ဒေသအလိုက် သတင်းကဏ္ဍ

ပဲခူးမြို့မှာ ရေကြီးရေလျှံလို့ လူဦးရေထောင်ချီ အရေးပေါ် ရွှေ့ပြောင်းနေရ

သြဂုတ်၊ ၁၁   ပဲခူးမြစ်ရေတက်ပြီး ရေကြီးနေတာကြောင့် ပဲခူးမြို့ပေါ် အနိမ့်ပိုင်းနေရာတွေမှာ နေထိုင်သူတွေအပါအဝင် လူဦးရေ ထောင်နဲ့ချီကို ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေ ဆီရွှေ့ပြောင်းပေးထားရတယ်လို့ မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။   ပဲခူးမြစ်ရေဟာ ပြီးခဲ့တဲ့နှစ်ရက်အကြာ ဩဂုတ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပဲခူးမြို့အဝင် တိုးဂိတ်မှာ ရေကြီးပြီး ကားလမ်းပိတ်ဆို့နေ

သြဂုတ်၊ ၁၁   ပဲခူးမြို့မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်တချို့ ရေကြီး၊ ရေလျှံမှု ဖြစ်နေသလို ဒီကနေ့ ဩဂုတ်လ ၁၁ ရက် မနက်ပိုင်းမှာလည်း မြို့အဝင်တိုးဂိတ်မှာ ရေကြီးမှုကြောင့် ကားရာချီ ပိတ်ဆို့မှု ဖြစ်ခဲ့တယ်လို့ ခရီးသွားလာသူတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပဲခူးမှာ ယာယီအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရလို့ သေဆုံးပြီး အလောင်းလာသယ်တဲ့ ယာဉ်တန်းမိုင်းဆွဲခံရ

သြဂုတ်၊ ၈ ပဲခူးတိုင်းအနာက်ခြမ်း၊အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ ယာယီအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံ ရပြီးသေဆုံးခဲ့သလို အလောင်းလာသယ်တဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ “လောလောဆယ်သူကရွာမှာအုပ်ချုပ်ရေးမှူးလုပ်တယ် ။ အရင်က ရာအိမ်မှူးပါ။ခုလောလောဆယ်တော့ သူက ယာယီ အုပ်ချုပ်ရေးမှူးပါ၊။ အရင်က အုပ်ချုပ်ရေးမှူးမျိုးဝင်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

NUG ပြည်ထဲရေးဝန်ကြီး ပဲခူးတိုင်းက ရှေ့တန်းစစ်မြေပြင်ကိုသွားခဲ့

မေ၊ ၃၁   အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ဟာ အခုလ ဒုတိယပတ်အတွင်းက ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ရှေ့တန်းစစ်မြေပြင်တနေရာကို သွားရောက်ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ တော်ဝင်ဒေါင်း စစ်ကြောင်းက ဒီကနေ့ထုတ်ပြန်ပါတယ်။   ဦးလွင်ကိုလတ်ဟာ ပဲခူးတိုင်းအတွင်းမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်မြို့မှာ ကိုဗစ်ရောဂါဖြစ်ပြီး တဦးထပ်မံသေဆုံး

မေ၊ ၈   ပဲခူးတိုင်း၊ ပြည်မြို့မှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားပြီး မနေ့မေလ ၇ ရက်နေ့ ညနေပိုင်းက အမျိုးသားတဦးဟာ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဆေးရုံဝန်ထမ်းတွေနဲ့ မြို့ခံပရဟိတအသင်းတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပေါက်ကွဲမှုတွေဖြစ်ထားတဲ့ ပဲခူးအနောက်ခြမ်းကသင်္ကြန်မဏ္ဌပ်တွေကို လမ်းပိတ်ပြီးဖွင့်ပွဲလုပ်

ဧပြီ၊ ၁၃   ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်အတွင်းက ပြည်မြို့၊ ပေါင်းတည်နဲ့ နတ္တလင်းမြို့နယ်တွေမှာ ဒီကနေ့ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ မဏ္ဍပ်ဖွင့်ပွဲတွေကို စစ်ကောင်စီက လမ်းပိတ်ပြီးပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။   မနေ့ဧပြီလ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပဲခူးဘုရားပွဲမှာ အပျော်စီးပင်လယ်ဓါးပြပြိုကျပြီး ဆယ်ဦးထက်မနည်းဒဏ်ရာရ

