မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ထဲက သူရိယဆေးခန်းပိုင်ရှင် ဒေါက်တာ အောင်အောင်ထွန်း နဲ့အစ်ဖြစ်သူ မဟေမာဦးတို့ မောင်နှမကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခဲ့တယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက အတည်ပြုပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီလတုန်းက စစ်ကောင်စီတပ်ဖွဲ့တွေက ဆရာဝန်၂ဦးအပါအဝင် ဖခင်ဖြစ်သူကို ဆေးခန်းအတွင်း အရပ်ဝတ်တွေနဲ့ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အဲဒီနောက်ဖခင်ဖြစ်သူကိုတော့ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ နဲ့…
Read Moreမန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံးမှာ မီတာခလာဆောင်သူတွေကို မူးယစ်သောက်စားထားတဲ့ စစ် ကောင်စီ လက်အောက်ခံ ရဲတပ်သားက သေနတ်မောင်းတင်ကာ ပစ်ခတ်မယ်လို့ အော်ဟစ်ဆဲဆိုခြိမ်း ခြောက် ခဲ့သလိုPDF တွေကိုလည်း ဆဲဆိုစိန်ခေါ်တာတွေလုပ်ခဲ့တယ်လို့ ကိုယ်တွေ့ကြုံခဲ့သူတချို့က DNA ကိုပြော ပါတယ်။ ပုသိမ်ကြီးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှာ ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ တနာရီကျော်က မီတာလာရောက်ပေး ဆောင်သူတွေများပြားနေချိန် ရုံးအဝင်မှာ လုံခြုံရေးအစောင့်တာဝန်ကျနေတဲ့ ရဲတပ်သားတဦးက အရက်မူး လွန်ကာ ဆဲဆိုခြိမ်းခြောက်ခဲ့တာဖြစ်တယ်လို့…
Read Moreမန္တလေးမြို့မှာ မနေ့ဇန်နဝါရီလ ၁၂ ရက်နေ့တရက်တည်း စစ်ကောင်စီအခြေစိုက်တဲ့ နေရာ ၃ ခုမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက DNA ကို အတည်ပြုပြောဆိုပါတယ်။ မနေ့က ညနေ ၇ နာရီလောက်မှာ ပြည်ကြီးတံခွန်မြို့နယ် ၅၆ လမ်း၊ ၁၂၀ လမ်းနဲ့ ၁၂၁ လမ်းကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ သင်ပန်းကုန်း ရဲစခန်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ” ပေါက်ကွဲသံက ၂ ချက်ကြားလိုက်ရတာ ဆက်တိုက်တော့ မဟုတ်ဘူး ။တလုံးပြီးမှာ…
Read Moreမန္တလေးမြို့ပေါ်က ရပ်ကွက်တချို့မှာ စစ်ကောင်စီက မဲစာရင်းအတွက် အိမ်ထောင်စုလူဦးရေ စာရင်းကောက်ယူတာတွေလုပ်ဆောင်နေပြီး အဲဒီနေရာ နေရာတချို့မှာ ပေါက်ကွဲမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက DNA ကိုအတည်ပြုပြောဆိုကြပါတယ်။ မနေ့က ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်း အချိန်မှာ စစ်ကောင်စီရဲ့ အိမ်ထောင်စုစာရင်းကောက်တဲ့ နေရာ ၅ ခုကို ဖောက်ခွဲအသိပေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ No More Dictatorship People Defence Force – NMD ပျောက်ကြားအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။ ”…
Read Moreမန္တလေးမြို့ အမရပူရမြို့အတွင်းမှာ စစ်ကောင်စီရဲ့ယာဉ်တန်းကို ချိန်ကိုက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defence Force – NMD PDF က သတင်း ထုတ်ပြန်ပါတယ်။ မနေ့က ညနေ ၄ နာရီလောက်မှာ အမရပူရမြို့ ပုထိုးတော်ကြီးဘုရား အရှေ့ဘက်ပေါက် ခေါင်းလောင်းကြီးအနီးမှာ စစ်ကောင်စီရဲ့ DC ကား နှစ်စီးဖြတ်သန်းလာချိန် ချိန်ကိုက်မိုင်းနဲ့ တိုက်ခိုက်ရာ အနောက်တစီး မိုင်းထိမှန်သွားတယ်လို့ဆိုပါတယ်။ အဲဒီနေရာဟာ လူစည်ကားတဲ့နေရာတခုဖြစ်ပြီး…
