စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ကလေးမြို့ကို သွားတဲ့ မဟာမြိုင်ကားလမ်းကို တိုက်ပွဲအခြေအနေတွေကြောင့် လမ်းပိတ်ထားတာ တပတ်နီးပါးကြာမြင့်နေပြီဖြစ်ပြီးလက်ရှိအချိန်ထိ လမ်းမှာကားတွေပိတ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ တန့်ဆည်နဲ့ မဟာမြိုင်လမ်းဘက်မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် လမ်းတွေပိတ်နေတာဖြစ်ပြီးပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့စပြီး လမ်းကိုပိတ်ထားတာဟာ ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်အထိလမ်းတွေပြန်မဖွင့်သေးဘူးလို့လည်း ခရီးသွားတွေကပြောပါတယ်။ လက်ရှိကားတွေပိတ်နေတာကြောင့် ကလေးဒေသကိုပို့မယ့် ကုန်ပစ္စည်းတွေလည်းလမ်းမှာပိတ်မိနေပြီး ပစ္စည်းပြတ်လပ်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ” ကွမ်းရွက်တွေလည်းပြတ်ပြီ။ လမ်းမှာပုတ်ကုန်ပြီလားတောင်မသိဘူး။ အောက်ပိုင်းကလာတဲ့မုန့်ပဲသရေစာနဲ့ ဖက်ကြမ်းဆေးလိပ်တွေလည်းပြတ်ပြီ။ ဝယ်မရတော့ဘူး” လို့…
Read Moreစစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်းဆောရပ်ကွက်မှာ ဒီကနေ့ ဇန်နဝါရီ (၅) ရက်နေ့လယ်ပိုင်းမှာ စွန့်ပစ်ထားတဲ့ မွေးကင်းစကလေး အလောင်းတလောင်း တွေ့ခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။ “ကလေးက အလောင်းက ယောက်ျားလေး၊ ထန်းတောကြီးအင်းစပ်မှာ ငါးမျှားနေတဲ့သူတွေက တွေ့လို့အကြောင်းကြားတာနဲ့ သွားဆယ်ခဲ့တာ ကလေးအနှီးမှာ သူ့မွေးနေ့ပါတယ်၊ ကလေးက (၂) ရက်နေ့ကမွေးတာဆိုတော့ ဒီနေ့ဆိုသုံးရက်သားပေါ့” လို့ မုံရွာမြို့က မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ အဲ့ဒီကလေး ရုပ်အလောင်း…
Read Moreစစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ ကွမ်းယာဝယ်နေတဲ့ ရဲတွေကိုအနီးကပ်ပစ်ခတ်ခဲ့ပြီး ရဲစခန်းမှူး အ ပါအဝင် သုံး ဦးသေဆုံးသွားတယ်လို့ မုံရွာခရိုင် တပ်ရင်း(၇) – Lightning People Defence Force ကထုတ်ပြန်ပါတယ်။ မုံရွာမြို့ အမှတ်(၂)ရဲစခန်း ကရဲတွေလိုက်ပါလာ တဲ့ကားဟာ နန္ဒဝင်ရပ်ကွက်၊ သမစိတ္တလမ်း မှာဒီနေ့ ဒီဇင်ဘာ (၂၆) ရက် မနက် ၇ နာရီကျော် လောက်က ကားရပ်ပြီးကွမ်းယာဝယ်နေချိန် PDF တွေက အ…
Read Moreစစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာရှိတဲ့ မုံရွာမြို့ဝင်ရပ် အနောက်ခြမ်းမှာ ဒီကနေ့ ဒီဇင်ဘာ ၇ ရက်ညနေပိုင်းကစလို့ ပစ်ခတ်သံတွေဆက်တိုက်ကြားနေရတာကြောင့် ဒေသခံတွေ ရပ်ကွက်တွေထဲကနေ ထွက်ပြေးနေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ‘’ပစ်သံတွေကတော့ ကြားနေရတာ မဆန်းတော့ဘူး။ အခုရက်ထဲ ပိုစိပ်လာတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်ဂိတ်တိုက်ခိုက်ခံရပြီးတော့ ပိုဆိုးလာတာ။ မင်းတို့ ရပ်ကွက်တွေ မီးနဲ့တိုက်မယ်လည်းပြောတယ်။ ဒေသခံတွေကတော့ အဲ့ဒီရက်ကလည်း လူ ၃၀၀၀ လောက်ရှိမယ် စပြီးစစ်ရှောင်နေကြတာ’’ လို့ မုံရွာမြို့ခံတဦးကDNA ကိုပြောပါတယ်။…
Read Moreစစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်က ပြည်သူပိုင် အဆောက်အအုံတခုထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာမှာ နှစ်ဘက်ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ အဲ့ဒီပစ်ခတ်မှုမှာပါဝင်ခဲ့တဲ့ Monywa Ranger Army တာဝန်ခံက DNA ကိုပြောပါတယ်။ ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အဲ့ဒီအဆောက်အဦးအတွင်းက စစ်တပ်ကို ဒီဇင်ဘာ (၅) ရက် မနက်ဆယ်နာရီဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ တိုက်ခိုက်ချိန် ဆယ်မိနစ်ဝန်းကျင်ရှိခဲ့တဲ့ အဲ့ဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ရှစ်ဦးသေပြီး…
