ပခုက္ကူ-ရေစကြို ကားလမ်းမပေါ် မိုင်းထိပြီး စစ်သား ၂ ဦးသေ

ပခုက္ကူ-ရေစကြို ကားလမ်းမပေါ် မိုင်းထိပြီး စစ်သား ၂ ဦးသေ

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို ကားလမ်းမပေါ် အကြမ်းဖက်စစ်သားနဲ့ပျူစောထီးတို့စီးလာတဲ့ အဖြူရောင် Hijet ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက် ၉ နာရီခွဲလောက်က ပခုက္ကူ-ရေစကြို ကားလမ်းမပေါ်ရှိ ကျီးကန်ရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်ပါလာတဲ့ ၇ ဦးအနက် ၅ ဦးမှာလည်း ပြန်လည်တိုက်ခိုက်မှုမလုပ်နိုင်တဲ့အထိ အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ရေစကြို PDF ကထုတ်ပြန်ပါတယ်။ ‘မိုင်းထိပြီး ကားလည်းအဲဒီမှာတစ်ခါတည်းရပ်နေတယ်။ပြီးတော့မှ တခြားကားနဲ့လာခေါ်သွားရတယ်လို့ဖုန်း သတင်းကြားရတယ်။ ဒဏ်ရာရတဲ့ကောင်တွေ ထပ်သေ၊ မသေတော့ နောက်ထပ်သတင်းမကြားရသေးဘူး’…

Read More
ရေစကြို ဆင်ဖြူရှင်တံတား ဂိတ်စခန်းကို PDF တွေ သိမ်းပိုက်

ရေစကြို ဆင်ဖြူရှင်တံတား ဂိတ်စခန်းကို PDF တွေ သိမ်းပိုက်

မကွေးတိုင်း၊ ရေစကြို၊ ဆင်ဖြူရှင်တံတားဂိတ် ၊ လုံခြုံရေးစခန်းကို ဒေသခံ PDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင်မြို့နယ် အဖွဲ့က သူတို့ လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဆားလင်းကြီးမြို့နယ် (Salingyi Special Task Force) ညီနောင်မဟာမိတ် (၃) ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ မွန်းတည့် ၁၂ နာရီကနေ ၁ နာရီကျော်ကြာ…

Read More
ရေစကြိုမှာ ဈေးဝယ်ထွက်လာတဲ့ရဲတွေ တိုက်ခိုက်ခံရပြီး ၃ဦးသေ

ရေစကြိုမှာ ဈေးဝယ်ထွက်လာတဲ့ရဲတွေ တိုက်ခိုက်ခံရပြီး ၃ဦးသေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ဈေးဝယ်ထွက်လာတဲ့အကြမ်းဖက်ရဲတွေ တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံး ခဲ့ကြောင်းသိရပါတယ်။ မကွေးတိုင်းရေစကြိုမြို့နယ် မြေတော်ကျေးရွာရှိ မြေတော် ရဲစခန်းကနေ ဈေးဝယ်ထွက်လာတဲ့ ရဲ၇ဦးကို ဒေသတွင်းကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ၃ဦးသေ၊၂ဦးပြင်းထန်ဒဏ်ရာရခဲ့ပြီး G3၂လက်၊G3ကျည်၃၅တောင့်၊ဗုံး၁လုံး၊ဖုန်း ၂လုံးနဲ့ငွေ၃၁၄၅၀ကျပ် သိမ်းဆည်းရမိခဲ့ကြောင်း YSO.I S A(ရေလယ်ကျွန်းဒေသ ပြောက်ကျားတပ်)က ထုတ်ပြန်ပါ တယ်။ အဲဒီတိုက်ခိုက်မှုကို YSO.I S A(ရေလယ်ကျွန်းဒေသ ပျောက်ကျားတပ်)၊MGN-Tiger ၊Bagan Nyaung Oo PDFနဲ့ Black Wolf…

Read More
မြောင်နဲ့ရေစကြို PDF တွေကို ဦးဆောင်မယ့် စစ်ရေးအတွေ့အကြုံရှိ ခေါင်းဆောင်တစ်ဦး အရေးပေါ် လိုအပ်နေ

မြောင်နဲ့ရေစကြို PDF တွေကို ဦးဆောင်မယ့် စစ်ရေးအတွေ့အကြုံရှိ ခေါင်းဆောင်တစ်ဦး အရေးပေါ် လိုအပ်နေ

