ဒေသအလိုက် သတင်းကဏ္ဍ

ရွာမီးရှို့ပြီး ပြန်လာတဲ့တပ် စောင့်ကြိုတိုက်ခိုက်ခံရ၊ ၅ ဦးသေဆုံးတယ်လို့ပြော

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း ရွာမီးရှို့ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသတွင်း တော်လှန်ရေး အင်အားစုတွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Department of Information-DRPA ကထုတ်ပြန်ပါတယ်။ ဇွန်လ ၇ ရက်နေ့က ရေဦးမြို့နယ်၊ ချမ်းသာရွာကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီမှာ ၂၇ ရက်အတွင်း ဒေသခံ ၇ ဦးကို အကြမ်းဖက်စစ်တပ် ဖမ်းဆီးသတ်ပြီး အိမ် ၁၀၀၀ ကျော်မီးရှို့

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ၂၇ ရက်အတွင်း အကြမ်းဖက်စစ်တပ်က ဒေသခံ ၇ ဦးကို ဖမ်းဆီးသတ်ခဲ့ပြီး လူနေအိမ် ၁၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ မေလ ၁၀ ရက်နေ့ကနေ ဇွန်လ ၅ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းဦး၊ ကျီပို့ကုန်းကွင်းမှာတွေ့တဲ့ ပြည်သူ ၁၅ ဦးကို စစ်တပ်ဖမ်းဆီး၊ လူငယ်တစ်ဦး ပစ်ခတ်ခံရပြီး ဆုံးပါး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီပို့ကုန်းကွင်းတာဘောင်ပေါ်မှာတွေ့တဲ့ ပြည်သူ ၁၅ ဦးကို ဖမ်းဆီးသွားပြီး လူငယ် ၁ ဦး ပစ်ခတ်ခံရလို့ ဆုံးပါးသွားပါတယ်။ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာနဲ့ ရွှေလှေကျေးရွာနှစ်ရွာကြားရဲ့ အရှေ့ဘက်၊ စိုက်ကွင်းတနေရာဖြစ်တဲ့ ကျီပို့ကုန်းကွင်းတာဘောင်ပေါ်တွေ့တဲ့သူတွေကို စစ်တပ်နဲ့ ပျူစောထီးတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် မိုင်းထိပြီး ၄ ဦးသေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်ဟာ မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၈ နာရီလောက်မှာ ကနီမြို့နယ်၊ အိုင်တောင်ရွာတွေကိုဖြတ်ကာ သပြေတောရွာ၊ နတ်လာပို့ရွာမြောက်ရွာ၊ နတ်လာပို့တောင်ရွာ၊ ဒေါင်းခြံနဲ့ နွားခြံကုန်းရွာတို့ကို ဖြတ်ပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းဦး၊ကံဇီးရွာနားမိုင်းဆွဲပစ်ခတ်မှု စစ်သား၂၀လောက်သေ

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ကံဇီးရွာနား တော်လှန်ရေးအင်အားစုတွေရဲ့ မိုင်းဆွဲပစ်ခတ်မှုကြောင့် အကြမ်း ဖက်စစ်သား ၂၀လောက်သေဆုံးခဲ့ကြောင်းသိရပါတယ်။ ဇွန်၅ရက်နေ့မွန်းလွဲ ၁နာရီလောက်မှာ တော်လှန်ရေးအင်အားစုတွေက လေကြောင်းကနေတိုက်ခိုက်တဲ့နေရာကို စစ်သားနဲ့ပျူစောထီး အင်အား၃၀ကျော်က လာရောက်ပစ်ခတ်ခဲ့ရာ မဟာမိတ်၃ဖွဲ့က ၃နေရာခွဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Farmers Revolution Force FRF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခင်ဦးမြို့နယ်၊ သာဂရရွာကိုအကြမ်းဖက်စစ်အုပ်စု မီးရှိုဖျက်ဆီး အဘွားအိုတစ်ဦးမီးထဲပါသွာ

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ခင်ဦး – ရေဦးလမ်းပိုင်းရှိ သာဂရကျေး ရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၄ ရက်နေ့ မှာဝင်ရောက် စီးနင်းမီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၇၀ကျော်မီးထဲပါသွားပြီး ကျေးရွာနေ အသက် ၇၉ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဗိုလ်နဂါးခင်းထားတဲ့ မိုင်းကွင်း စစ်တပ်တက်နင်း၊ ၁၅ ဦးသေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အိုင်းတောင်ကနေ ထွက်လာတဲ့ အကြမ်းဖက်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၅ ဦးလောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဇွန် ၅ ရက်နေ့၊ မနက် ၈ နာရီခွဲလောက်က အိုင်းတောင်ကနေထွက်လာတဲ့ ခန့်မှန်းအင်အား ၈၀ လောက်ပါတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စုပစ်မှတ် လက်နက်ကြီးနဲ့ အချက်၁၀၀ကျော် PDFတပ်ပေါင်းစုတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စုပစ်မှတ်တွေကို PDF တပ်ပေါင်းစုက လက်နက်ကြီးနဲ့အချက်၁၂၀ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်၂ဦးအပါအဝင် ၅ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဆားလင်းကြီးမြို့ရဲစခန်း၊ ကြံ့ဖွံ့ရုံးနဲ့ လုံခြုံရေးဘန်ကာတွေအပါအဝင် မြို့ပေါ် စစ်တပ်၊တပ်စွဲထားတဲ့နေရာများကို PDFတပ်ပေါင်းစုက ဇွန်၅ရက်နေ့ည၁၀နာရီ ၁၅မိနစ်လောက်က စတင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းဦး၊တပါယ်အင်းရွာ စစ်တပ်မီးရှို့လို့ ရွာလုံးကျွတ်နီးပါး လောင်ကျွမ်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊တပါယ်အင်းရွာကို အကြမ်းဖက်တပ်ကမီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။ ဇွန်လ ၅ရက်နေ့ ညနေ၃နာရီခွဲလောက်မှာ စစ်သား၄ယောက်နဲ့ ကံကြီးကုန်းနဲ့ ကင်မွန်းတော်ရွာတို့က ပျူစောထီးတွေက ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျတ်ဆီးခဲ့ကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြား ရေးကထုတ်ပြန်ပါတယ်။ အိမ်​ခြေ၇၀ ကျော်ရှိ တဲ့ တပါယ်အင်းရွာမှာ နေအိမ်၄လုံးသာမီးမလောင်ဘဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီမြို့အောက်ဘက် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရွာတွေကို အကြမ်းဖက်တပ် စစ်ကြောင်းထိုး

စစ်ကိုင်းတိုင်း၊ ကနီမြို့အောက်ဘက် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းဘေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဒီကနေ့ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ကနီမြို့နယ်ထဲက ဖုန်းလိုင်းအားလုံးကို ဖြတ်တောက်ထားပြီး ဒီနေ့မနက် ၈ နာရီ လောက်က ကနီမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းမှာ ရပ်ထားသော အကြမ်းဖက်စစ်တပ် [ဆက်လက်ဖတ်ရှုရန်]