မတ်၊​ ၂၇ ပဲခူးရွှေမော်ဓောဘုရားပွဲမှာ မနေ့ မတ်လ ၂၆ ရက်ညပိုင်းက အပျော်စီးလှေရဟတ်(ပင်လယ်ဓါးပြ) အတက်အဆင်းလမ်းကျိုးကျတာကြောင့် လူ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေကပြောပါတယ်။ မနေ့ညပိုင်း ၈နာရီလောက်မှာ လှေရဟတ် အတက်အဆင်းလမ်းကိုတိုးကြိတ်ရာကနေ သံပြားနဲ့ သံတိုင်တွေ ယိုင်နဲ့ကွာကျပြီးစင်ကျိုးကျခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ‘’ ကျွန်မသမီးကစီးချင်တယ်ဆိုလို့ အတူလှေပေါ်မှာစီးနေတုန်း ဗြုန်းကနဲအသံကြီးကြားလိုက်တာ လှေကြီးပြုတ်ထွက်သွားတယ်ထင်တာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အတွင်း ရွာသုံးရွာက ဒေသခံ​ ခြောက်ရာကျော်စစ်ရှောင်နေရ

မတ်၊ ၂၅ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းမှာ စစ်ကောင်စီကစစ်ကြောင်းထိုးလာတာ၊စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ အပြန်အလှန်ပစ်ခတ်မှုရှိနေတာတွေကြောင့် ရွာသုံးရွာက ဒေသခံခြောက်ရာကျော် စစ်ရှောင်နေရတယ်လို့ သိရပါတယ်။ အုတ်ဖိုမြို့ အရှေ့ဘက်မှာရှိတဲ့ ဝိုင်းကျေးရွာ၊ တာဝါတိုင်ကျေးရွာနဲ့ ချောင်းစောက်ကျေးရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့တာတွေလုပ်နေသလို တိုက်ပွဲတွေလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေတာရှည်တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်လို့ ကလေးတဦးသေဆုံး၊နှစ်ဦးဒဏ်ရာရ

ပဲခူးတိုင်း ရေတာရှည်မြို့နယ်ဒိုးတန်းနဲ့ ပင့်သီလာကျေးရွာကြားမှာ ဖေဖော်ဝါရီလ ၁၄ ရက်က ဒေသကာကွယ် ရေးတပ်နဲ့ စစ်အုပ်စုတိုက်ပွဲဖြစ်ရာက စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်ထိမှန်လို့ လေးနှစ်အရွယ်ကလေး တ ဦးသေဆုံးပြီးသုံးဦးပြင်းထန်ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။  ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ ‌ဒိုးတန်းနဲ့ ပင့်သီလာကျေးရွာကြားက စစ်တောင်းမြစ်ကူး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဝေါမြို့နယ်က စစ်တောင်းမြစ်ကမ်းနံဘေးရှိအိမ်ထောင်စု သုံးဆယ်ခန့်ကို စစ်တပ်ကအတင်းအကျပ်ဖယ်ရှားခိုင်း

ဖေဖော်ဝါရီ ၁၆   ပဲခူးတိုင်း ၊ဝေါမြို့နယ် ၊ကျွန်းရွှေဝါသောင်ကျေးရွာက စစ်တောင်းမြစ်ကမ်းနံဘေးရှိ အိမ်ထောင်စု ၂၇ စုကို ယခုဖေဖော်ဝါရီလကုန်အပြီး ဖယ်ရှားဖို့ စစ်တပ်က အတင်းအကျပ်ညွှန်ကြားထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဆိုပါ ကျွန်းရွှေဝါသောင်ကျေးရွာဟာ စစ်တောင်းမြစ်လက်တက်ဆုံရာ ဒေသဖြစ်တဲ့အပြင် မွန်ပြည်နယ် [ဆက်လက်ဖတ်ရှုရန်]