ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘိုကဖမ်းဆီးခံထားရတဲ့သူတွေကို တဦးငါးသိန်းနှုန်းနဲ့ စစ်ကောင်စီတပ် ပြန်ရွေးခိုင်းနေ

မေ ၊ ၁၉ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ကံသာကုန်းကျေးရွာကိုစစ်ကောင်စီတပ်ကမနေ့ကဝင်ရောက်စီးနင်းပြီးဖမ်းဆီးခဲ့တဲ့အရပ်သားတွေထဲကအမျိုးသားတွေ ကိုစစ်ကောင်စီတပ်ကတဥဦးလျှင်ငွေကျပ်ငါးသိန်းနှုန်းနဲ့ပြန်ရွေးခိုင်းနေတယ်လို့စုံစမ်းသိရပါတယ်။ ကံသာကုန်းကျေးရွာကဖမ်းဆီးခံအရပ်သားငါးဆယ်ဦဦးအနက်အမျိုးသမီးဆယ်ဦးနဲ့ကလေးငယ်တွေကိုမနေ့ညနေကပဲ ပြန်လွှတ်ပြီးကျန်ရှိနေတဲ့အမျိုးသားတွေအတွက်တဦးကိုငါးသိန်းပေးပါကပြန်လွှတ်ပေးမယ်ဆိုပြီးစစ်ကောင်စီတပ်သားတွေကပြောဆိုလိုက်တာလို့ဆိုပါတယ်။ “မနေ့ကညနေပိုင်း ညောင်ပင်သာရွာကနေ ပြန်လွှတ်ပေးတယ်လို့ သိရတယ်။ဆယ်ယောက်ကျော်လောက် ပြန်လွှတ်ပေးတယ်၊အမျိုးသားတွေတော့ ဆက်ဖမ်းထားပြီး တယောက်ကို ငါးသိန်းနှုန်းနဲ့ ရွေးခိုင်းတာ၊ကလေးတွေက သူတို့မိခင်တွေနဲ့အတူ ပြန်လွှတ်ပါတယ်၊ဆက်ဖမ်းထားတာတော့ယောကျာ်းလေးတွေပဲနှစ်ဆယ်တော့ကျော်တယ်”လို့  People’s [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယင်းမာပင်မှာဆွမ်းကပ်ပွဲလုပ်နေချိန်စစ်ကောင်စီကပစ်ခတ်လို့ ကလေးနှစ်ဦးသေဆုံး၊လသားအရွယ်တဦး အပါ အဝင် လေးဦးဒဏ်ရာရ

မေ၊ ၁၂ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်ခြမ်းက ဘန့်ဘွေးရွာအနီးမှာ သေဆုံးသူတဦးရဲ့ တလပြည့် ဆွမ်းကပ်ပွဲ လုပ်နေချိန်မှာ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးမှုတွေလုပ်လို့ ငါးနှစ်အရွယ်နဲ့ ၁၄နှစ်အရွယ်နှစ်ဦး သေဆုံးခဲ့ပြီး လသားအရွယ်ကလေးတဦးနဲ့ နောက်ထပ်ငါးဦး ပြင်းထန်ဒဏ်ရာတွေရသွားတယ်လို့ ဒေသခံတွေက ပြော [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

CDF မေတ္တာရပ်ခံလို့ ရှောင်တမ်းခဲ့တဲ့ အရပ်သားတွေ စစ်ကောင်စီခြိမ်းခြောက်လို့ အများစုနေရပ်မပြန်ရဲကြသေး

မေ ၊ ၁၂ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်အနီး ကိုး မိုင် နဲ့ ခိုင်ကမ်းရပ်ကွက်ကနေ မေလ ၁၁ ရက်က မနေ့က မနက်က ရှောင်တိမ်းခဲ့တဲ့ ထောင်နဲ့ချီတဲ့ဒေသခံတွေက စစ်ကောင်စီတပ်ရဲ့ ခြိမ်းခြောက်မှုကြောင့်အများစုဟာ နေရပ်မပြန်ရဲကြသေးဘူးလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမှာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီကလေကြောင်းကတိုက်၊ ဒေသခံထောင်ချီထွက်ပြေးနေရ

မေ ၊ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ရာဇဂြိုလ်ကျေးရွာဘက်မှာ ဒီကနေ့မတ်လ၁၁ရက်မှာစစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီး လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံထောင်ချီထွက်ပြေးနေရပါတယ်။ ” သေနတ်သံတွေက မနက်သုံးနာရီကျော်ကစကြားရတာ။ ပြီးတော့စစ်တပ်က လေယာဥ်လာဝဲပြီးပစ်တယ်။ ရာဇဂြိုလ်နားက နန်းကျဥ်းဆောင်ရွာဘက်ကိုပစ်တယ်” လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို PDF တွေဝင်တိုက်