Read Moreစစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ခိုးဆိုးလုယက်မှုတွေနဲ့ ဓားပြမှုကျူးလွန်သူ ၃၇ဦးကို မုံရွာ ပလဖက ဖော်ထုတ်ဖမ်းဆီးထားတယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့- မြို့နယ် ပ.လ.ဖ ကDNA ကိုပြောပါတယ်။ မုံရွာမြို့ပေါ်မှာ ခိုးဆိုးလုယက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး ခိုးဆိုးလုယက်မှုကျူးလွန်သူတွေကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ က ဖမ်းဆီးအရေးယူတာမရှိဘဲ ပျက်ကွက်နေတာကြောင့် မုံရွာပလဖကနေ အခုလိုအရေးယူမှုတွေပြုလုပ်တာဖြစ်တယ်လို့ဆိုပါတယ်။ “မုံရွာမြို့ပေါ်မှာ ခိုးဆိုးလုယက်မှုတွေကိုလုပ်နေတဲ့သူတွေကို ကျွန်တော်တို့ ဖော်ထုတ်ဖမ်းဆီးထားပါတယ်။ ခိုးဆိုးလုယက်မှုတွေကို ဦးဆောင်နေတဲ့သူကို KTV တစ်ခုမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ ဒီကောင်တွေအလုပ်လုပ်ချိန်ကညပိုင်းတွေမှာ အများပြည်သူတွေ…
Read Moreစစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အမျိုးသားနှစ်ယောက် ဆိုင်ကယ်အတူတွဲစီးနင်းလို့စစ်တပ်က ပစ်ခတ်တာခံရသူတွေရှိသလို ဖမ်းဆီးငွေညှစ်ခံရသူတွေလည်း အများအပြားရှိနေတယ်လို့ မြိုခံတွေနဲ့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။ စစ်အာသိမ်းတာကိုဆန့်ကျင်မှုအားကောင်းတဲ့ မုံရွာမြို့မှာတော့ စစ်ကောင်စီကအမျိုးသားနှစ်ယောက်တွဲဆိုင်ကယ်မစီးဖို့ တားမြစ်ထားပြီးနောက်ပိုင်းမှာ ဆိုင်ကယ်စီးသူတွေကို ပစ်ခတ်တာဖမ်းဆီးတာတွေ ဆက်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့သိရသလောက်ဆိုရင် အမျိုသားနှစ်ယောက်အတူ ဆိုင်ကယ်စီးလာလို့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်လို့ သေဆုံးသူ သုံးယောက်ရှိသွားပြီ။ အဖမ်းခံရတဲ့သူကလည်း ၁၀၀ ကျော်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဖမ်းခံရတဲ့သူတွေဆို ငွေပေးပြီးမရွေးနိုင်ရင်ထောင်ချပစ်တယ်”လို့မြို့တွင်းကသတင်းအချက်အလက်တွေကိုစုစည်းရေးသားဖော်ထုတ်နေတဲ့ Monywa Road Information က…
Read Moreစစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် ဘိုးဘွားရိပ်သာ တောင်ဘက်အနီးမှာ အကြမ်းဖက်စစ်ကောင် စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ် ရေး တပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်က တဦးသေတယ်လို့ မုံရွာအခြေစိုက် Golden Eagle Force – Monywa က သတင်းထုတ်ပြန်ပါတယ်။ မုံရွာမြို့ ဘိုးဘွားရိပ်သာအနီး လမ်းတနေရာမှာ မနေ့က အောက်တိုဘာ (၁၆)ရက် ညနေပိုင်းမှာ မိုင်းထောင်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိပ် တိုက်တိုးတာကြောင့် အပြန်အလှန်ပစ်ခတ်ခဲ့ရပြီး စစ်ကောင်စီတပ်သားတယောက် ဦးခေါင်းထိမှန်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်က…
Read Moreစစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်မှာ စစ်သားနဲ့ ပျူစောထီးအဖွဲ့ဝင်တွေမောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးကို ဒီကနေ့ အောက်တိုဘာ (၁၁) ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ မိုင်းခွဲတိုက် ခိုက်ခဲ့ပြီး နှစ်ဦးသေဆုံးတယ်လို့ Golden Egale Force-Monywa က ထုတ်ပြန်ပါတယ်။ “စစ်ခွေးတွေပါ အရပ်ဝတ်တွေနဲ့၊ သူတို့ကို ချောင်း နေတာကြာပြီ၊ ဒီနေ့တောင် မိုင်းဆွဲတော့ ကျွန်တော် တို့ ရဲဘော်တွေ ပြန်ပစ်ခံရတယ်၊ နောက်ခန်းက ခွေး တွေပစ်တာ၊ ရဲဘော်တွေကိုမြင်သွားပြီး…
Read Moreမုံရွာမြို့က အနောက်မြောက်ပိုင်းစစ်ဌာနချုပ်နဲ့မုံရွာမြို့နယ် သာစည်ကျေးရွာမှာ အသစ်ဆောက်လုပ်ထားတဲ့ အ ကျဥ်းထောင်တို့ကို အောက်တိုဘာ (၉) ရက်သီတင်းကျွတ်လပြည့်နေ့မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေက လက် နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။ “ပစ်ရတဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်၊စစ်ကြောင်းထွက်ရင် နမခ တို့ကနေထွက်တာလေ၊ စစ်ကြောင်း ထွက်တော့ သူတို့မိသားစုတွေကျန်ခဲ့တယ်၊သူတို့တွေစစ်ကြောင်းထွက်နေတုန်းမှာ သူတို့မိသားစုတွေကို လုံခြုံမှု မပေးနိုင်ဘူးဆိုတာသိအောင်ပါ” လို့တာဝန်ခံကပြောပါတယ်။ မုံရွာမြို့အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မနက်တစ်နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး သာစည်ရွာ အကျဥ်းထောင်ကို ညရှစ်နာရီမှာ…
Read More