နိုင်ငံရေး

ကနီမြို့မှာကလေးသူငယ်အခွင့်အရေးဆိုင်ရာဟောပြောပွဲလုပ်

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ ဒီကနေ့ မတ်လ ၆ရက်နေ့က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဟောပြောပွဲတခုကို ကလေးသူငယ်အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ CRPH အဖွဲ့ဝင်တွေ၊ ကနီမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြုလုပ်ခဲ့ကြတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ အဲဒီပွဲမှာတော့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာတွေနဲ့ပတ်သက်တဲ့ ဟောပြောမှုတွေပြုလုပ်ခဲ့ကြသလို ကလေးငယ်အခွင့်အရေးတွေနဲ့ပတ်သက်လို့ မိဘဆရာတွေပူးပေါင်းပါဝင်ဖို့၊ ဖက်ဒရယ်ပညာရေးရရှိဖို့တောင်းဆိုမှုတွေလုပ်ခဲ့ပြီး ကလေးသူငယ်တွေရဲ့ ဖျော်ဖြေမှုတွေလည်းလုပ်ခဲ့ကြတယ်လို့ ပွဲစီစဉ်သူတွေကဆိုပါတယ်။ ကနီမြို့နယ်ဟာဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကနီမြို့နယ်ထဲက စစ်အာဏာရှင်ဆန့်ကျင်ရေးအလှူ

ကနီမြို့နယ်ထဲက ကျေးရွာတခုမှာလုပ်တဲ့ အလှူတခမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုလုပ်ခဲ့ကြတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။  စစ်တပ်က အာဏာသိမ်းတာ ၂နှစ်ကျော်ကြာခဲ့ပေမယ့် စစ်တပ်က စစ်ကြောင်းထိုးဖိနှိပ်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာဒေသခံတွေက စစ်အာရှင်ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေကို ပုံစံမျိုးစုံနဲ့ဆက်ပြီးပြုလုပ်နေကြပါတယ်။ Photo – Pyae Aung Naing Kani  

ဒေသအလိုက် သတင်းကဏ္ဍ

ကနီမှာ ကျေးရွာ ၂ ရွာပေါင်း ဆန္ဒပြပွဲ ပြုလုပ်

စစ်ကိုင်းတိုင်း ကနီမှာကျေးရွာ ၂ ရွာပေါင်းပြီး ဒီနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ စစ်အာဏာရှင် ဆန်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဆန္ဒပြပွဲကို နွေဦးတော်လှန်ရေး သပိတ်အင်အားစုမှ ဦးဆောင်ပြီး “၅/ကနန လူထုသပိတ် ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီမှာမိုးရေထဲ “အပီတွယ်မယ့် ကနီနယ်”စာသားကိုင်ဆောင်ဆန္ဒထုတ်ဖော်

ဒီနေ့ ဇွန်လ ၂၉ ရက်နေ့ စစိကိုင်းတိုင်း ကနီမှာမိုးသည်းထန်စွာရွာသွန်းနေတဲ့ကြားက “အပီတွယ်မယ့် ကနီနယ်”စာသား ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုကဦးဆောင်ပြီးစစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့သလို ဧပြီလမြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဆယ်ရွာတိုက်ပွဲမှာ ကျဆုံးသွားတဲ့ရဲဘော် အောင်ဇော်ဦး အထိမ်းအမှတ် အလေးနီပြုတာကိုလဲ  ပြုလုပ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီမှာ တိုက်ပွဲပြင်းထန်ပြီး သုံးပွင့်ဗိုလ် အပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၃၀နီးပါး သေ

စစ်ကိုင်းတိုင်း အထက်ပိုင်း ကနီမြို့နယ်ထဲမှာ မနေ့က မေလ ၃၁ရက်မှာ အကြမ်းဖက်စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး သုံးပွင့်ဗိုလ် အပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၃၀နီးပါး သေဆုံးခဲ့တယ်လို့ ကနီနယ် ကျောက်လုံးကြီး – KLG PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ပစ္စည်း ပို့ဆောင်ပေးတဲ့ စက်တပ်ယာဉ် မှန်သမျှကို ပြင်းထန်စွာ အရေးယူမယ်လို့ ကနီ PDF ထုတ်ပြန်

အကြမ်းဖက်စစ်တပ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို ဝယ်ယူသယ်ဆောင်ပေးတဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ စက်တပ်ယာဉ်မှန်သမျှကို ညှိနှိုင်းမှုမရှိဘဲ ပြင်းထန်စွာအရေးယူသွားမယ်လို့ ကနီ PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ကနီမြို့နယ်အတွင်းရှိ အိမ်စီးကား၊ လိုင်းကား ၊ ကုန်ကားနဲ့ ရေကြောင်း၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီမြို့နယ်အတွင်း သစ်၊ဝါးဖောင်တွေကို ဆက်ကြေးတောင်းနေတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ကနီမြို့နယ် ကနီမြိုနဲ့ မဲဒင်ကျေးရွာအကြား ရေကြောင်းမှာ သစ်၊ဝါးဖောင်တွေကို ဆက်ကြေးတောင်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို KLG PDF(Kani)နဲ့ ဒေသခံမဟာမိတ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KLG PDF(Kani)က ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မတ်လ ၅ရက်နေ့ ညလည် ၂နာရီခွဲလောက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင် မြေပြင်အခြေအနေ တင်းမာနေ

စစ်ကိုင်းတိုင်းကနီမြို့နယ်အတွင်း ပြည်သူ့နေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်တပ်ဟာ ယင်းမာပင် ဘက်ကို ထွက်ခွာလာနေတာကြောင့် မြေပြင်အခြေအနေတင်းမာနေတယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ် ပေါင်းစု က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်အင်အား ၁၀၀ လောက်ဟာ ဒီနေ့မနက်၈နာရီလောက်မှာ ကနီမြို့နယ်၊ချောင်းမရွာကနေ ထွက် ခွာလာပြီး ချင်းတောင်ကိုဖြတ်ကာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီက ပထမအသုတ် စစ်အုပ်စုထောက်တိုင်ဝန်ထမ်း ၅၀ နီးပါးရဲ့စာရင်းထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ပထမအသုတ် အကြမ်းဖက်စစ်အုပ်စု ထောက်တိုင်ဝန်ထမ်း ၅၀ နီးပါးရဲ့ စာရင်းကို ကနီ PDF ကထုတ်ပြန်လိုက်ပါတယ်။ အဲဒီစစ်အုပ်စုထောက်တိုင် ဝန်ထမ်းတွေဟာ ကနီမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ရေရှည်ရပ်တည်နိုင်ဖို့ ကူညီပံ့ပိုးအားပေးခြင်း ၊အများပြည်သူကို စိတ်ပင်ပန်းအောင် ပြုမူခြင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီမြို့မှာ စစ်အုပ်စုလက်အောက် ဝန်ထမ်းအများအပြား နုတ်ထွက်နေ

စစ်ကိုင်းတိုင်း ကနီမြို့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အလုအယက်နုတ်ထွက်နေကြပြီး ကနီPDFကို နုတ်ထွက်ကြောင်းနဲ့ CDMလုပ်ဆောင်နေကြောင်း စာရင်းတွေ ပေးပို့နေကြတယ်လို့ ကနီPDFက သတင်းထုတ်ပြန်လိုက်ပါတယ်။ ကနီမြို့နယ်အတွင်းက အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဖေဖေါ်ဝါရီလ ၂၈ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]