ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါ၊ ကန်ရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒေသခံရွာသား ၄ဦးကို ဖမ်းဆီးထား

မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဒေသခံရွာသား လေးယောက်ကို ဒီကနေ့ ဇွန်လ ၁၀ရက် မနက်ပိုင်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ရွာလယ်ပိုင်းက ကိုမင်းဆက်နိုင်နဲ့ဇနီးဖြစ်သူ မမျိုးမျိုးဝင်း၊ကန်ရွာတောင်ပိုင်းက ဦးလှပို၊ဦးထွန်းအေးတို့ဖြစ်တယ်လို့ ကန်ရွာဒေသခံတွေက DNAကို ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမှာ လက်နက်စုံသုံးတိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွား၊စစ်သား ၂၀ လောက်သေတယ်လို့ပြော

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်သား ၂၀ လောက်သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဇွန် ၈ ရက်နေ့မနက်ပိုင်းမှာ ဂန့်ဂေါမြို့နယ်၊ ရဲလှရွာကနေမွှေ့လယ်ရွာဘက်လာတဲ့ အင်အား ၁၅၀ လောက်ရှိတဲ့ စစ်‌ကြောင်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပဒေသာမိုင်း၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တဲ့ ဆောဝန်ထမ်းတချို့ ခံဝန်ကတိဖောက်ဖျက်နေ

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း ရှိ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တဲ့ဝန်ထမ်းတချို့ ခံဝန်ကတိဖောက်ဖျက်နေကြကြောင်း သိရပါတယ်။ ခံဝန်ကတိနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တဲ့ ဝန်ထမ်းတွေအနက် အခုအခါ ဆောမြို့နယ်ပြင်ပကိုသွားကာ စစ်အုပ်စု လုပ်ငန်းယန္တရားတွေမှာဆက်လက်ပါဝင်လုပ်ကိုင်နေသူတွေရဲ့စာရင်းကို ရရှိပြီးဖြစ်တယ်လို့ ဆောမြို့နယ်ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။ ခံဝန်ဖောက်ဖျက်တဲ့ဝန်ထမ်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုအရေးယူမလဲဆိုတာကို ဇွန်၆ရက်နေ့ကကျင်းပတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထီးလင်းမြို့ စင်းစယ်ရွာကို စစ်အုပ်စုမီးရှို့ဖျက်ဆီး ​နေအိမ် ၁၂လုံးနဲ့ စပါးတင်း ၅၀၀ကျော်ပျက်စီး

မကွေးတိုင်း ထီးလင်းမြို့နယ် စင်းစယ်ကျေးရွာကို စစ်အုပ်စုတွေ ဒုတိယအကြိမ်ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ် ၁၂လုံးနဲ့ စပါးတင်း ၅၀၀ သိုလှောင်ထားတဲ့အဆောက်အဦတစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ထီးလင်း (PDF)က မနေ့က ဇွန်လ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်တာပါ။ စစ်အုပ်စု ယာဉ်တန်းဟာစင်းစယ်ကျေးရွာကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထီးလင်း၊ စင်းစယ်ရွာက အိမ်၁၂လုံးနဲ့ စပါးတင်း၅၀၀ကျော် စစ်တပ်မီးရှို့ဖျက်ဆီး

ကွေးတိုင်း၊ ဂန့်ဂေါကနေ ကျောဘက် ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ထီးလင်းမြို့နယ်၊စင်းစယ်ရွာကလူနေအိမ်၁၂လုံးနဲ့ စပါးတင်း၅၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ ဇွန်၆ရက်နေ့က ဂန့်ဂေါကနေ ကျောဘက် ပြန်လည်ထွက်ခွာလာတဲ့ ကား၅၄စီးပါ စစ်တပ်ယာဉ်တန်းဟာ ရေမျက်နီ -ရေပုတ်-စင်းစယ်ကျေးရွာ တွေကိုဖြတ်သန်းထွက်ခွာသွားပြီးနောက် မွန်းလွဲ၂နာရီလောက်မှာ အဲဒီယာဉ်တန်းထဲက စစ်ကား၂စီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကန်ရွာရဲစခန်းက ရွာထဲဝင်ပြီး ထင်းလောင်စာတွေ ယူဆောင်

