ဒေသအလိုက် သတင်းကဏ္ဍ

ပခန်းကြီးမှာ ရဲနှစ်ဦးကို ဖမ်းဆီးချိန် ပြန်လည်ခုခံလို့ပစ်ခတ်ရာ တဦးသေဆုံး

အောက်တိုဘာ ၊ ၁၅ မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ပခန်းကြီးကျေးရွာမှာစစ်ကောင်စီလက်အောက်ခံ ရဲတပ်သားနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖမ်းဆီးရာ ပြန်လည်ခုခံလို့ ပစ်ခတ်ရာမှ ရဲဒုတပ်ကြပ်တဦး သေဆုံးခဲ့တယ်လို့တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။ “ ကျွန်တော်တို့က သတင်းရလို့ပေါ့။ စစ်သုံ့ပန့်ဥပဒေနဲ့အညီ သွားဖမ်းတာ။အဲ့ချိန်သူတို့က ပြန်ပြီး ခုခံတာပေါ့ ‘’ လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ ရေစကြို လဝကရုံးကို ပကဖ တွေကမီးရှို့

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ စစ်ကောင်စီအတွက် ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ လူမှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီးဌာန (လဝက)ရုံးကို ဒီကနေ့ ဇန်နဝါရီ ၁၂ ရက် မနက်အစောပိုင်းမှာ ဒေသကာကွယ်ရေး အဖွဲ့တွေကမီးရှို့ခဲ့တယ်လို့ သိရပါတယ်။   ” စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကိုလုပ်ဖို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး ခြောက်ဦးသေ

ရေစကြိုမြို့နယ်၊ သံပြားချောင်းကျေးရွာကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တောင်ဦးကျေးရွာအနီးမှာ အောက်တိုဘာ (၁၇) ရက် မနက်ကိုးနာရီဝန်းကျင်က ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်ကောင် စီဘက်က ခြောက်ဦးသေတယ်လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ “ကျွန်တော်တို့ သတင်းရလို့သွားတိုက်တာဗျ၊ ကျွန်တော်တို့က လက်ဦးမှုရခဲ့တယ်၊ အပြန်အလှန်ပစ်ခတ်ကြတယ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့စခန်းတခု စီးနင်းခံရပြီး ကျပ်သိန်းငါးရာခန့် တန်ဖိုးရှိအသုံးအဆောင် များဆုံးရှုံး

မ​ကွေးတိုင်း​၊ရေစကြိုမြို့နယ်မှာ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ သင်တန်းသားတွေနေတဲ့ စခန်းတခု စီးနင်း ဖျက်ဆီး ခံရလို့ ကျပ်သိန်းငါးရာဝန်းကျင် တန်ဖိုးရှိတဲ့အသုံးအဆောင်တွေ ဆုံးရှုံးခဲ့တယ်လို့ ရေစကြိုပကဖက ထုတ်ပြန် ပါတယ်။ “ကျွန်​တော်တို့စခန်းကို စကစ​တွေ လာတာက လမ်းပြပါလာတယ်”လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သ တင်းထုတ်ပြန်ရေး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြို နည်းပညာတက္ကသိုလ်မှာတပ်စွဲထားတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်မှု သုံးဦးသေp

ရေစကြိုမြို့နယ်၊ကျောက်လှေခါးရွာအနီးက GTC နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ်မိုင်းနဲ့တိုက်ခိုက်ရာ ခဲ့ရာမှာ သုံးဦးသေဆုံးခဲ့တယ်လို့ ရေစကြိုတော်လှန်ရေးအဖွဲ့က DNA ကိုပြောပါတယ်။ မိုင်းတပ်ဆင်ထားတဲ့ ဆိုင်ကယ်ကို ဒေသကာကွယ်ရေးအဖွဲ့က စစ်ဆေးရေးဂိတ် နဲ့ ကိုက် ၁၀၀ လောက်အကွာမှာရပ်ထားခဲ့တာကို အကြမ်းဖက်အုပ်စုဝင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမှာ PDF ရဲဘော်တစ်ဦးက အကြမ်းဖက်စစ်တပ်ကို အသေခံ ဗုံးခွဲတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက လက်လုပ်မိုင်းနဲ့အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ Yesagyo Revolution Group (YRG) က ထုတ်ပြန်ပါတယ်။ ဒီလိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဘက်က ၁၅ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြို၊ တောင်ဦးရွာသားတစ်ဦး စစ်တပ်ပစ်တဲ့ကျည်ထိပြီး သေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တောင်ဦးရွာသားတစ်ဦး အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ကျည် ထိမှန်ကာ သွေးထွက်လွန်ပြီး သေဆုံးသွားကြောင်း သိရပါတယ်။ တောင်ဦးရွာကို ဇွန် ၂၄ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တောင်ဦးရွာ၊ရွာမ အနောက်ပိုင်းနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမှာ စစ်အုပ်စုကားတစ်စီး မိုင်းထိမှန်ပြီး ၂ ဦးသေ

မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးကုန်းကျေးရွာနဲ့ ဆင်ချောင်းကျေးရွာအကြားမှာ စစ်အုပ်စုရဲ့ ကားတစ်စီး မိုင်းထိမှန်ပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ ရေစကြို PDF က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၂၈ ရက်နေ့ မနက် ၉ နာရီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေလယ်ကျွန်းဒေသ ရွာ ၃ ရွာကို အကြမ်းဖက်စစ်တပ် ထပ်မံမီးရှို့

အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ရွာ ၃ ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာ မြေစွန်းရွာ၊ ဆည်သည့်မြင်ရွာနဲ့ ဘိစပ်ကုန်းရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ ရေစကြို သတင်းရင်းမြစ်တွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေလယ်ကျွန်းရွာတွေ မီးရှို့နေတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ရွာတွေ မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၁၀ နာရီခွဲလောက်က ရေလယ်ကျွန်းဒေသ၊ မဲကုန်းရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်တပ်ကို ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု တပ်ရင်းက တပ်ရင်းမှူး [ဆက်လက်ဖတ်ရှုရန်]