ပုသိမ်က ဖမ်းဆီးခံ နိုင်/ကျဥ်းတွေကို အမှုဖြေလျှော့ပေးမည်ဆိုပြီး ငွေညှစ်

ပုသိမ်က ဖမ်းဆီးခံ နိုင်/ကျဥ်းတွေကို အမှုဖြေလျှော့ပေးမည်ဆိုပြီး ငွေညှစ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မှာ နိုင်ငံရေး ပုဒ်အမျိုးမျိုး နဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ကို အမှုဖြေလျော့ ပေးမည်ဆိုပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ စစ်ကောင်စီ အဖွဲ့ က ငွေညှစ်နေတယ်လို့ နိုင်ကျဉ်းမိသားစုဝင်အချို့က DNA ကိုပြောပါတယ် ။ “အပြစ်မရှိအပြစ်ရှာဖမ်းကြပြီး သက်သက်မဲ့အကြပ်ကိုင် ငွေညှစ်တာခံနေရတယ်။ ပေးစရာ ငွေကမရှိတော့ သားလေးကို လွတ်အောင်လို့ ငွေမပေးနိုင် ဘူးဖြစ်နေတယ်”လို့ အဖမ်းခံ ထားရတဲ့ လူငယ်တစ်ဦးရဲ့ အမေဖြစ်သူကပြောပါတယ်။ စစ်ကြောရေးစခန်း၊ရဲစခန်းအချုပ်နဲ့…

Read More
ပုသိမ်မြို့မှာ မီးလောင်မှုဖြစ်ပွား နေအိမ် ၅လုံးပျက်စီ

ပုသိမ်မြို့မှာ မီးလောင်မှုဖြစ်ပွား နေအိမ် ၅လုံးပျက်စီ

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ်(၆)ရပ်ကွက် ဘန့်ဘွေးကုန်းလမ်းမှာ ဧပြီလ ၃၀ရက်နေ့ မနက် ၁နာရီလောက်က မီးလောင်မှုတစ်ခုဖြစ်ပွားပြီး နေအိမ် ၅လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဘန့်ဘွေးကုန်းလမ်းနဲ့ ဇေယျဝတီလမ်းထောင့်မှာရှိတဲ့ ရွှေဒေါင်းအထည်နဲ့စတိုးဆိုင်ခန်းအတွင်းက စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အနီးဝန်းကျင်ရှိ နေအိမ်တွေကိုပါ မီးကူးကာ နေအိမ် ၅လုံး မီးလောင်ပျက်စီးခဲ့ရတာပါ။ “ရွှေဒေါင်းအထည်ဆိုင်မှာ မီးပျက်တော့ ခြင်ကိုက်လို့ဆိုပြီး အထည်လိပ်တွေထားတဲ့နားမှာ ခြင်ဆေးခွေထွန်းထားတာ အဲ့ကနေမှ မီးလောင်တာလို့ပြောတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ မီးလောင်တဲ့နေရာကို ပုသိမ်မြို့နယ် မီးသတ်တပ်ဖွဲ့နဲ့ လူမှုရေးအသင်းအဖွဲ့တွေက…

Read More
ပုသိမ် ကညနရုံးမှာ ဗုံးပေါက်

ပုသိမ် ကညနရုံးမှာ ဗုံးပေါက်

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက် ကင်မလင်းကျွန်းမှာရှိတဲ့ ကညနရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီလ ၂၆ရက်နေ့ မနက် ၇နာရီခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပုသိမ် ကညနရုံးဟာ အကြမ်းဖက်စစ်အုပ်စုကို ဝင်ငွေရရှိစေတဲ့ မော်တော်ယာဉ်သက်တမ်းတိုးတာ လိုင်စင်တွေ လုပ်ဆောင်ပေးတာတွေကို လုပ်ဆောင်နေတာကြောင့် အခုလို ဖောက်ခွဲသတိပေးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ပုသိမ်ကညနရုံးမှာ ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားခဲ့ပြီး မီးပုလင်းပစ်ပေါက်ခံရတဲ့ဖြစ်စဉ်တွေပါ ဖြစ်ပွားခဲ့ဖူးပါတယ်။

Read More
ပုသိမ်မှာ လွှတ်တော်ကိုယ်စားလှယ်၂ဦးအပါဝင် နိုင်ငံရေးအကျဉ်းသား ၆ဦးကို ထောင်ဒဏ်ချမှတ်

ပုသိမ်မှာ လွှတ်တော်ကိုယ်စားလှယ်၂ဦးအပါဝင် နိုင်ငံရေးအကျဉ်းသား ၆ဦးကို ထောင်ဒဏ်ချမှတ်

ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ ပုသိမ်အကျဉ်းထောင်အတွင်းမှာရှိတဲ့ စစ်အုပ်စုလက်အောက်ခံ အထူးတရားရုံးက လွှတ်တော်ကိုယ်စားလှယ် ၂ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၆ဦးကို ထောင်ဒဏ် ၂နှစ်စီချမှတ်လိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝန်းက သိရပါတယ်။ ဒီကနေ့ မတ်လ ၃ရက်နေ့မှာ သာပေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦးနဲ့ အခြား နိုင်ငံရေးအကျဉ်းသား ၄ဦးကို စစ်အုပ်စုက မတရားစွဲဆိုထားတဲ့ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅နဲ့ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။…

Read More
ပုသိမ်မြို့မှာ တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ၃ ဦး ထပ်မံသေဆုံး

ပုသိမ်မြို့မှာ တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ၃ ဦး ထပ်မံသေဆုံး

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဒီကနေ့ မတ်လ ၃ ရက်နေ့ တစ်ရက်ထဲ ကိုဗစ်အတည်ပြုလူနာ ၃ ဦး ထပ်မံသေဆုံးခဲ့ပြီး စတုတ္ထုလှိုင်းအတွင်းမှာ သေဆုံးသူ ၁၄ ဦးထိရှိလာပြီလို့ ဒေသတွင်း လူမှုရေးအဖွဲ့တွေဆီက သိရပါတယ်။ “အခုဆုံးပါးသူ အများစုကတော့ ရောဂါအခံရှိသူတွေများပါတယ်၊ အခုထိ အကုန်လုံးက ပေါ့ဆနေကြတယ်၊ စကစကလည်း Maskလေး လိုက်ဝေတာကလွဲပြီးတော့ တကယ်တင်းကြပ်မှုတွေ လုပ်မဲ့အစား မဟုတ်တာတွေပဲလုပ်နေတယ်၊ သူတို့ပဲ ဦးဆောင်ပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနေတာ”လို့ ပုသိမ်မြို့…

Read More
ပုသိမ်မြို့မရဲစခန်းက အချုပ်သား ၆ ဦးထွက်ပြေး

ပုသိမ်မြို့မရဲစခန်းက အချုပ်သား ၆ ဦးထွက်ပြေး

ဧရာဝတီတိုင်း ပုသိမ်မြို့ မြို့မရဲစခန်း အချုပ်ခန်းက အချုပ်သား ၆ ဦး ထွက်ပြေးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝန်းဆီက သိရပါတယ်။ ဒီကနေ့ မတ်လ ၁ ရက်နေ့ မနက် ၁ နာရီခန့်လောက်မှာ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။ “အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလို့ကြားနေတယ် စုစုပေါင်း ၆ ဦး၊ ပြေးတဲ့အထဲမှာ လူသတ်တရားခံလဲ ပါနေတယ်လို့ ပြောတယ်၊ ဘယ်လိုပြေးသွားလဲဆိုတာတော့ မသိသေးဘူး ရဲတချို့လည်း အဖမ်းခံထားရတယ်လို့…

Read More
ပုသိမ်မြို့ ငဝန်ကျွန်းသာ ၄ လမ်းမှာ မီးလောင်နေ

ပုသိမ်မြို့ ငဝန်ကျွန်းသာ ၄ လမ်းမှာ မီးလောင်နေ

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် (၁) ရပ်ကွက် ငဝန်ကျွန်းသာ ၄ လမ်းမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေပြီး နေအိမ်တစ်လုံး မီးလောင်ကျွမ်းကာ အနီးဝန်းကျင်ကိုပါ ဆက်လက်မီးကူးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်မှ စတင်ကာ မီးလောင်ကျွမ်းနေခဲ့တာဖြစ်ပြီး မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့တွေကတော့ ရောက်ရှိ မီးငြှိမ်းသတ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ “အိမ်တစ်လုံးကုန်သွားပြီ ဘေးကတိုက်ကိုပါ ဆက်ပြီးတော့…

