တရုတ်နိုင်ငံ မြို့တော်ဘေဂျင်းမှာ ကိုဗစ်ရောဂါကူးစက်မှုထိန်းချုပ်ဖို့ လူပေါင်း ၂၁သန်းကို လော့ဒေါင်းချရောဂါစစ်ဆေးမယ့် စီမံချက်ကြောင့် မြို့ခံတွေဟာ စားနပ်ရိက္ခာပြတ်လတ်မှာစိုးရိမ်ပြီး ကြိုတင်ဝယ်ယူစုဆောင်းနေကြပါပြီ။ ဘေဂျင်းခရိုင်စီရင်စု ၁၆ခုထဲက စီရင်စုတခုမှာတော့ လူအမြောက်အများကို ကိုဗစ်စစ်ဆေးမှုတွေ စတင်နေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီဒေသမှာ မြို့ခံတဦးချင်းစီကို အိမ်ပြင်မထွက်ရ လော့ဒေါင်းသတ်မှတ်ထားပြီး ကိုဗစ်စစ်ဆေးမှုဟာ ဒီကနေ့ ၂၄နာရီလုံးကြာမြင့်မယ်လို့ ဆိုပါတယ်။ ဘဏ္ဍာရေးအချက်အချာကျတဲ့ ရှန်ဟိုင်းမြို့အပါအဝင် မြို့တော်တော်များများမှာ ကြုံတွေ့ခဲ့ရတဲ့အတိုင်း အိမ်ပြင်လုံးဝမထွက်ရ တင်းကျပ်တဲ့ စည်းကမ်းကြောင့် စားနပ်ရိက္ခာပြတ်လတ်မှာကို စိုးရိမ်တဲ့အတွက်…
Read More