ဒေသအလိုက် သတင်းကဏ္ဍ

ဝေါမြို့မှာသံသယနဲ့ ဖမ်းဆီးခံထားရသူတွေထဲက ငါးဦးစစ်ကြောရေးမှာ သေဆုံး

ဇွန်၊ ၁၉ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်နယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေသခံ အရပ်သား နှစ်ဆယ်ဝန်းကျင်ထဲက ငါးဦးဟာ စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရပါတယ်။ “ ပြီးခဲ့တဲ့လမှာ တဦးသေတယ်၊ အဲဒါကို မိသားစုကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝေါမြို့ကရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနုတ်ထွက်ဖို့ပီဒီအက်ဖ်က သတိပေးပြီးနောက် လုံခြုံရေးတင်းကျပ်

မတ်၊ ၃၁ ပဲခူးတိုင်း ၊ဝေါမြို့နယ်အတွင်းကရပ်ကွပ်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကိုတပတ်အတွင်းနုတ်ထွက်ဖို့ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိပေးခဲ့ပြီးနောက်မြို့တွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနေရာတွေကိုစစ်ကောင်စီတပ်နဲ့ရဲအဖွဲ့တွေကနေ့ရောညပါကင်းပုန်းဝပ်စောင့်ကြပ်ပြုလုပ်နေတာအပြင်လုံခြုံရေးအရစစ်ဆေးတင်းကြပ်ထားတယ်လို့မြို့ခံတွေကပြောပါတယ်။ ” ရပ်ကွက်အုပ်ကြီးအိမ်တွေရယ်ရုံးနေရာတွေမှာ ရဲတွေအရပ်ဝတ်တွေနဲ့လုံခြုံရေးယူထားတာတွေ့ခဲ့ရတယ်။စစ်တပ်တချို့ကိုလည်းတွေ့တယ်။ အသတ်ခံရမှာကြောက်လို့လုပ်တဲ့သဘောလို့ပဲမြင်မိပါတယ်” လို့ဒေသခံတဦးကပြောပါတယ်။ ဝေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရပ်ကွက်၊ ကျေးရွာအုုပ်ချုပ်ရေးမှူးတွေအနေနဲ့ မတ်လ ၃၁ ရက် နောက်ဆုံးထားနုတ်ထွက်ဖို့နဲ့ မနုတ်ထွက်ရင် စစ်ကောင်စီနဲ့ပူးပေါင်းသူအဖြစ် [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

ဝေါမြို့က ကျေးရွာစစ်ဆေးရေးဂိတ်ပစ်ခံရပြီးနောက်ဒေသခံလေးဦးကိုဖမ်းဆီး

ဖေဖော်ဝါရီ၊ ၂၇ ပဲခူးတိုင်း၊ဝေါမြို့နယ်၊ရန်ကုန်-မော်လမြိုင် ကားလမ်းမအနီး  ဘုရားပျို့ကျေးရွာရှိစစ်ဆေးရေးဂိတ်ပစ်ခတ်မှုမှာ စစ်ကောင်စီဖက်က ၂ဦးသေဆုံး၊၄ဦးဒဏ်ရာရပြီးနောက် ဒေသခံ လူငယ်၄ဦးကိုဖမ်းဆီးလိုက်တယ်လို့ဒေသခံတွေကပြောပါတယ်။ ဝေါမြိ့နယ်ကာကွယ်ရေးတပ်ဖွဲ့တွေကစစ်ဆေးရေးဂိတ် ကို မနေ့ ဖေ​ဖော်ဝါရီလ ၂၆ ရက်၊ည ၈ နာရီခွဲ အချိန်မှာ တိုက်ခိုက်ပြီးနောက် ဒီကနေ့ မနက်၁၁ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝေါမြို့မှာ ရပ်ကွက်ရုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ဖမ်းဆီးခံရသူနှစ်ဦး တလနီးပါးကြာချိန်အထိ ပြန်မလွတ်သေး

ပဲခူးတိုင်း၊ ဝေါမြို့ ကန်တော်ရပ်ကွက်ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်တပ်က ဖမ်းသွားတဲ့ CDM ဝန်ထမ်းတဦးနဲ့ မြို့ခံတဦးကို တလနီးပါးကြာချိန်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။ ဝေါမြို့၊ ကန်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ အခုလ ၅ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]