ကျန်းမာရေး

ပုသိမ်ဆေးရုံကသူနာပြုနှစ်ဦးနဲ့ သစ်ထုတ်လုပ်ရေးအကြီတန်းစာရေးတို့မှာကိုဗစ်ရောဂါတွေ့

၉၊ ဇန်နဝါရီ၊ ၂၀၂၁။ ပုသိမ်မြို့မှာဒီနေ့(၃)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။ ပုသိမ်ဆေးရုံဝန်းက သူနာပြုယာယီဆောင်မှာနေထိုင်ကြတဲ့ ခွဲခန်း(၁)မှာတာ၀န်ကျတဲ့အသက်(၃၄)နှစ်အရွယ်အထက်တန်းသူနာပြုဆရာမနဲ့ မျက်စိဆောင်မှာတာဝန်ကျတဲ့ အသက်(၂၄)နှစ်အရွယ်သူနာပြုဆရာမတိုနှစ်ဦးမှာ ရောဂါတွေ့ခဲ့ပါတယ်။ သူနာပြုယာယီဆောင်မှာ ပိုးတွေ့လူနာ(၅)ဦးထိရှိလာတာကြောင့် ဒီနေ့ဒုတိယအကြိမ်စစ်ဆေးရာ သူနာပြုဆရာမ(၂)ဦးမှာ ရောဂါတွေ့ခဲ့တာဖြစ်ပါတယ်။ ပုသိမ်မြတ်တိုသစ်ထုတ်လုပ်ရေးမှာနေထိုင်တဲ့ အသက်(၄၆)နှစ်အရွယ်အမျိုးသမီးဟာ ဖျားပြီးအနံပျောက်နေတာကြောင့် အထက(၅)မှာစစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]