ဒေသအလိုက် သတင်းကဏ္ဍ

မင်္ဂလာဒုံက မြို့စွန်မြေကွက်တွေ ထုတ်ရောင်းမှုများလာ

မင်္ဂလာဒုံမြို့နယ်မှာ ကျူးကျော်လို့ဆိုပြီး နေအိမ်သောင်းချီ ရှင်းလင်းဖယ်ရှားခံရပြီးနောက် မြို့စွန်ကမြေကွက်တွေကို ပြန်လည်ရောင်းထုတ်မှုတွေ များလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မင်္ဂလာဒုံမြို့စွန်က အကွက်ရိုက်ထားတဲ့ တန်ဖိုးနည်း မြေကွက်တွေကို ပြန်လည်ရောင်းချတာတွေ ပိုပြီးတွေ့လာရတယ်လို့ သူတို့ကဆိုပါတယ်။ “နဂိုဝယ်ထားသူတွေက ကြောက်ပြီးပြန်ရောင်းထုတ်လာကြတာ၊ အချိန်မရွေး ကျူးကျော်ဆိုပြီးအသိမ်းခံရမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ထောက်ခံသူတွေကို ရပ်/ကျေးအုပ် ချုပ်ရေးမှူးတွေအဖြစ် အစားထိုးခန့်အပ်နေ

အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ်လို့ပြောဆိုထားတဲ့ ရွေးကောက်ပွဲ နီးကပ်လာချိန် အခုနှစ် ကုန်ပိုင်းမှာ လက်ရှိရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို အနားပေးပြီး စစ်အုပ်စုထောက်ခံသူတွေနဲ့ ပြည်ခိုင် ဖြိုးပါတီဝင်တွေကို အစားထိုးခန့်အပ်တာတွေ လုပ်နေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက စုံစမ်း သိရှိရပါတယ်။   လက်ရှိမှာ ရန်ကုန်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နေအိမ်သောင်းချီဖျက်ထားတဲ့မင်္ဂလာဒုံမှာ နေအိမ်ဖယ်ရှားခိုင်းမှုတွေဆက်လုပ်နေ

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြောက်ပိုင်း၊ တောရကျောင်းလမ်းက နေအိမ်နဲ့ ဆိုင်ခန်းတွေကိုဖျက်သိမ်းဖယ်ရှားဖို့စစ်ကောင်စီကထပ်မံဖိအားပေးနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ မင်္ဂလာဒုံမြို့နယ်မှာပြီးခဲ့တဲ့လအတွင်းရပ်ကွက် ၅ ခုက နေအိမ်တွေကိုစစ်ကောင်စီကဖယ်ရှားရှင်းလင်းပြီးအခုထပ်ပြီးသတိပေးချက်ထွက်လာတာဖြစ်ပါတယ်။ “အရင်ပလပ်မြေမှာနေတဲ့သူတွေ၊နေခဲ့တာလည်းနှစ်အတော်ကြာနေပြီ၊ အခုမှကျူးကျော်ဆိုပြီးဖျက်သိမ်းဖို့သတိပေးခံရတာ”လို့ အဲဒီရပ်ကွက်မှာနေထိုင်သူတဦးကပြောပါတယ်။ အဲဒီလိုဖျကိသိမ်းဖယ်ရှားဖို့သတိပေးစာပို့ခံရတဲ့နေအိမ်တစ်ရာနီးပါးရှိပြီး ဒီဇင်ဘာ ၂၁ရက် နောက်ဆုံးထားရွှေ့ပြောင်းဖို့ ညွန်ကြားထားတယ်လို့သိရပါတယ်။ မင်္ဂလာဒုံမြို့နယ်မှာ နေအိမ်သောင်းနဲ့ချီဖျက်သိမ်းဖယ်ရှားခံထားရပြီး နောက်ထပ်ကျူးကျော်ဆိုကာဖျက်သိမ်းခိုင်းမူတွေရှိနေတာဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်္ဂလာဒုံမြို့နယ် ရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရ

မင်္ဂလာဒုံမြို့နယ်မြို့မရဲစခန်းကို မြို့ပြ UG အဖွဲ့တွေဖြစ်တဲ့ CDUMအင်အားစုရဲ့မဟာမိတ်အဖွဲ့တွေက ဒီဇင်ဘာ ၇ရက် ညပိုင်းမှာ အဝေးထိန်းလက်လုပ်မိုင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ CDUMပြန်ကြားရေးတာဝန်ခံက DNAကို ပြောပါတယ်။  အဲ့ဒီရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ ဖမ်းဆီးခံရဲဘော်တွေရဲ့ မိသားစုဝင်တွေဆီက အကြပ်ကိုင် ငွေကြေး တောင်း ခံတာ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်္ဂလာဒုံက နေအိမ်နဲ့ဆိုင်ခန်းတသောင်းကျော်ကို တပ်ပိုင်မြေလို့ဆိုကာ စစ်တပ်ကဖယ်ခိုင်းထား

မင်္ဂလာဒုံမြို့နယ်က တပ်ပိုင်မြေမှာကျူးကျော်လို့ဆိုပြီး နေအိမ်နဲ့ဆိုင်ခန်း တသောင်းကျော်ကို စစ်တပ်က ဖယ်ရှားခိုင်းထားပြီး အပြီးဖယ်ရှားဖို့ နောက်ဆုံးသတ်မှတ်ရက်ကိုတော့ ထပ်တိုးပေးထားတယ်လို့ သိရပါတယ်။ မင်္ဂလာဒုံမြို့နယ်အတွင်း ရပ်ကွက်ခြောက်ခုလောက်က ကျူးကျော်ဆိုတဲ့နေအိမ်နဲ့ဆိုင်ခန်းတွေကို စစ် တပ်က နိုဝင်ဘာ (၁၈)ရက် နောက်ဆုံးထားဖယ်ပေးဖို့ သတိ ပေးထားတာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်္ဂလာဒုံ၊ ရေကြည်အိုင်ရပ်ကွက်အုပ်ချုပ်ရေးရုံး ဗုံးပစ်တိုက်ခိုက်ခံရ

မင်္ဂလာဒုံမြို့နယ်၊ရေကြည်အိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့​တယ်လို့ Young Defence Power Force အဖွဲ့က ထုတ်ပြန်ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကို စက်တင်ဘာ ၃၀ရက် ည၈နာရီဝန်းကျင်မှာ မြို့ပြပြောက်ကျားအဖွဲ့တွေဖြစ်တဲ့ Young Defence Force နဲ့ HMAWBI REVOLUTION FORCE [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထောက်ကြန့်နယ်မြေရဲစခန်းကို Toxic Boys အဖွဲ့က ဗုံးဖောက်ခွဲ

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေရဲစခန်းမှာ ဒီကနေ့ ဇွန်လ ၁၀ရက် မနက် ၉နာရီ အချိန်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အခုဗုံးဖောက်ခွဲမှုဟာ ရန်ကုန်မြို့ရဲ့ တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Toxic Boys အဖွဲ့က လုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဗုံးပေါက်ကွဲမှုဟာ ပြင်းထန်တာကြောင့် ရဲစခန်းအနီးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်္ဂလာဒုံမြို့နယ်မှာ ကြံ့ဖွံ့ပါတီဝင်တစ်ဦးရဲ့ နေအိမ်အတွင်း ပစ်ခတ်မှုဖြစ်ပွား

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ၂/က စံပြရပ်ကွက် ခေတ္တာလမ်းမှာရှိတဲ့ ကြံ့ဖွံ့ပါတီဝင်တစ်ဦးရဲ့ နေအိမ်အတွင်းမှာ ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့ မနက် ၈ နာရီလောက်က ခေတ္တာလမ်းမှာရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]