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ၊ ကန်ရွာမှာရဲစခန်းက လက်နက်တွေနဲ့ ရွာထဲဝင်လာပြီး သူတို့ချက်ပြုတ်စားသောက်ရာမှာ အသုံးပြုဖို့အတွက် ထင်းတွေကို ရွာသားတွေဆီက တောင်းခံသွားတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။ “သူတို့က အုပ်စုလိုက် လက်နက်နဲ့ လာတောင်းတာ ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်နက်ကြီးကျည်ကျပြီး မြစ်သာဆည်တမံ အက်သွားတယ်လို့ သတင်းထွက်ပေါ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့ တောင်ဘက်မှာရှိတဲ့ လယ်မရွာဘက်မှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးနဲ့လည်း အဆက်မပြတ် ပစ်ခတ်နေတဲ့အတွက် မြစ်သာဆည်တမံ အက်သွားတယ်လို့ သတင်းထွက်ပေါ်နေကြောင်း ဂန့်ဂေါမြို့ခံတဦးက DNA ကို ပြောပါတယ်။ ရွာကလူတွေက တောထဲမှာ ပုန်းနေရတယ်၊ ဖုန်းလိုင်းတွေလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျက်ထိုးရဲကင်းက ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းအစုံအလင်နဲ့ အလင်းဝင်

မကွေးတိုင်း၊ ကမ္မမြို့နယ်၊ ကျက်ထိုးနယ်မြေ ရဲကင်းစခန်းက ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်း အပြည့်အစုံနဲ့ CDM ဝင်ရောက်လာတယ်လို့ မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေး တပ်ဦး – MVRF ထံ CDM ဝင်ရောက်လာတယ်လို့ သိရပါတယ်။ ကျက်ထိုး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းရှည်ဒေသ ကပစ၂၅ မှာ ခရီးသွားပြည်သူတစ်ဦးကို ညှင်းပန်းနှိပ်စက်ပြီး အလောင်းဖျောက်

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသရှိ ကပစ၂၅ စစ်ကြောရေးထဲမှာ ခရီးသွားပြည်သူတစ်ဦးကို ညှင်းပန်းသတ်ဖြတ်ပြီး အလောင်းဖျောက်လိုက်တယ်လို့ သိရပါတယ်။ ကပစ၂၅ က စစ်သားအင်အား ၆၀ လောက်ဟာ ဆောမြို့နယ်၊ ဆီမီးရွာကို မေလ ၃၁ ရက်နေ့က စစ်ကြောင်းထိုး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုံညာကဆင်းလာတဲ့စစ်တပ် တိုက်ခိုက်ခံရ၊အဆင့်မြင့်အရာရှိတစ်ဦးအပါအဝင် ၃၀ကျော်သေ

ပုံညာတောင်တန်းကဆင်းလာတဲ့အကြမ်းဖက်စစ်တပ်ကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့က ၂ကြိမ် ဆီးကြို တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးထက်မနိမ့်တဲ့ အဆင့်မြင့်အရာရှိတစ်ဦးအပါအဝင် စစ်သား၃၀ကျော်သေဆုံးခဲ့ ကြောင်းသိရပါတယ်။ မကွေးတိုင်း၊ကျောမြို့ ကပစ(၂၃)ကနေ ထွက်ခွာလာတဲ့စစ်ယာဉ်တန်း၈စီးကို ပုံညာတောင်တန်းအဆင်းမှာ ဇွန်၂ရက်နေ့၊မနက်၈နာရီလောက်က ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)တပ်ရင်း၁၃က မိုင်းစစ်ဆင်ရေး အပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် [ဆက်လက်ဖတ်ရှုရန်]