မြောင်နဲ့ရေစကြိုမြို့နယ် အတွင်းရှိ PDF အဖွဲ့ပေါင်းစုံနဲ့ LDF တွေကို ဦးဆောင်အမိန့်ပေးနိုင်မယ့် စစ်ရေးအတွေ့အကြုံရှိခေါင်းဆောင်တစ်ဦး အရေးပေါ်လိုအပ်နေပြီလို့ ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ထုတ်ပြန်တဲ့ မြောင်နှင့်ရေစကြိုနယ်အတွက် စစ်ရေးအစီရင်ခံစာမှာ အဲဒီလို ဖော်ပြထားပါတယ်။ ဒါ့ကြောင့် EAOs လွတ်မြောက်နယ်မြေအတွင်း ရောက်ရှိနေတဲ့ CDM အရာရှိထဲကဖြစ်စေ၊ စစ်ရေးအတွေ့အကြုံရှိတဲ့ EAOs အရာရှိထဲကဖြစ်စေ ဦးဆောင်အမိန့်ပေးပြီး တန်ပြန်တိုက်ခိုက်ဖို့ အရေးပေါ် လိုအပ်နေတာကြောင့် NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အရေးပေါ် ဆောင်ရွက်သင့်တယ်လို့…

Read More
စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေကို ရေစကြိုPDF လိုက်လံရှင်းလင်း​ပေ

စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေကို ရေစကြိုPDF လိုက်လံရှင်းလင်း​ပေ

မကွေးတိုင်း ရေစကြိုမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေကို ရေစကြိုPDFက နေ့စဉ် ရှင်းလင်းသန့်ရှင်းရေးတွေကို လုပ်ဆောင်ပေးနေတယ်လို့ ဒီကနေ့ မေလ ၁၉ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒါ့အပြင် ရေစကြိုPDF နယ်မြေစိုးမိုးထားတဲ့ ဒေသတွေအတွင်းမှာ ပြည်သူတွေအနေနဲ့ အကူညီလိုအပ်တာတွေ ရှိပါက ရေစကြိုPDFကို အချိန်မရွေး ဆက်သွယ်နိုင်ပြီး အတတ်နိုင်ဆုံး ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

Read More
အကြမ်းဖက်စစ်တပ်ရဲ့ ရေလယ်ကျွန်းဒေသ တရားမဲ့လုပ်ရပ် စစ်ရာဇဝတ်မှု မြောက်တယ်လို့ပြော

အကြမ်းဖက်စစ်တပ်ရဲ့ ရေလယ်ကျွန်းဒေသ တရားမဲ့လုပ်ရပ် စစ်ရာဇဝတ်မှု မြောက်တယ်လို့ပြော

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တရားမဲ့လုပ်ရပ်တွေဟာ စစ် ရာဇဝတ်မှုမြောက်ကြောင်း ရေစကြိုမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာလိုက်ပါတယ်။ အကြမ်းဖက်ဖက်စစ်တပ် အင်အား ၁၅၀ လောက်ဟာ ဧပြီ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ စစ်ကြောင်းသုံးကြောင်းခွဲပြီး ရေလယ်ကျွန်းဒေသကို ဝင်ရောက်ခဲ့ကာ ပြည်သူ ၆ ဦးမှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရပြီး ပြည်သူ့နေအိမ် ၈၄ လုံး၊ ရိပ်သာကျောင်းတစ်ဆောင်၊ စာကြည့်တိုက် တစ်လုံးနဲ့ ဆိုင်ကယ်…

Read More
ရေလယ်ကျွန်းကနေပြန်လာတဲ့ အကြမ်းဖက်စစ်ကားမိုင်းဆွဲခံရ၊ ၃ ဦးပွဲချင်းပြီးသေ

