မင်းကင်းက ပျူစောထီးစခန်းတခုကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ စီးနင်းတိုက်ခိုက်

မင်းကင်းက ပျူစောထီးစခန်းတခုကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ စီးနင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ရှဲနဲ့သေမသောက်ရွာတွေက ပျူစောထီးစခန်းတခုကို ဒီကနေ့ နိုဝင်ဘာ (၁)ရက်မနက်ပိုင်းက စီးနင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ငါးဦးသေပြီး လက်နက်သုံးလက်ရခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ S.R.Fပြန်ကြားရေးတာဝန်ခံ က DNA ကိုပြောပါတယ်။ “ဒေသတွင်းက ပျူစောထီးထဲဝင်ထားတဲ့သူတွေ နေတဲ့စခန်းပါ၊ စခန်းသိမ်းတဲ့အခြေအနေမျိုးတော့ မဟုတ်ခဲ့ပါဘူး၊ လက်နက်တော့ သုံးလက်ရခဲ့ပါတယ်” လို့ S.R.F ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စခန်းကိုဝင်ရောက်စီးနင်းတဲ့ ထိတွေ့တိုက်ပွဲကြာချိန် မိနစ်သုံးဆယ်ဝန်းကျင်ရှိခဲ့ပြီး ကာဘိုင် M 2သေနတ် သုံးလက် သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။…

Read More
မင်းကင်းမှာ ကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

မင်းကင်းမှာ ကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်းက People Defence Force Taung Dwin Region -Mingin တပ်ဖွဲ့က ရဲဘော်နှစ်ဦး စစ်ကောင်စီတပ်ကိုခုခံရင်း သတ်ဖြတ်ခဲ့ရပြီး ကျဆုံးခဲ့တယ်လို့ အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။ “အလောင်းကို အဲ့ဒီဖြစ်တဲ့နေရာမှာပဲတွေ့တာ၊ သယ်ဖို့မဖြစ်နိုင်တော့လို့ အဲ့ဒီနေရာမှာပဲ သင်္ဂြိုလ်ခဲ့ရတယ်” လို့ TDPDF MINGIN အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးနဲ့ စက်တင်ဘာ (၂) ရက်ကတည်းက…

Read More
သဲကြီးကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး ရွာကိုမီးရှို့ဖျက်ဆီ

သဲကြီးကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး ရွာကိုမီးရှို့ဖျက်ဆီ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နဲ့ မင်းကင်းမြို့ အစပ်မှာရှိတဲ့ သဲကြီးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ် ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး ရဟတ်ယာဉ် ၃စီးနဲ့ တပ်ကူပို့ကာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မင်းကင်း PDFမှ ဗိုလ်သိန်းငှက်က ပြောပါတယ်။ မနေ့က မေလ ၂၀ရက်နေ့ နေ့လည် ၁၂နာရီလောက်မှာ တိုက်လေယာဉ်နဲ့ ၁၀ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ကာ ရဟတ်ယာဉ်၃စီးနဲ့ တပ်ကူပို့ဆောင်ပြီး မောင်းပြန်သေနတ်တွေနဲ့ပါ အဆက်မပြတ်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အရပ်သားပြည်သူ မိန်းကလေး ၂ဦး၊ ယောင်္ကျားလေး…

