ဒီနေ့ဇွန်လ ၁၂ ရက်နေ့မနက်အာရုံဦးမှာ “တိုင်းပြည်သေဒဏ်သင့်နေသဖြင့် ယနေ့ဘုရားပိတ်သည်” စာတန်းကို ရွှေတိဂုံစေတီတော် စောင်းတန်းမုခ်ဦးဝမှာ ချိတ်ဆွဲပြီး ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တာပါ။ မနက်ဖြန်ကျရောက်မယ့် ဇွန်လ ၁၃ ရက်၊ နယုန်လပြည့်နေ့မှာ ဘုရားစေတီပုထိုးများကို သွားရောက်ဖူးမျှော် တာတွေမလုပ်ပဲ ရင်ပြင်တော်ပေါ် တိတ်ဆိတ်ခြောက်ခြားစေခြင်းနဲ့ သပိတ်မှောက် ဆန္ဒထုတ်ဖော်ကြဖို့ ရန်ကုန်လူထုသပိတ်မှ ပြည်သူတစ်ရပ်လုံးကိုတိုက်တွန်းနှိုးဆော်မှုပြုလိုက်တာပါ။ အဆိုပါ လှုပ်ရှားမှုရည်ရွယ်ချက်ဟာ နိုင်ငံတော်အာဏာမတရားသိမ်းယူခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စု အနေနဲ့ ဥပဒေမဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ ထောင်တွင်းနဲ့စစ်ကြောရေးတွေမှာ…
Read More