ရေလယ်ကျွန်းကနေပြန်လာတဲ့ အကြမ်းဖက်စစ်ကားမိုင်းဆွဲခံရ၊ ၃ ဦးပွဲချင်းပြီးသေ

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းကနေ ပြည်သူ့နေအိမ်တွေ မီးရှို့ဖျက်ဆီးပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး၃ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဧပြီ၇ရက်နေ့မွန်းလွဲ၂နာရီလောက်မှာ ရေလယ်ကျွန်းကနေ ဖောကား၃စီး၊အိမ်စီကားတစ်စီးနဲ့ ပြန်လာ တဲ့ အကြမ်းဖက်စစ်သား၊ရဲနဲ့ပျူစောထီးတို့ကို ဆင်မရဲရွာဘက်အပြန်လမ်းမှာ ပဒေသာမိုင်း၃လုံးနဲ့ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူလည်းများကြောင်း Urban Underground Revolution Froce-YSO ကထုတ်ပြန်ပါတယ်။ မိုင်းဆွဲခံရတဲ့အကြမ်းဖက်စစ်တပ်ဟာ ရမ်းသန်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ရာ ပြောက်ကျားရဲဘော်တွေထိခိုက် မှု မရှိခဲ့ပါဘူး။ မိုင်းဆွဲတိုက်ခိုက်မှုကို Urban Underground Revolution Froce-YSO နဲ့ Yesagyo…

Read More
ရေလယ်ကျွန်းက ပြန်လာတဲ့ အကြမ်းဖက်တပ် မိုင်းဆွဲခံရ၊ ၃ ဦးသေ

ရေလယ်ကျွန်းက ပြန်လာတဲ့ အကြမ်းဖက်တပ် မိုင်းဆွဲခံရ၊ ၃ ဦးသေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ကြရာ ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ရေလယ်ကျွန်းကနေပြန်လာတဲ့ အကြမ်းဖက်တပ်ကို ပခန်းငယ်ရွာနားနဲ့ ဇီးကုန်းရွာနား တို့မှာ ရေစကြို PDF ကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို PDF က ထုတ်ပြန်ပါတယ်။ ပခန်းငယ်ရွာအနီးမိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားတွေ အထိအခိုက်ရှိနိုင်ပေမဲ့ အတိအကျမသိရသေးပါဘူး။ ရေလယ်ကျွန်းကနေ ပြန်လာတဲ့စစ် ကား (၃) စီးကို ဇီးကုန်းရွာအနီးမှာ မိုင်း (၂)…

Read More
အကြမ်းဖက်စစ်တပ်လက်ချက် ရေလယ်ကျွန်း ပြည်သူ ၆ ဦးကျဆုံး၊ အိမ် ၈၄ လုံး ပြာကျ

အကြမ်းဖက်စစ်တပ်လက်ချက် ရေလယ်ကျွန်း ပြည်သူ ၆ ဦးကျဆုံး၊ အိမ် ၈၄ လုံး ပြာကျ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ အကြမ်းဖက်စစ်တပ်လက်ချက်နဲ့ ကျဆုံးသွားတဲ့ပြည်သူ ၆ ဦးရှိပြီး အိမ် ၈၄ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို ဧပြီ ၂ ရက်နေ့ကစပြီး အကြမ်းဖက်စစ်တပ် ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၆ ရက်နေ့အထိ စာရင်းအရ ၆ ဦးကျဆုံး၊ အိမ် ၈၄ လုံးနဲ့ စာကြည့်တိုက်တစ်ခု မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ သိန်းဌက်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ကျဆုံးပြည်သူ ၆ ဦးမှာ…

Read More
ရေလယ်ကျွန်း ကျေးရွာတွေထဲ အကြမ်းဖက်စစ်တပ် ဆက်လက်မွှေနှောက်လုယက်

ရေလယ်ကျွန်း ကျေးရွာတွေထဲ အကြမ်းဖက်စစ်တပ် ဆက်လက်မွှေနှောက်လုယက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကို ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းကစပြီး ကျေးရွာတွေထဲ ဝင်ရောက်မွှေနှောက်လုယက်နေတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ် ပထမစစ်ကြောင်းဟာ မိုးကွဲ-ချင်းယား-ညောင်ပင်ရွာကနေတစ်ဆင့် ဝါဘိုးရွာထဲ ဝင်မွှေနေပြီးဒုတိယစစ်ကြောင်းဟာ နန်းဦးရွာ ကနေတစ်ဆင့် ကူနီရွာထဲရောက်ရှိ မွှေနှောက်နေပါတယ်။ တတိယစစ်ကြောင်းကတော့ ရေယှားကျေးရွာကနေတစ်ဆင့် သောင်ရှေ့ဘက် ကျေးရွာကို ရောက်နေကြောင်း YSO News & Information က ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ရွာတွေထဲကို သေနတ်ပစ်ဖောက်ရုံတင်မက လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက်လာတဲ့အတွက်…

Read More