Read More
မင်းကင်း-ကလေးဝလမ်းမှာ အိမ်စီးကား တစ်စီး မိုင်းထိပြီး အရပ်သား၆ ဦးသေဆုံး

မင်းကင်း-ကလေးဝလမ်းမှာ အိမ်စီးကား တစ်စီး မိုင်းထိပြီး အရပ်သား၆ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသ မင်းကင်းနဲ့ ကလေးဝကြားကားလမ်းမှာ အိမ်စီးကားတစ်စီး ဒီကနေ့မှာ မိုင်းနင်းမိလို့ ယာဥ်ပေါ်ပါလာတဲ့ အရပ်သား ၇ဦးအနက် ၆ဦးသေဆုံးခဲ့ပြီး တစ်ဦးပျောက်ဆုံးနေတယ်လို့ ဒေသခံ မီဒီယာ Zalen က ဖော်ပြချက်အရ သိရပါတယ်။ ဧပြီ ၅ရက် နေ့လည် ၁နာရီလောက်မှာ မင်းကင်းမြို့ကနေ ကလေးမြို့ကို ထွက်ခွာလာတဲ့ Hondafit အဖြူရောင်တစ်စီးဟာ မင်းကင်း-ကလေးဝလမ်းမှာ မိုင်းနှစ်လုံးဆင့်နင်းမိပြီး ပေါက်ကွဲခဲ့တာပါ။ ပေါက်ကွဲမှုအပြီး အဲ့ဒီ အိမ်စီးကားပေါ်မှာ လိုက်ပါလာခဲ့တဲ့ ဦးစိုးရာဇာ၊ ဒေါ်နွဲ့နွဲလင်း…

Read More
မင်းကင်းနဲ့ကနီကြား အကြမ်းဖက်စစ်တပ် ရောက်ရှိ၊ဒေသခံတွေ ရှောင်ရှားကြဖို့ သတိပေး

မင်းကင်းနဲ့ကနီကြား အကြမ်းဖက်စစ်တပ် ရောက်ရှိ၊ဒေသခံတွေ ရှောင်ရှားကြဖို့ သတိပေး

စစ်ကိုင်းတိုင်း၊ မင်းကင်းနဲ့ ကနီမြို့နယ်ကြားကို အကြမ်းဖက်စစ်တပ်တွေ စစ်ကြောင်းထိုးဝင်လာတာကြောင့် ဒေသခံတွေ ရှောင်ရှားကြဖို့ ကနီPDF က ဒီနေ့မနက်မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ မင်းကင်းတောင်တွင်းဒေသကနေတက်လာတဲ့ စစ်ကား‌(၄)စီးနဲ့ ခြေလျင်တက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးအင်အား ၈၀ လောက်ဟာ မတ်လ၃၁ရက်နေ့ ညနေမှာ မုံရွာ-ယာကြီး- ကလေးဝလမ်းပိုင်း၊ မိုင်တိုင်အမှတ် (၆၇) ကို ရောက်ရှိကာ ညအိပ်ရပ်နားနေကြောင်း ကနီPDF(၂)က ထုတ်ပြန်ပါတယ်။ ‘သူတို့ရည်ရွယ်ချက်ကို သဲသဲကွဲကွဲမသိရသေးပေမဲ့ ကျွန်တော်တို့အတွေ့အကြုံအရဆိုရင် ဒီလောက်အင်အား များများနဲ့လာတယ်ဆိုတာ ကျွန်တော်တို့ဒေသကိုဝင်မွှေဖို့…

Read More
မင်းကင်းဒေသ ဒီမနက်တိုက်ပွဲမှာ စစ်အုပ်စုဝင် ၈ ဦးသေ

မင်းကင်းဒေသ ဒီမနက်တိုက်ပွဲမှာ စစ်အုပ်စုဝင် ၈ ဦးသေ

ဒီနေ့မနက်ပိုင်း ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကျော်ရွာတိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စုဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၆ နာရီလောက်မှ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ၊ ကျော်ရွာကိုရောက်ရှိနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့၊ ပျူစောထီး စုစုပေါင်းအင်အား ၁၀၀ လောက်နဲ့ KPDF 2 (ကနီတပ်ရင်း၂)၊ TDPDF ၊ KLG PDF၊ ရွှေတြိဂံတပ်ရင်း၊ ရွှေသမင်မုဆိုး၊ မြွေဆိုးနှင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး မိနစ်၂၀ ကြာထိတွေ့တိုက်ပွဲ…