မေ ၁၁ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ကန်ဒေါ့ကျေးရွာရှိ စစ်အုပ်စုရဲ့ နယ်မြေရဲစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဖက်က ၁၀ ဦးခန့်သေဆုံးသွားတယ်လို့ M7 People’s Defense Army တပ်ဖွဲ့ကတာဝန်ခံ ဗိုလ်မြတ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထောက်ရှာအိုင်ရွာကဖမ်းဆီးခံထားရတဲ့စစ်ရှောင် ၁၅ဦးအတွက် ဒေသခံတွေစိုးရိမ်

မေ၊ ၈ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်၊ ထောက်ရှာအိုင်ရွာကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံခြေမြန်တပ်ရင်း- ၃၆၁ရဲ့ စစ်ကောင်စီစစ်ကြောင်းကို ရွာပြင်မှာ တိမ်းရှောင်ရင်း ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ရွာသား (၁၅) ဦးခုချိန်ထိပြန်လည်မလွတ်မြောက်လာသေးဘူးလို့ ဒေသခံတွေစိုးရိမ်နေကြပါတယ်။ “မနေ့ကမနက်ပိုင်းကစစ်ကြောင်းဝင်ရောက်လာပြီး မနက်၅ခွဲလောက်ကပစ်ခတ်တာတွေရှိတယ်။တရွာလုံးမွှေနှောက်သွားပြီးတော့ မနက်ရနာရီမှာစပြီးမီးရှို့ခဲ့တာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရာတော်မြို့နယ်က ကြွေပုံဂံရွာကိုစစ်ကောင်စီတပ်ကဒုတိယအကြိမ် ပစ်ခတ်စီးနင်းမီးဝင်ရှို့

မေ ၊ ၅ စစ်ကိုင်းတိုင်း၊ဘုတလင်ခရိုင်၊အရာတော်မြို့နယ်ထဲကကြွေပုဂံရွာကိုစစ်ကောင်စီတပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲပစ်ခတ်ဝင်ရောက်ပြီးဒုတိယအကြိမ်မီးတင်ရှို့တာကြောင့်ကျေးရွာဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။  အရာတော်အခြေစိုက် လေ့ကျင့်ရေး တပ်ရင်း ၁၀ ကအင်အား ၆၀ လောက်နဲ့ လက်နက်ကြီး၊လက်နက်ငယ်တွေပစ်ခတ်ပြီးတပြိုင်ထဲဝင်ရောက်စီးနင်းတာလို့ လည်းတိမ်းရှောင်နေရတဲ့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ “ဟုတ်ကဲ့ မနက် ၈ နာရီခွဲက သေနတ်တွေ ဖောက်ပြီးဝင်လာတာဗျ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်း၊ရေဦးနယ်စပ် မူးမြစ်ကမ်းဘေးရွာတွေစစ်ကြောင်းထိုးခံရလို့ ဒေသခံထောင်ချီတိမ်းရှောင်ရပြန်

မေ၊ ၁ စစ်ကိုင်းတိုင်း ဒီပဲယင်းနဲ့ ရေဦးမြို့နယ် အစပ် မူးမြစ်ကမ်းဘေး ကျေးရွာတွေကို စစ်ကောင်စီက အင်အားရှစ်ဆယ် ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေပြီး ဒေသခံ ထောင်ချီတိမ်းရှောင်နေရတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ ရေးအဖွဲ့ကပြောပါတယ်။ ရေဦးမြို့နယ် မုတ်ဆီကျေးရွာက ထွက်လာတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ဘေးနဲ့ မီးလောင်ပြင်ကြားမှာ ရေငတ်နေတဲ့ စစ်ကိုင်းတိုင်းထဲကပြည်သူတွေ

မေ၊ ၁   စစ်တပ်က အဖိနှိပ်ဆုံးစစ်ကိုင်းတိုင်းထဲမှာတော့ နေ့စဉ်လိုလို နေအိမ်တွေမီးရှို့ခံနေရပြီး ဒေသခံတွေ စစ်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒေသခံနေအိမ်တွေကို စစ်ကြောင်းထိုးမီးရှို့တဲ့အပြင် ဒေသခံတွေအားထားသောက်သုံးနေတဲ့ သောက်သုံးရေကန်တွေကို ဖျက်စီးတာတွေနဲ့ လယ်ယာစိုက်ပျိုးလို့မရအောင်ပါ ထပ်ပြီးလုပ်ဆောင်လာကြပါတယ်။ အိမ်ခြေ ၄၀၀ လောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကိုင်းတိုင်းက မြို့နယ်ခုနစ်ခု တပြိုင်တည်းစစ်ကြောင်းထိုးခံရ

ဧပြီ၊​၂၇   လက်ရှိတော်လှန်ရေးကာလအတွင်း လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းနေတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်ခုနစ်ခုကို စစ်ကောင်စီက အခုရက်ပိုင်းအတွင်း တပြိုင်တည်း စစ်ကြောင်းထိုးမီးရှို့မှုတွေ လုပ်ခဲ့တာကြောင့် ဒေသခံတွေ တိမ်းရှောင်ကြရသလို နေအိမ်မီးရှို့ခံရမှုတွေလည်း ရှိခဲ့ပါတယ်။   စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]