မေ၊၂၇ ရုရှားရဲ့ နျူကလီးယား လက်နက်တွေ ပြည်တွင်းကို စတင် ရွှေ့ပြောင်းနေပြီဖြစ်ကြောင်း ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက အတည်ပြုခဲ့ပါတယ်။ မေလ ၂၅ ရက်ကစပြီး ရုရှားဟာ နျူကလီးယား စစ်လက်နက်တွေကို အနောက်ဖက် အိမ်နီးချင်းနဲ့ မဟာမိတ်ဖြစ်တဲ့ ဘီလားရုစ် နိုင်ငံထဲ ရွှေ့ပြောင်းနေတာလို့ သိရပါတယ်။ လူကာရှန်ကိုက ရုရှား စစ်လက်နက်တွေ ဘီလားရုစ်မှာ နေရာချမှု အစီအစဉ် စတင်နေပြီဆိုတာ ကြေညာပေမယ့် ရုရှားကတော့ ဘာမှတ်ချက်မှ…
Read Moreမေ ၊ ၂၅ ကာကွယ်ရေး ဝန်ကြီးဌာန အဆောက်အအုံမှာ မီးလောင်မှု ဖြစ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အစိုးရပိုင် Tass သတင်းဌာနက မော်စကို မြို့လယ်မှာရှိတဲ့ ကာကွယ်ရေး ဝန်ကြီးဌာန အဆောက်အအုံမှာ မီးလောင်မှု ဖြစ်ခဲ့တယ်လို့ အရေးပေါ် တုံ့ပြန်ရေးဌာန တာဝန်ရှိသူတွေကို ကိုးကားပြီး မေ ၂၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာန အဆောက်အအုံရဲ့ လေသာဆောင် တခုမှာ မီးလောင်မှု ဖြစ်ခဲ့တာလို့…
Read Moreမေ ၊ ၂၅ ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘောကြီးကို အမေရိကန်က နော်ဝေးနိုင်ငံဆီ စေလွှတ်လိုက်တဲ့နောက် ဒေသတွင်း အိမ်နီးချင်း ရုရှားက ဒေါသတကြီး ဝေဖန် ကန့်ကွက်ခဲ့ပါတယ်။ အရှည် ၃၃၇ မီတာရှိတဲ့ လေယာဉ်တင် သင်္ဘောကြီး USS Gerald R Fordဟာ မေလ ၂၄ ရက်က နော်ဝေးနိုင်ငံ၊ အော်စလိုမြို့တော် ဆိပ်ကမ်းဆီ ရောက်ရှိလာပါတယ်။ နျူကလီးယား စွမ်းအင်ကို အသုံးပြုထားပြီး ခေတ်အမီဆုံး နည်းပညာတွေ…
Read Moreမေ၊ ၂၄ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ကျူးကျော် တိုက်ခိုက်မှုမှာ အမေရိကန် စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရုရှားက ပြောကြားခဲ့ပါတယ်။ အခုသီတင်းပတ် အစောပိုင်းက ရုရှားနဲ့ ယူကရိန်းတို့ ထိစပ်ရာ နယ်စပ်နားက ရုရှားပိုင် ဘယ်လ်ဂိုရော့ဒ် ဒေသမှာ လက်နက်ကိုင် တပ်ဖွဲ့တချို့ ကျူးကျော် တိုက်ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ ဒီဖြစ်စဉ်မျိုးဟာ ရှားပါးပြီး ကျူးကျော်သူတွေကို အောင်အောင်မြင်မြင် တွန်းလှန်နိုင်ခဲ့တယ်လို့လည်း ရုရှားက ဆိုပါတယ်။…
Read Moreမေ၊ ၂၃ ရုရှားနယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ် ဆိုတာက သူတို့နဲ့ ဘာမှ မပတ်သက်ဘူးလို့ ယူကရိန်း စစ်တပ်က ကြေညာခဲ့ပါတယ်။ ယူကရိန်းနဲ့ နယ်စပ်နားက ဘယ်လ်ဂိုရော့ဒ် ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ရုရှားပိုင်နက်ထဲထိ အဖျက်အမှောင့် အဖွဲ့အစည်းတွေ ဝင်ရောက် တိုက်ခိုက်မှု ရှိခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး ဗစ်ချက်စ်လက်ဗ် ဂလက်ဒ်ကော့ဗ်က ပြောပါတယ်။ ဒေသတွင်းက အခြေခံ အဆောက်အအုံနဲ့ စစ်ရေး ပစ်မှတ်တချို့ ထိခိုက်ပျက်စီးခဲ့ပေမယ့် ယူကရိန်းနဲ့…