Read More
ပုသိမ်မြို့နဲ့ မအူပင်မြို့မှာ ညမထွက်ရအမိန့် ၂လထပ်တိုး

ပုသိမ်မြို့နဲ့ မအူပင်မြို့မှာ ညမထွက်ရအမိန့် ၂လထပ်တိုး

၁၆၊ အောက်တိုဘာလ၊ ၂၀၂၁။ ပုသိမ်မြို့နယ်နဲ့ မအူပင်မြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုက ည ၁၀နာရီကနေ မနက် ၄နာရီအတွင်း ညမထွက်ရအမိန့်ကို အချိန် ၂လ ထပ်မံတိုးမြှင့်လိုက်ပါတယ်။ ခုလိုထုတ်ပြန်တဲ့အပေါ် ပုသိမ်မြို့ခံတစ်ဦးက “ဒါကတော့ စစ်တပ်အုပ်ချုပ်နေတော့ ပြည်သူကိုသူတို့ကလန့်ပြီး ခုလိုလုပ်နေတာ ခုကပုသိမ်မြို့နယ်ထဲမှာ ပြောက်ကျားတွေရဲ့ ဒလန်ရှင်းတာတွေနဲ့ ဗုံးနဲ့တိုက်ခိုက်တာ ပိုများလာတာကြောင့်ဖြစ်မယ်”လို့ပြောပါတယ်။ စစ်အုပ်စုရဲ့ထုတ်ပြန်ချက်မှာ လူအချို့ဟာ အများပြည်သူ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူဆောင်ရွက်နေတယ်လို့ဖော်ပြထားပါတယ်။  ပုသိမ်မြို့ရဲ့နေရာတချို့မှာညတိုင်းအရက်သောက်ထားတဲ့ရဲနဲ့စစ်သားတွေစစ်ဆေးရေးပြုလုပ်တာတွေ၊ မသင်္ကာသူဆိုပြီးရ ိုက်နှက်စစ်ဆေးတာတွေ…

Read More
စစ်အုပ်စုကပုသိမ်-ချောင်းသာကားလမ်းဘေးတောတွေကို နေ့စဥ်ရှာဖွေရေးလုပ်နေ

စစ်အုပ်စုကပုသိမ်-ချောင်းသာကားလမ်းဘေးတောတွေကို နေ့စဥ်ရှာဖွေရေးလုပ်နေ

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာ၀တီတိုင်း ပုသိမ်မြို့နယ် ပုသိမ်ချောင်းသာကားလမ်းဘေးက သစ်တောတွေထဲကို အကြမ်းဖက်စစ်အုပ်စုက နေ့စဥ်အင်အားသုံးရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။ အောက်တိုဘာလ၁၃ရက်နေ့ ညထဲက စတင်ရှာဖွေနေတာဖြစ်ပြီး တောထဲမှာ မသင်္ကာစရာကားတစ်စီးနဲ့ လူတချို့တွေ့တယ်လို့ ဒလန်တွေက သတင်းပေးလို့ ခုလိုရှာနေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ အောက်တိုဘာ၁၄ရက်နေ့က ရှောပြာသစ်တောကြိုးဝိုင်းဘက်က ခြောက်ကောင်ကျေးရွာနဲ့ ကလောခုံကျေးရွာ နှစ်ရွာကြားက တောတွေထဲကိုရှာဖွေခဲ့ပြီး ဒီနေ့နေ့လည်မှာတော့ ကားလမ်းဘေးက သစ်တိုပင် ရဲဘက်စခန်းနောက်က တောထဲကို အမဲလိုက်ခွေးတွေနဲ့၀င်ရောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင်…

Read More
ပုသိမ်မြို့မှာ ဒလန်လို့နာမည်ကြီးသူတစ်ဦး အပစ်ခံရ

ပုသိမ်မြို့မှာ ဒလန်လို့နာမည်ကြီးသူတစ်ဦး အပစ်ခံရ

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။ ပုသိမ်မြို့ တဂေါင်းဘုရားအနီးမှာ အောက်တိုဘာလ ၁၄ရက်နေ့ ည ၇နာရီ ၃၀မိနစ်ခန့်မှာ ဒလန်လို့နာမည်ကြီးနေသူ အမျိုးသားတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ အပစ်ခံခဲ့ရသူဟာ အမှတ်(၈)ရပ်ကွက် မငြိမ်းလှကုန်းမှာ နေထိုင်တဲ့ ကြံ့ဖွံပါတီဝင် ဦးအောင်စိုးဆိုသူဖြစ်ပြီး သူဟာ ရပ်ကွက်အတွင်းက ပြည်သူတွေကို PDFနဲ့CDMတွေလို့ စစ်အုပ်စုကို မဟုတ်မမှန်သတင်းပေးပြီး ဖမ်းဆီးဖို့ စေခဲ့သူလို့ ဒေသခံတွေကပြောပါတယ်။ ဦးအောင်စိုးဟာ ဆိုင်ကယ်နဲ့ ဇနီးဖြစ်သူအပြင် ကလေးငယ်တစ်ဦးတင်ဆောင်ပြီး တကောင်းဘုရားအနီး…

Read More