Read Moreမန္တလေးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ မန္တလေးခရိုင် ပြန်ကြားရေး တာဝန်ခံ နဲ့အတူ လူငယ် ၃ ဦးကိုစစ်ကောင်စီ ဖမ်းဆီးလိုက်တယ်လို့ အဲဒီလူတွေနဲ့ နီးစပ်သူတွေကပြောပါတယ်။ မနေ့က ဇန်နဝါရီလ ၈ ရက်နေ့မှာ NLD ပါတီ ခရိုင်ပြန်ကြားရေး တာဝန်ခံ ဦးစိန်လှအောင်အပါအဝင်၄ဦးကို ချမ်းအေးသာစံမြို့နယ် ၃၂လမ်းနဲ့ ၈၅လမ်းမှာရှိတဲ့ မဟာရန်ကုန်လက်ဖက်ရည်ဆိုင်အသွားလမ်းမှာ ဖမ်းဆီးခံလိုက်ရတာလို့ သိရပါတယ်။ မဟာအောင်မြေ မြိုနယ်၊ ၈၆ လမ်း၊ လမ်း၄၀နှင့်၄၁ ၄၁လမ်းကြားရှိ တောင်ခွန်မင်းကြီးတိုက်ပါဠိကျောင်းမှာ ပြီးခဲ့တဲ့…
Read Moreမန္တလေးမြို့မှာ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့ ကြယ်ညွှန်ရာ သစ္စာဇာတ်လမ်းတွဲမှာ ဇာတ်ဝင်တေး သီဆိုခဲ့တဲ့ Space Bar ကိုဗုံးထုခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းက ၆၂လမ်း၊ ၃၆လမ်းx ၃၇လမ်းကြားရှိတဲ့ Space Barကို မြို့ပြပျောက်ကြားတွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မန္တလေးမြေပြင်သတင်းအရင်းအမြစ်တွေကဖော်ပြကြပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဘားအပြင်မှာ ရှိနေတဲ့ အိမ်စီးကားတစီးမီးလောင်သွားပြီး လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ မြေပြင်အခြေအနေသိရှိတဲ့ ဒေသခံက ပြောပါတယ်။ ” Space Bar…
Read Moreမန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မြို့ပြပျောက်ကြားအဖွဲ့ဝင် UG တွေ အစုလိုက်အပြုံလိုက်ဖမ်းမိတယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် မြို့အဝင်အထွက်တွေမှာ စစ်ဆေးရေးကို တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၃ ရက်မှာလည်း မန္တလေးမြို့အဝင်တွေဖြစ်တဲ့ ရွှေကျင်ဂိတ်၊ ၁၆ မိုင်တိုးဂိတ်၊ ရတနာပုံ တံတားအဆင်း နှာပေါက်နဲ့ ထုံးဘိုဂိတ်တွေမှာ စစ်ဆေးရေးတွေမှာ စစ်ဆေးတင်းကျပ်နေတယ်လို့ဆိုပါတယ်။ ဒါအပြင် မြို့ပေါ်မှာလည်း နေရာအနှံဆိုသလို ရွေ့လျားပုံစံနဲ့ စစ်ကောင်စီက စစ်ဆေးရေးတွေ လုပ်နေတယ်လို့ မြို့ခံတွေက…
Read Moreမန္တလေးမြို့မှာ ဒီကနေ့ ဇန်နဝါရီ ၂ ရက် တရက်တည်းမှာပဲ အမျိုသား ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီးသေဆုံးတဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မနက်ပိုင်း နံနက် ၈ နာရီခွဲလောက်မှာ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်၊ ၃၄ လမ်း၊ ၈၉ လမ်းနှင့် လမ်း ၉၀ ကြားမှာ အသက် ၅၀ အရွယ် အမျိုးသားတဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးတဲ့ဖြစ်စဉ်…
Read Moreမန္တလေးမြို့မှာ ဒေသကာကွယ်ရေး ပျောက်ကြားအဖွဲ့ ( PDF ) ၁၆ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမီခဲ့တယ်လို့ စစ်ကောင်စီက မနေ့ဇန်နဝါရီ ၁ရက်နေ့ညပိုင်းမှာ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ စတင်ပြီး Mandalay Young Force (MYF) နဲ့ ဝက်လက် PDF အဖွဲ့ဝင် (၁၆)ဦး ဖမ်းမိထားတာလို့ဆိုပါတယ်။ ဒီဇင်ဘာ(၃၁)ရက် ညနေပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်၊…
Read More