Read Moreမေ၊ ၂၂ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ဘက်ခ်မတ်မြို့ကို ရုရှားတွေ သိမ်းပိုက်သွားပြီဆိုတဲ့ သတင်းကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ငြင်းဆိုသွားခဲ့ပါတယ်။ ဘက်ခ်မတ်ကို လပေါင်းများစွာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေခဲ့တဲ့ ရုရှား ကြေးစားတပ်ဖွဲ့ Wagnerက တမြို့လုံးကို ထိန်းချုပ်လိုက်ပြီလို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ကြေညာခဲ့ပေမယ့် ဇီလန်စကီးက ပယ်ချခဲ့ပါတယ်။ လက်ရှိ အချိန်ထိ ဘက်ခ်မတ်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်ဖြစ်ပွားနေဆဲလို့ ဂျပန်နိုင်ငံ၊ ဟီရိုးရှီးမားမြို့က…
Read Moreမေ၊၁၆ ရုရှားဟာ ယူကရိန်းဆီက တန်ပြန်ထိုးစစ် စတင်မလာခင်မှာ အီရန်လုပ် ဖောက်ခွဲရေး ဒရုန်း အများအပြားကို ဝယ်ယူနိုင်ဖို့ ကြိုးစားနေကြောင်း အမေရိကန်က ပြောကြားခဲ့ပါတယ်။ အီရန်က ထုတ်လုပ်တဲ့ ဖောက်ခွဲရေး ဒရုန်းတွေဟာ နည်းပညာပိုင်း အဆင့်မမြင့်ပေမယ့် စျေးသက်သာပြီး အုံလိုက်ကျင်းလိုက် ပစ်လွှတ်နိုင်သလို တာဝေး ပျံသန်းနိုင်စွမ်းလည်း ရှိတာကြောင့် ယူကရိန်း စစ်ပွဲကာလမှာ ရုရှားက အရေအတွက် အများအပြား ဝယ်ယူ အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ရုရှားလက်ထဲမှာ…
Read Moreမေ၊ ၁၄ ရုရှားအတွက် စစ်လက်နက်တွေ ထောက်ပံ့ပေးနေကြောင်း အမေရိကန်ရဲ့ စွပ်စွဲချက်ကို တောင်အာဖရိက အစိုးရက အတိအလင်း တုံ့ပြန် ငြင်းဆိုသွားခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်း စစ်ပွဲမှာ တောင်အာဖရိက အနေနဲ့ ဘက်မလိုက် မူဝါဒ တခုတည်းကိုသာ တက်တက်ကြွကြွ ကျင့်သုံးနေဆဲလို့ သမ္မတရဲ့ လုံခြုံရေး အကြံပေး အရာရှိက မေလ ၁၃ ရက်မှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ တောင်အာဖရိက နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး…
Read Moreမေ၊ ၁၃ ယူကရိန်းအတွက် တာဝေးပစ် ဒုံးကျည်တွေ ထောက်ပံ့မယ့် ဗြိတိန်ရဲ့ ဆုံးဖြတ်ချက်ကို ရန်လိုတဲ့ အပြုအမူ တခုအဖြစ် သတ်မှတ်ကြောင်း ရုရှားက သတိပေးလိုက်ပါတယ်။ အခုသီတင်းပတ်ထဲမှာ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ယူကရိန်းအတွက် ဝေဟင်ကနေ မြေပြင်ကို တာဝေး ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေ ထောက်ပံ့ပေးမယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။ Storm Shadow ဒုံးကျည်တွေကို တိုက်လေယာဉ်မှာ တပ်ဆင် ပစ်ခတ်ရတာဖြစ်ပြီး ကီလိုမီတာ ၂၅၀…
Read Moreမေ၊ ၁၃ လပေါင်း အတော်ကြာအောင် အောက်စည်းကနေ ခုခံနေရတဲ့နောက် ဘက်ခ်မတ် စစ်ပွဲမှာ တိုက်စစ်ဆင်ပြီး နယ်မြေတ ချို့ ပြန်လည် သိမ်းပိုက်လာနိုင်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က ကြေညာခဲ့ပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက သတ္တုတွင်းလုပ်ငန်းတွေ ထွန်းကားခဲ့ဖူးရာ မြို့လေးကို သိမ်းပိုက်နိုင်ဖို့ ရုရှားတပ်တွေက မနှစ်ကတည်းက စတင်ပြီး ဝန်းရံ တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်း ခုခံရေး တပ်တွေဟာ မြို့ရဲ့ အစိတ်အပိုင်း တော်တော်များများကို လက်လွှတ်လိုက်ရပေမယ့်…
Read More