Read More
မင်းကင်း မီးဘေးသင့်နဲ့ စစ်ရှောင်တွေအတွက် ဆန် ၈၅ အိတ် ဒီပဲယင်း ၇ ရွာ လှူဒါန်း

မင်းကင်း မီးဘေးသင့်နဲ့ စစ်ရှောင်တွေအတွက် ဆန် ၈၅ အိတ် ဒီပဲယင်း ၇ ရွာ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျေးရွာ (၇) ရွာရှိ အလှူရှင်တွေ စုပေါင်းပြီး မင်းကင်းဒေသရှိ မီးဘေးသင့်နဲ့စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆန် (၈၅) တင်း လှူဒါန်းခဲ့ပါတယ်။ အဲဒီလှူဒါန်းတဲ့ ဆန် (၈၅) တင်းက Phoenix People’s Defence Force-Depeyin (ဒီပဲယင်း မီးငှက်အဖွဲ့) ကမင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံ ​အလှူရှင်တွေကိုယ်စား သွားရောက်ပို့ဆောင်ခဲ့တယ်လို့ PPDF(ဒီပဲယင်း မီးငှက်အဖွဲ့) က ထုတ်ပြန်ပါတယ်။ ‘ပြည်သူကနေ ပြည်သူကို ကူညီမှုအပေါ်…

Read More
မင်းကင်းမှာ မိုင်းရှင်းလူသားဒိုင်းအဖြစ် အကြမ်းဖက်တပ် ဖမ်းသွားသူ ၃၅ ဦး ရွာပြန်ရောက်

မင်းကင်းမှာ မိုင်းရှင်းလူသားဒိုင်းအဖြစ် အကြမ်းဖက်တပ် ဖမ်းသွားသူ ၃၅ ဦး ရွာပြန်ရောက်

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ဘင်ရွာကနေ မိုင်းရှင်းလူသားဒိုင်းအဖြစ် အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားသူ ၃၅ ဦး ရွာပြန်ရောက်ပြီလို့ သိရပါတယ်။ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူတွေထဲမှာ အသက် (၈၀) ကျော်တွေ၊ လေဖြန်းနေသူတွေ နဲ့ အမျိုးသမီးတွေ ပါဝင်ပြီး (၃) ညအိပ် (၄) ရက် ဆင်းဆင်းရဲရဲ နေခဲ့ကြတယ်လို့ မြစ်ရိုးအောက်ပိုင်းဒေသ ပြောက်ကျားအဖွဲ့က ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေကို ဆူးထူတဲ့တောမှာ မိုင်းရှင်းတဲ့သဘောနဲ့ ရှေ့ကနေသွားခိုင်းပြီး အသက်ကြီးတဲ့သူ တွေတချို့ ဖိနပ်မပါဘဲ…

Read More
မင်းကင်းမြို့မှာ ရဲတစ်ယောက်က ပြည်သူနှစ်ဦးကို သေနတ်နဲ့ပစ်သတ်

မင်းကင်းမြို့မှာ ရဲတစ်ယောက်က ပြည်သူနှစ်ဦးကို သေနတ်နဲ့ပစ်သတ်

၁၇ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။ မင်းကင်းမြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဩဂုတ်လ ၁၇ရက်နေ့ နေ့လည်ပိုင်းက လုံခြုံရေးတာဝန်ယူနေတယ်ဆိုတဲ့ အကြမ်းဖက်စစ်အုပ်စုဝင် ရဲတပ်ကြပ်တစ်ဦးက ပြည်သူနှစ်ဦးကို သေနတ်နဲ့ ပစ်ခဲ့တာကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ပါတယ်။ ကျေးရွာဖက်ကနေ မင်းကင်းမြို့မှာ စျေးလာဝယ်တဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို Mask မတပ်လို့ဆိုပြီး အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတပ်ကြပ် ဆန်းဝင်းအောင်က တားဆီးရိုက်နှက်ရာကနေ ပြည်သူနှစ်ဦးက ထွက်ပြေးတာကြောင့်…

Read More