆေးရုံ အပါအဝင်  အဆောက်အအုံတချို့လည်းထိခိုက်ပျက်စီးသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။ “တိုက်ပွဲဖြစ်နေတာနဲ့ မခြားအောင်ကို ပစ်နေတာ၊ညခြောက်နာရီလောက်ကတည်းက မိုးတလင်းထိကိုပစ်တယ်၊ မြို့ထဲရော [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော်မှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာယန္တရားအားလုံးနီးပါး ရပ်ဆိုင်း

နိုဝင်ဘာ ၁၆ ကရင်နီပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်တာနေတာ ခြောက်ရက်ဆက်ရှိလာပြီဖြစ်တဲ့ ကရင်နီ (ကယား )ပြည်နယ် အုပ်ချုပ်ရေးရုံးစိုက်ရာ လွိုင်ကော်မြို့မှာ ဆေးရုံတရုံကလွဲပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ယန္တရား တွေအားလုံး ရပ်ဆိုင်းနေပြီလို့ မြို့ခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ “တခုမှလည်ပတ်လို့မရတော့ဘူး၊ အုပ်ချုပ်ရေး၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောက်ကိုင်ကို ဝင်တိုက်တော့မယ်လို့ MNDAAအသိပေးပြီးနောက် စစ်ကောင်စီက တပ်အရာရှိတဦးကို ကိုးကန့် ဒေသဥက္ကဌခန့်

နိုဝင်ဘာ၊ ၁၆ ကိုးကန့်ဒေသရဲ့  အုပ်ချုပ်ရေးမြို့ဖြစ်တဲ့ လောက်ကိုင်ကိုဝင်တိုက်တော့မယ်လို့ ကိုးကန့်တပ် MNDAA က ကြို တင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက်တရက်မှာ စစ်ကောင်စီကသူ့ရဲ့လက်အောက်ခံ ကိုးကန့်ဒေသ ဦးစီး အဖွဲ့ ဥက္ကဌ နေရာမှာ စစ်တပ်အရာရှိတဦးကိုပြောင်းလဲခန့်အပ်လိုက်ပါတယ်။ လက်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

AA တပ်ဖွဲ့ဆီ စစ်ကောင်စီလက်အောက်ခံ နှစ်ဆယ်ဝန်းကျင်ထပ်မံလက်နက်ချ

နိုဝင်ဘာ ၁၅ ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲ သုံးရက်မြောက် ဒီကနေ့နဲ့ မနေ့က ညပိုင်းတို့မှာ ရခိုင်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ဝန်းကျင်လောက် ထပ်မံလက်နက်ချခဲ့ကြသလို စခန်းစွန့်ခွာသွားသူတွေ လည်းရာချီရှိနေတယ်လို့  AAနဲ့နီးစပ်သူတွေ၊ဒေသခံတွေကပြောကြပါတယ်။ ကျောက်တော်မြို့မရဲစခန်း၊ ဘူးသီးတောင်မြို့နယ် ခထီးလှနယ်မြေရဲစခန်းနဲ့ ရမ်းဗြဲမြို့နယ် ကျောက်နီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်တိုက်ပွဲနှစ်ရက်အတွင်း စစ်ကောင်စီ ရှေ့တန်းစခန်းနဲ့ ရဲစခန်းဆယ်နဲ့ချီရုပ်သိမ်း

နိုဝင်ဘာ၊ ၁၄ မနေ့ကမှ တိုက်ပွဲစခဲ့တဲ့ ရခိုင်မှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ရှေ့တန်းစခန်းတွေနဲ့ ရဲစခန်း ဆယ်ချီ ဆုတ် ခွာ၊ ရုပ်သိမ်းသွားခဲ့ပြီး AA တပ်ဖွဲ့ဆီ လက်နက်ချ၊ အညံ့ခံသူတွေလည်း ရှိတယ်လို့ AA အပါအဝင် နီးစပ်သူတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]