No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ဖြူးမြို့အနီးမှာ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီနှစ်ဆယ်နီးပါးသေဆုံးတယ်လို့ဆို 

Photo – တောင်ပိုင်းစစ်ဒေသ ဩဂုတ်၊ ၂၁ ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ စစ်ကောင်စီနဲ့တော်လှန်ရေးပူးပေါင်းတပ်တွေပြီးခဲ့တဲ့ နှစ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ ပြီး စစ်ကောင်စီဘက်က နှစ်ဆယ်နီးပါးသေဆုံးကာ ခဲယမ်းတချို့သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်PDF တောင်ပိုင်းစစ်ဒေသက ဒီကနေ့ထုတ်ပြန်အသိပေးပါတယ်။ ဖြူးမြို့နယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘီးလင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က နှစ်ဦးထက်မနည်းသေဆုံး

ဩဂုတ်၊ ၂၆ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာမှာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ ဩဂုတ် ၂၄ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးထက်မနည်းသေဆုံးတယ်လို့ တော်လှန်ရေးအင်အားစုနဲ့စစ်ကောင်စီ နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ ဒေါက်ရပ်ကျေးရွာမှာ ကင်းပုန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မတ္တရာမြို့နယ် အနောက်ဖက်ရွာတွေမှာ တိုက်ပွဲတွေဖြစ်နေလို့ ဒေသခံ ထောင်ကျော် စစ်ရှောင်နေရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ဖက် ဧရာဝတီမြစ်ဘေးနားက ရွာတွေမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံထောင်ကျော် စစ်ရှောင်နေရတယ်လို့ ဒေသခံ တဦးကပြောပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းက စတင်ပြီး မတ္တရာမြို့နယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်း၊ ကြွယ်ပုံရွာက စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က အနီးဝန်းကျင်ရွာတွေက သီးနှံရိတ်တဲ့ ပြည်သူတွေကို ပစ်ခတ်တာတွေလုပ်လို့ ကာကွယ်ရေးတပ်တွေက ပြန်လည်ပစ်ခတ်ရာက ဒီဇင်ဘာ (၁၂) ရက်မှာ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်း ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းရှည်မှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ငါးဦးထက်မနည်းသေ၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံး

မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသမှာ ဒီဇင်ဘာ (၁၀) ရက်မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ငါးဦးထက်မနည်း သေသလို ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးလည်း ကျဆုံးတယ်လို့ လောင်းရှည်ပြည်သူ့ကာကွယ်ရေးတပ်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ လောင်းရှည်ဒေသ ညောင်ပင်ကျေးရွာနဲ့ ကံလယ်ကျေးရွာတွေဘက် [ဆက်လက်ဖတ်ရှုရန်]