ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ ခုနှစ်ခုမြောက်အဖြစ် ရမ်းဗြဲမြို့နယ်ကို AAသိမ်းပိုက်

မတ်၊ ၇ ရခိုင်ပြည်နယ်အလယ်ပိုင်းရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် (AA)သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။  စစ်ကောင်စီဖက်က လေကြောင်းနဲ့လက်နက်ကြီးပစ်ကူသုံးပြီး အပြင်းအထန်ခုခံခဲ့ပေမယ့် AAကနှစ်လကျော်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့တာပါ။ ရမ်းဗြဲမြို့နယ်မှာ နောက်ဆုံးကျန်ရှိနေတဲ့သိမ်တောင်တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မနေ့ကမတ်လ၆ ရက်မှာ စစ်ရေယာဥ်နဲ့ဆုတ်ခွာစဥ် AAကတိုက်ခိုက်ခဲ့ပြီးနောက်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ AAနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]