နိုင်ငံရေး

ဒီးမော့ဆိုအရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ရှောင်တချို့ ပိတ်မိနေ

မတ်၊ ၁၂ ကယား(ကရင်နီ) ပြည်နယ် ထဲက ဒီးမော့ဆိုအရှေ့ခြမ်းမှာ စစ်ကောင်စီနဲ့ ကရင်နီကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲအတွင်းမှာလည်း စစ်ရှောင်တချို့ ပိတ်မိနေတယ်လို့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။ “ စစ်ရှောင်တွေက ပိတ်မိနေတယ်လို့ပဲ ပြောရမှာပေါ့နော်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲပြင်းထန်နေတဲ့ ပင်လောင်းမြို့နယ်မှာ စစ်တပ်မီးရှို့လို့ အိမ်ငါးဆယ်ဝန်းကျင်ပျက်စီး

မတ်၊​၁၁ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်း ပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်ထဲက နမ့်နိန်းကျေးရွာကို စစ်အုပ်စုက မီးရှို့လို့ နေအိမ် ငါးဆယ်လောက် ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “မနက်အစောကြီးကတည်းက ရွာကို တဖက်သတ် ပစ်နေတာပေါ့၊ရွာကိုတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီမောဆို အရှေ့ခြမ်းကို စစ်ကောင်စီက စစ်ကြောင်းသုံးခုနဲ့ ထိုးစစ်ဆင်နေ၊ဒေသခံ ငါးထောင်ကျော် စစ်ရှောင်နေရ

  မတ်၊ ၁၁ ကရင်နီ(ကယား)ပြည်နယ်၊ ဒီမောဆိုအရှေ့ခြမ်းဒေသကို စစ်အုပ်စုက စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင် နေပြီး မနေ့က ဒေသအခြေစိုက် ကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲပြင်းထန်ခဲ့သလို ဒီကနေ့မှာလည်း တိုက်ပွဲ တွေဆက်ဖြစ် နေတယ်လို့ သိရပါတယ်။ ဒီမောဆို ဒေသတွင်းမှာ မတ်လ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကရင်နီဒေသစခန်းသိမ်းတိုက်ပွဲတခုမှာ ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်များဈာပန

ထိုင်း-မြန်မာနယ်စပ် ကရင်နီ(ကယား)ပြည်နယ် ဘော်လခဲနယ်ကောက်ကောက် စခန်းအနီးက စစ်ကောင်စီစခန်း တခုကို စီးနင်းသိမ်းပိုက်ခဲ့တဲ့တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ကရင်နီတပ်မတော်(KA)တပ်ဖွဲ့ဝင်တွေရဲ့ ဈာပနကို မတ်လ (၆)ရက်ကပြုလုပ်ခဲ့တဲ့မြင်ကွင်းတွေဖြစ်ပါတယ်။ ကရင်နီတပ်မတော်(KA)တပ်ရင်း(၅)က ထုတ်ပြန်တဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ ကျဆုံးတပ်ဖွဲ့ဝင် ရှစ်ဦးအထိရှိ တာကိုတွေ့ရပါတယ်။ ထိုင်း-မြန်မာ နယ်စပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကရင်နီမှာ တိုက်ပွဲမရှိတဲ့ ရွာတွေကို စစ်ကောင်စီကပစ်ခတ်လို့ လက်နက်ကြီးထိမှန်ပြီး အရပ်သားတဦးသေဆုံ

ဖေဖော်ဝါရီ၊ ၂၈ ကယား(ကရင်နီ) ပြည်နယ်၊ ဘောလခဲမြို့နယ်မှာအခြေစိုက်တဲ့  စစ်ကောင်စီတပ်ရင်းဟာမနေ့ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ  တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေကိုလက်နက်ကြီးနဲ့အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်  အရပ်သားတဦးသေဆုံးခဲ့တယ်လို့ KNDF ကထုတ်ပြန်ပါတယ်။  စစ်တပ်လက်နက်ကြီးကြောင့် ကျေးရွာအတွင်း  အရပ်သား ၃ဦးထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပြီးအဲဒီထဲက တဦးကတော့ လက်နက်ကြီးထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရှမ်းတောင်ပိုင်းမှာစစ်တပ်သင်တန်းပေးထားတဲ့ ပျူစောထီးတွေကို ကရင်နီဘက်စေလွှတ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းမှာ  စစ်ကောင်စီက သင်တန်းပေးထားတဲ့ ဓနုပျူစောထီး အယောက် ၂၀ ကျော်ကို အင်းလေးဒေသနဲ့ စစ်ရေးပြင်းထန်းနေတဲ့ ကရင်နီ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခုလိုစေလွှတ်မှုကိုတော့  ပြီးခဲ့တဲ့ဇန်နဝါရီလကစတင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ “ဓနုဒေသမှာက တိုက်ပွဲတွေ မရှိတာကြာပြီးဆိုတော့ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

