ဒေသအလိုက် သတင်းကဏ္ဍ

မြိုင်တောင်ပိုင်းကို အကြမ်းဖက်တပ် စစ်ကြောင်းထိုး၊ ပန်တိုင်းတောရွာကို မီးရှို့

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းကို ဒီနေ့မနက်မှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပန်တိုင်းတောရွာကို မီးရှို့နေကြောင်း သိရပါတယ်။ ဒီနေ့မနက် ၇ နာရီလောက်ကစလို့ မြိုင်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းစထိုးခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတို့ဟာ မနက် ၇ နာရီခွဲလောက်မှာ ပန်တိုင်းတောရွာရဲ့ အနောက်တောင်ဘက်ခြမ်းကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြိုင်မြို့နယ်ထဲ လုယက်ထားသမျှ စစ်တပ်အထိုင်ချစခန်းဆီ လှည်းတွေနဲ့ ပို့ဆောင်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပိတောက်ကန်ရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ဟာ လုယက်ထားသမျှ ပြည်သူပိုင် ပစ္စည်းတွေကို လှည်းတွေနဲ့တင်ကာ အထိုင်ချစခန်းဆီ ဒီနေ့မနက်မှာ ထွက်ခွာသွားကြပြီလို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လက်ယက်မရွာ၊ ပြင်သာရွာ၊ကျောက်တောရွာ၊ တောင်ကိုင်းရွာ၊ ဖျသီးရွာ၊ သံဘိုရွာ၊ ပေါင်းတည်ရွာ၊ တောရွာနဲ့ ကြည့်ကန်ရွာတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပိတောက်ကန်ရွာထဲ ရောက်နေတဲ့ အကြမ်းဖက်တပ် ၉ နှစ်ကလေးငယ်ကို ဓားစားခံအဖြစ် ဖမ်းဆီးထား

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပိတောက်ကန်ရွာထဲ ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၉ နှစ်သားအရွယ် ကလေးတစ်ဦးကို ဓားစားခံအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ မေလ ၁၇ ရက်နေ့က အကြမ်းဖက်စစ်တပ်ဟာ ပိတောက်ကန်ရွာထဲကို ထပ်မံရောက်ရှိလာကာ မီးမလောင်ဘဲ ကျန်ခဲ့တဲ့အိမ်တွေက ပစ္စည်းတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေမျက်နီရွာ ရဲစခန်းသိမ်းတိုက်ပွဲ PDF ရဲဘော်တစ်ဦး ဒဏ်ရာရလို့ ပြန်ဆုတ်ခွ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာရဲစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ PDF ရဲဘော်တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့လို့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ မေလ ၁၆ ရက်နေ့ည ၈ နာရီ ၁၀ မိနစ်လောက်မှာ ထီးလင်း PDF က ရေမျက်နီရဲစခန်းကို စခန်းသိမ်းတိုက်ပွဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြိုင်မြောက်ပိုင်းရွာနှစ်ရွာ အကြမ်းဖက်စစ်တပ်လက်ချက်နဲ့ အိမ် ၇၀ နီးပါးပျက်စီး၊ ပြည်သူ ၃ ဦးသေ

အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်းနဲ့ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းရှိ ရွာ ၂ ရွာက ဘုန်းကြီးကျောင်းအပါအဝင်အိမ်ခြေ ၇၀ နီးပါး ပျက်စီးခဲ့ပြီး လူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ မေလ (၁၄) ရက်နေ့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆောမြို့မရဲစခန်းက ရဲတပ်သားနှစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ CDMပြုလုပ်

မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆောမြို့မရဲစခန်းက ရဲတပ်သားနှစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ CDM ပြုလုပ်လာတယ်လို့သိရပါတယ်။ ဆောတိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ထံ ခိုလှုံလာခြင်းဖြစ်ပြီး သူတို့နှစ်ဦးကို လုံခြုံစိတ်ချရတဲ့နယ်မြေမှာ ထားရှိတယ်လို့ ဆောမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဒီကနေ့ထုတ်ပြန်ပါတယ်။ CDM ရဲတပ်သား၂ဦးကို ထိုက်သင့်တဲ့ ဆုကြေးငွေချီးမြှင့်ဖို့ စီစဉ်နေတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထီးလင်းမှာ ဖုန်းနဲ့အင်တာနက်လိုင်း တစ်လအတွင်း ပြန်မဖွင့်ရင် ဆက်သွယ်ရေးတာဝါတိုင် အားလုံးကို ဖြိုမယ်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်းတွေကို တစ်လအတွင်း ပြန်မဖွင့်ပေးပါက ဆက်သွယ်ရေးတာဝါတိုင် အားလုံးကို ဖြိုချသွားမယ်လို့ YDF Htilin (Shwe Som Nyo) က ဒီကနေ့ သတိပေးလိုက်ပါတယ်။ မေ ၁၂ ရက်နေ့ကစလို့ တစ်လအတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စျေးသည်တွေဆီကနေ ဆိုင်ကယ်နဲ့ပိုက်ဆံတွေလုယူတဲ့ စစ်သားတစ်ဦးကို PDFတွေဖမ်းဆီး

မကွေးတိုင်း ပခုက္ကူမြို့မှာ စျေးသည်တွေဆီကနေ ဆိုင်ကယ်၊ဖုန်းနဲ့ ပိုက်ဆံတွေ လုယူခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုဝင် စစ်သားတစ်ဦး PDFတွေက ဖမ်းဆီးရမိခဲ့တယ်လို့ Young Force (UG)က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။ မနေ့က မေလ ၁၀ရက်နေ့ ညနေပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေလယ်ကျွန်းဒေသ ရွာ ၃ ရွာကို အကြမ်းဖက်စစ်တပ် ထပ်မံမီးရှို့

အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ရွာ ၃ ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာ မြေစွန်းရွာ၊ ဆည်သည့်မြင်ရွာနဲ့ ဘိစပ်ကုန်းရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ ရေစကြို သတင်းရင်းမြစ်တွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေလယ်ကျွန်းရွာတွေ မီးရှို့နေတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ရွာတွေ မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၁၀ နာရီခွဲလောက်က ရေလယ်ကျွန်းဒေသ၊ မဲကုန်းရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်တပ်ကို ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု တပ်ရင်းက တပ်ရင်းမှူး [ဆက်လက်ဖတ်ရှုရန်]