မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ ရာဇဝတ်ကျူးလွန်မှုသက်သေမှတ်တမ်းတွေကို စုဆောင်းထိန်းသိမ်းထားကြဖို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့က ဒီနေ့မှာတိုက်တွန်းလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက ဒီမိုကရေစီလိုလားနဲ့ ဆန္ဒပြပွဲတွေကို လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်နှိမ်နင်းမှုအတွင်း ဆန္ဒပြသူအယောက် ၁၈၀ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ပြောပါတယ်။ တကယ့်ကိုအရေးကြီးတဲ့ နိုင်ငံတကာဆိုင်ရာ ရာဇဝတ်မှုတွေရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေဟာ အဆင့်မြင့်အရာရှိခေါင်းဆောင်ပိုင်းတွေ ဖြစ်တယ်လို့ အဲ့ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့အကြီးအကဲ Nicholas Koumjianက ထုတ်ပြန်ချက်မှာ ပြောပါတယ်။ “သူတို့က ကိုယ်ထိလက်ရောက် ပြစ်မှုကျူးလွန်တဲ့သူတွေ မဟုတ်သလို…
Read More