လွိုင်ကော်မှာ စစ်တပ်ရဲ့လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီးတဦးထိခိုက်ပြီး ဘုရားကျောင်းနဲ့ နေအိမ် ဆယ်လုံးပျက်စီး

ကယား(ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့မှာရှိတဲ့ ဝါရီကောခူကျေးရွာအတွင်းကို စစ်ကောင်စီတပ်တွေက မနေ့ ဖေဖော်ဝါရီလ ၄ရက်ကနေ ဒီကနေ့အထိလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေလုပ်နေလို့ ဒေသခံအမျိုးသမီးတဦးထိခိုက်ခဲ့သလို ဘုရားကျောင်းနဲ့ နေအိမ်တွေပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ရှမ်း၊ ကယားထိစပ်ရာနေရာဖြစ်တဲ့ ဝေါရီကောခူကျေးရွာထဲကို မနေ့ညပိုင်းကစပြီး ဒီကနေ့ မနက် ၂နာရီအထိ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီးမော့ဆိုမှာ တလအတွင်း စစ်ရှောင် ခုနစ်ဦးသေ ဆုံး၊ သုံးဆယ်ထက်မနည်းဖမ်းဆီးခံထားရ

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းစစ်ကောင်စီတပ်ရဲ့လက် နက်ကြီးပစ်ခတ်တာနဲ့ဖမ်းဆီးသတ်ဖြ​တ်ခံရတာတွေကြောင့် စစ်ဘေးရှောင် ခုနစ်ဦးသေဆုံးခဲ့ပြီး ဒေသခံ (၃၀)ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ဒေသ ခံစစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူတွေက DNAကိုပြောပါတယ်။   ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၉)ရက် မနက် ၉နာရီခွဲဝန်းကျင်က ဒီးမော့ဆိုအရှေ့ခြမ်းကစစ်ဘေးရှောင်တွေနေ ထိုင်ရာဘက်ကို စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကရင်နီစစ်ရှောင်စခန်းတွေအနီးကို စစ်တပ်ကလေကြောင်းကတိုက်ခိုက်နေ

ကရင်နီ(ကယား)လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းစစ်ဘေးရှောင်စခန်းနေရာအနီးမှာ  စစ်ကောင်စီတပ်က အခုဇန်နဝါရီလထဲမှာပဲ လေကြောင်းကတိုက်ခိုက်မှုတွေရှိနေလို့ စစ်ရှောင်တွေနေရာပြောင်းရွေ့မှုတွေလုပ်နေရတယ်လို့ စစ်ရှောင်အရေးကူညီသူတွေကပြောပါတယ်။ မနေ့ညနေပိုင်းက လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း တီးလုံကျေးရွာအုပ်စုက စစ်ရှောင်စခန်းတခုလေကြောင်းနဲ့တိုက်ခိုက်ခဲ့ရတဲ့အကြောင်း ဒေသတွင်းသတင်းတွေမှာလည်းဖော်ပြထားပါတယ်။ “ညနေ ၅နာရီ နဲ့ ၅နာရီခွဲ ဝန်းကျင်မှာ စစ်ရှောင်စခန်းပတ်လည်ကိုလေကြောင်းနဲ့ဗုံးကြဲသွားတာ။သုံးကြိမ်လာကြဲသွားတယ်။ဗုံးကြဲခံရတဲ့နေရာကလူနေထိုင်တာမရှိတော့ယာယီတဲတွေပဲထိသွားတယ်”လို့  စစ်ရှောင်စခန်းတာဝန်ရှိသူတဦးကလည်း DNA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မယ်စလောင်းတောင်စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ကရင်နီတပ်မတော်ကရဲဘော်တဦးရဲ့ ဈာပန

ကယား(ကရင်နီ) ပြည်နယ် မယ်စလောင်းတောင်စခန်းသိမ်းတိုက်ပွဲမှာကျဆုံးခဲ့တဲ့ အသက် (၂၂)နှစ်အရွယ် ကရင်နီတပ်မတော်ရဲဘော် ဝီတိုးရီယို(ခ)ငယ်လေးရဲ့ ဇာပနအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။ အသက် (၂၂)နှစ်အရွယ် ကရင်နီတပ်မတော်ရဲဘော် ဝီတိုးရီယို(ခ)ငယ်လေးရဲ့ ဈာပန ကို KNDF [ဆက်လက်ဖတ်ရှုရန်]