ဒေသအလိုက် သတင်းကဏ္ဍ

စစ်သားနဲ့ လောင်စာဆီတင်ထားတဲ့ စစ်ကားအစီး ၂၀ ကျော် သထုံဘက်ဆင်

ဒီနေ့မနက်ပိုင်းအတွင်း စစ်သားတွေနဲ့ လောင်စာဆီတွေတင်ထားတဲ့ စစ်ကားအစီး ၂၀ ကျော် သထုံဘက် ဆင်းသွားတယ်လို့ သိရပါတယ်။ သင်္ကြန်မတိုင်မီကတည်းက စစ်ကားတွေ အသွားအလာမရှိခဲ့ခြင်းဖြစ်ပြီး အခုအခါ ပထမဆုံးအကြိမ် စစ်ကားအရေအတွက် ခပ်များများ သွားတာကို မြင်ရခြင်းဖြစ်တယ်လို့ သထုံ၊ သိမ်ဆိပ်မှာနေထိုင်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘုရားပွဲကျင်းပနေစဉ် အကြမ်းဖက်တပ် လက်နက်ကြီးနဲ့ပစ်ခတ်၊ ၃ ဦးသေ၊ ၈ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျောက်တောင်ရွာမှာ ဘုရားပွဲကျင်းပနေစဉ် အကြမ်းဖက်စစ်တပ်က ၁၂၀(မမ) လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မတ်လ (၁၉) ရက်နေ့၊ ည ၈ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သထုံတခွင် ညအချိန်သွားလာခွင့်မပြုဘူးလို့ ကေအဲန်ယူထုတ်ပြန်

ကေအဲန်ယူ သထုံမြို့နယ် တပ်ရင်း ၂ ထိန်းချုပ်နယ်မြေအတွင်း ညဘက် သွားလာခွင့်မပြုကြောင်း ထုတ်ပြန်ပါတယ်။ ခရီးသွားလာခွင့်ကို မနက် ၆ နာရီကနေ ည ၆ နာရီအတွင်းသာ သွားလာခွင့်ပြုပြီး ကားဖြင့်ခရီးသွားပါက ကားမှန်ချပြီးမောင်းနှင်ဖို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သထုံပြည်သူတွေ ရှောင်ရှားကြရမယ့် နေရာကို PDF ထုတ်ပြန်

မွန်ပြည်နယ်၊ သထုံမြို့ပေါ်က ပြည်သူတွေ အသွားအလာမလုပ်ဘဲ ရှောင်ရှားကြရမယ့် နေရာတွေကို သထုံ PDF ကထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၁၄ ရက် နောက်ပိုင်းကစပြီး အသွားအလာ အထူးဂရုစိုက်ကြဖို့နဲ့ လူစုလူဝေးနေရာတွေ ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။ ထွေအုပ်ရုံးဘက်နေရာ၊ လေယာဉ်ကွင်းအနီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တာဝန်မထမ်းဆောင်ဖို့ သထုံရုံးဝန်ထမ်းတွေကို နောက်ဆုံးအကြိမ်သတိပေး

၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မွန်ပြည်နယ်၊သထုံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ရုံးပေါင်းစုံက ဝန်ထမ်းတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဒီဇင်ဘာ၆ရက်ကစပြီး အာမခံတော့မှာမဟုတ်ဘူးလို့ မွန် သထုံအထူးကာ ကွယ်ရေးအဖွဲ့ (MTHSF)က ဒီကနေ့ သတိပေးလိုက်ပါတယ်။ စစ်အုပ်စုအုပ်ချုပ်ရေးမဏ္ဍိုင် ဆက်လက်လည်ပတ်နိုင်ရေးနဲ့ အခွန်ငွေတွေ တိုက်ရိုက်စီးဆင်းအောင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သထုံမြို့လယ်ခေါင်မှာ အကြမ်းဖက်စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရ

၃၊ဒီဇင်ဘာလ၊ ၂၀၂၁။ မွန်ပြည်နယ်၊သထုံမြို့လယ်ခေါင် ရွှေစာရံဘုရားနားက ပဋိကတ်သုံးပုံအဝိုင်းအနီးမှာ အကြမ်းဖက်စစ်တပ်ရဲ့ ကင်းလှည့်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကာ ၂ဦး ထိခိုက်မှုရှိတယ်လို့ သိရပါတယ်။ ယမန်နေ့ည၁၁နာရီခွဲလောက်ကပြုလုပ်တဲ့ အဲဒီတိုက်ခိုက်မှုကို မွန် သထုံအထူးကာကွယ်ရေးတပ်ဖွဲ့(MTHSF)က ပြု လုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ‘အသံတော်တော်ကျယ်တယ်။အရင်တုန်းကလည်း စစ်ခွေးတွေပစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သထုံမြို့ပေါ် အဝေးထိန်းမိုင်း၇လုံး ဆက်တိုက်ပေါက်ကွဲ

၂၆၊ နိုဝင်ဘာလ၊ ၂၀၂၁။ မွန်ပြည်နယ်၊သထုံမြို့ပေါ်အတွင်း ဒီနေ့မနက် ၅နာရီခွဲကျော်မှာ အဝေးထိန်းမိုင်း၇လုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ သိ ရပါတယ်။ ဒီဖောက်ခွဲမှုကို မွန်-သထုံအထူးကာကွယ်ရေးတပ်ဖွဲ့(MTHSF)ကို ပြုလုပ်ခြင်းဖြစ်ပြီး အခုထက်ပိုပြင်းထန်တဲ့ တိုက်ပွဲတွေကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ MTHSF ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ‘ပြည်သူတွေကို [ဆက်လက်ဖတ်ရှုရန်]