မင်းအောင်လှိုင်လာဖို့ရှိတဲ့မင်္ဂလာဒုံမှာပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်

မင်းအောင်လှိုင်လာဖို့ရှိတဲ့မင်္ဂလာဒုံမှာပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်

အာဏာသိမ်းစစ်ခေါင်းဆောင်မင်း​အောင်လှိုင်လာဖို့ရှိတဲ့ မင်္ဂလာဒုံမြို့နယ်နဲ့ အနီးတဝိုက်မှာ လုံခြုံရေး တင်းကြပ်ထား တဲ့ကြားကပေါက်ကွဲမှု တွေဆက် တိုက်ဖြစ်နေပါတယ်။   မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့တပ်မတော်ဆေးတက္ကသိုလ်ကျောင်းဆင်းပွဲကို အခုလထဲပြုလုပ်ဖို့ရှိပြီး မင်း အောင်လှိုင်တက်ရောက်မှာဖြစ်လို့နိုဝင်ဘာလကုန်ပိုင်းကတည်းအဲဒီမြို့နယ်မှာလုံခြုံရေးတင်းကြပ်မူတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။   အဲဒီလိုလုံခြုံရေးတင်းကြပ်ထားတဲ့ကြားက မနေ့ည က မင်္ဂလာဒုံမြို့နယ်၊မြို့မရဲစခန်းအဝေးထိန်း လက်လုပ်မိုင်းနဲ့ဖောက်ခွဲခံရသလိုဒီကနေ့မနက်မှာလည်း အမှတ်(၃)လမ်းဆုံက စစ်ဆေးရေးဂိတ် အ ဝေးထိန်းဗုံးနဲ့တိုက်ခိုက်ခံရပါတယ်။   ဒီကနေ့မနက် တိုက်ခိုက်မူကို Yangon UG Association (YUA)အဖွဲ့ဝင် God’s Hand Forces(GHF)ရဲ့တပ်ခွဲ(၆)ဖြစ်တဲ့Black Fox…

Read More
ဇေကမ္ဘာဝန်းထဲမှာ ယာဉ်မောင်းကိုဓားနဲ့ထိုးပြီး ကားလုယက်မှုဖြစ်ပွာ

ဇေကမ္ဘာဝန်းထဲမှာ ယာဉ်မောင်းကိုဓားနဲ့ထိုးပြီး ကားလုယက်မှုဖြစ်ပွာ

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းအတွင်းမှာ ယာဉ်မောင်းဖြစ်သူနဲ့ ဓားနဲ့ထိုးကာ အိမ်စီးကားတစ်စီးကို လုယက်ခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က မတ်လ ၃ရက်နေ ည၈နာရီခန့်မှာ ဇေကမ္ဘာဝန်းအတွင်းမှာ အိမ်စီးကားတစ်စီးမောင်းနှင်လာတာကို ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသား၃ဦးက ကားကိုတားပြီး ယာဉ်မောင်းဖြစ်သူကို ဓားနဲ့ထိုးကာ ကားကိုလုယူသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ယာဉ်မောင်းဖြစ်သူကတော့ ထိုးသွင်းဒဏ်ရာနဲ့ အသက်ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။ “ဆိုင်ကယ်တစ်စီးနဲ့ လူ၃ယောက်က ကားကိုတားပြီးတော့ ယာဉ်မောင်းကောင်လေးကို သတ်ပြီး ကားရော အကုန်ယူပြေးသွားတာလို့ ကြားတာပဲ၊…

Read More
မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးက စစ်အုပ်စုခန့် အုပ်ကြီး အပစ်ခံရ

မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးက စစ်အုပ်စုခန့် အုပ်ကြီး အပစ်ခံရ

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်လင်းကို အမည်မသိ သေနတ်သမားအဖွဲ့က ပစ်ခတ်သွားတာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းမှာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းဟာ ရာအိမ်မှူးတစ်ဦးနဲ့ ရုံးဖွင့်ဖို့ ထွက်လာစဉ်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “သုံးချက်ပစ်သွားတာ ပွဲချင်းပြီးပါပဲ သူ့ကို ဒလန်ဆက်မလုပ်ဖို့နဲ့ အုပ်ကြီးကနေထွက်ဖို့ သတိပေးခံရတာ အကြိမ်မနည်းဘူး ဆက်လုပ်နေတော့ ရှင်းပစ်လိုက်တာနေမယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပက်သက်ပြီး…

Read More
တပ်နယ်မြေ မင်္ဂလာဒုံက ထွေအုပ်ရုံး အပစ်ခံရပြီး သေဆုံးသူရှိ

တပ်နယ်မြေ မင်္ဂလာဒုံက ထွေအုပ်ရုံး အပစ်ခံရပြီး သေဆုံးသူရှိ

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ထွေအုပ် ၃၃နှစ်ပြည့် အခမ်းအနား ပြုလုပ်နေစဉ်မှာ အမည်မသိသေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်သားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၇ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ အမည်မသိသေနတ်သမားတစ်ဦးက စက်သေနတ်နဲ့ အတွဲလိုက်ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ကင်းစောင့်နေတဲ့ စစ်သားတစ်ဦးနဲ့ သန့်ရှင်းရေးအမျိုးသမီးတစ်ဦးသေဆုံးကာ စစ်သားတစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကနဦး သတင်းတွေအရ…

Read More
စစ်တပ်နယ်မြေ မင်္ဂလာဒုံမှာ အုပ်ကြီးတစ်ဦး အပစ်ခံရ

စစ်တပ်နယ်မြေ မင်္ဂလာဒုံမှာ အုပ်ကြီးတစ်ဦး အပစ်ခံရ

၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုကြီးစိုးတဲ့ မင်္ဂလာဒုံမြို့နယ်မှာ စစ်အုပ်စုကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ အောက်တိုဘာလ ၂၆ရက်နေ့ မနက် ၅နာရီခန့်မှာ ကုန်းတလပေါင်းစံပြကျေးရွာက အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်ဟာ စက်ရုံဆင်းအလုပ်သမားတွေကို သွားရောက်ပို့ဆောင်ပြီး အပြန် တပ်ရင်း (၉)အနီးမှာ အမည်မသိသေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ “သူက ရပ်ကွက်ထဲမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ယောက်ကိုလည်း လိမ်ပြီးတော့ အမှုဖွင့်ခဲ့သေးတဲ့သူ၊ နုတ်ထွက်စာအတင်ပြပြီးတော့ အုပ်ကြီးဆက်လုပ်နေတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အခုလို…

Read More