လောင်းလုံမှာ စစ်ထောက်လှမ်းရေးရုံးအပါအဝင် ရုံးသုံးရုံးကို တပြိုင်တည်းဝင်တိုက်ခံရ၊ လဝကဦးစီးမှူးတဦးသေပြီး ဝန်ထမ်းတဦးဒဏ်ရာရ

လောင်းလုံမှာ စစ်ထောက်လှမ်းရေးရုံးအပါအဝင် ရုံးသုံးရုံးကို တပြိုင်တည်းဝင်တိုက်ခံရ၊ လဝကဦးစီးမှူးတဦးသေပြီး ဝန်ထမ်းတဦးဒဏ်ရာရ

မေ၊ ၂၃ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ စစ်ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့(စရဖရုံး)အပါအဝင် ရုံးသုံးရုံးကို ဒီကနေ့ မနက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေက တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့လို့ ဦးစီးမှူးအဆင့်ရှိသူတဦးသေဆုံးပြီးဒဏ်ရာရသူတဦးရှိတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ “ မနက် ၈ နာရီကျော်လောက်ပဲ ဝင်ပစ်တာ၊ ပြိုင်တူပဲ၊ တပြိုင်တည်းပစ်တာပေါ့၊ ခဏပဲ ပစ်ခတ်မှု ဖြစ်တာက နာရီဝက်လောက် တောင်မပြည့်ဘူး၊ သေချာစီစဉ်ပြီး ဝင်ပစ်ကြတာတို့ သူတို့ဆီက သတင်းရတယ်၊ ပူးပေါင်းအဖွဲ့တွေက ပစ်တာ။ “ လို့…

Read More
ကန့်သတ်မှုတွေကြောင့် တနင်္သာရီတိုင်းက စစ်ရှောင်တွေ စားသောက်ကုန်နဲ့ ဆေးဝါးအကူညီတွေ လိုအပ်နေ

ကန့်သတ်မှုတွေကြောင့် တနင်္သာရီတိုင်းက စစ်ရှောင်တွေ စားသောက်ကုန်နဲ့ ဆေးဝါးအကူညီတွေ လိုအပ်နေ

မေ ၊ ၃ တနင်္သာရီတိုင်းမှာ ပြီးခဲ့ဧပြီလအတွင်း စစ်ရှောင်ဦးရေး လျော့ကျသွားပေမယ့် လူဦးရေသုံးသောင်းလောက် ဆက် လက်စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး စစ်ကောင်စီက ကန့်သတ်မှုတွေလုပ်ထားတာ၊ကုန်ဈေးနှုန်းကြီး မြင့်တာတွေ ကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူတွေကပြောပါတယ်။ “စစ်ကောင်စီဘက်ကအစစ်အဆေးကျပ်လာသလို ကန့်သတ်မှုတွေ လုပ်လာတာတွေရှိတယ်၊ အဲ့တော့ ရိက္ခာနဲ့ ဆေးဝါးသယ်ယူပို့ဆောင်ရတာ သမရိုးကျမဟုတ်တော့ လွယ်ကူမနေဘူးပေါ့နော်၊ နောက်ပြီး ကုန်ဈေးနှုန်းက လည်း အဆမတန်မြင့်လာတော့ ဒီအရေအတွက်ကို လောက်ငှဖို့က ကျွန်မတို့မှာ လိပ်ပတ်လည်အောင် မနည်း လုပ်နေရတယ်”လို့ စစ်ရှောင်တွေကို…

Read More
တနင်္သာရီမှာ စစ်ကောင်စီက အရပ်သား ၁၀၀ နီးပါးကိုဖမ်းဆီးပြီး ပီဒီအက်ဖ်သတင်းစုံစမ်း

တနင်္သာရီမှာ စစ်ကောင်စီက အရပ်သား ၁၀၀ နီးပါးကိုဖမ်းဆီးပြီး ပီဒီအက်ဖ်သတင်းစုံစမ်း

ဧပြီ၊​၂၄   တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်က စစ်ကောင်စီအင်အား ၅၀ခန့်ဟာ ကျေးရွာနှစ်ရွာက ဒေသခံ ၁၀၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေထံမှ သိရပါတယ်။   ” ဖမ်းတော့ ဖမ်းထားတယ်။ ဘာဖြစ်လို့ ဖမ်းတာလည်းတော့ ကျွန်တော်တို့လည်း မသိရသေးဘူး။ ဒီဘက်မှာ သူတို့ (စစ်ကောင်စီ)တပ်နဲ့ ထိတွေ့မှု မဖြစ်တာကြာလှပြီပေါ့။ အခုကလည်း နယ်မြေရှင်းလင်းဖို့ ဝင်လာတာပဲ ဖြစ်မယ် ”…

Read More
စစ်ကောင်စီက ပိတ်ဆို့ထားလို့ ပုလောဒေသခံတွေဆန်နဲ့အခြေခံစားသောက်ကုန်တွေပြတ်လပ်

စစ်ကောင်စီက ပိတ်ဆို့ထားလို့ ပုလောဒေသခံတွေဆန်နဲ့အခြေခံစားသောက်ကုန်တွေပြတ်လပ်

ဧပြီ၊ ၂၂ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်း၊ပုလောမြို့နယ်အတွင်းမှာ စစ်ကောင်စီက ကန့်သတ် ပိတ်ဆို့ မှုတွေလုပ်နေလို့ ပလမြို့အပါအဝင် ကျေးရွာတွေမှာဆန်နဲ့ အခြေခံ စားသောက်ကုန်တွေပြတ်လပ်နေပြီး အခက် တွေ့နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပုလောမြို့နယ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလကစပြီးစစ်အုပ်ချုပ်ရေးသတ်မှတ်ခဲ့ပြီးနောက်မြို့နယ်အဝင်အထွက် နေရာ တွေနဲ့ ကျေးရွာ လမ်းပိုင်းတွေမှာ စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ခဲ့ပြီး   ဆန်အပါအဝင် အခြေခံ စားသောက်ကုန် တွေနဲ့ဆေးဝါးသယ်ယူခွင့်ကိုကန့်သတ်လိုက်တယ်လို့သိရပါတယ်။ အဲဒီလိုကန့်သတ်လိုက်တာကြောင့် ပုလောမြို့နယ်အတွင်းက မင်းထိန်၊ လက်ပံပင်၊ ကဗျာနဲ့ကဒဲစတဲ့ ကျေးရွာတွေ မှာဆန်နဲ့အခြေခံစားသောက်ကုန်တွေမဝင်နိုင်တော့ဘဲအခုလတတိယပတ်ကစပြီးစားနပ်ရိက္ခာပြတ်လပ်လာကြ…

Read More
ပုလောမှာ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွါး၊ စစ်ကောင်စီပစ်လို့အရပ်သားတဦးသေဆုံး

ပုလောမှာ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွါး၊ စစ်ကောင်စီပစ်လို့အရပ်သားတဦးသေဆုံး

ဧပြီ၊ ၉   တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ကပစ်လို့ တဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။   “ မနေ့က ပဝတ်ကုန်းမှာ တိုက်ပွဲထပ်ဖြစ်တယ်၊ လမ်းသွားလမ်းလာပြည်သူတွေ ပစ်ခံရတာ၊ အယ်.. ရွာက လမ်းမကြီးဘေးပဲလေ၊ သူတို့ဟာ သူတို့ ဆိုင်ကယ်နဲ့ ဖြတ်မောင်းသွားတာ၊ အဲအချိန်က တိုက်ပွဲဖြစ်နေတဲ့အချိန်၊ သူတို့လည်း မသိဘူးဖြစ်မှာပေါ့။ လူကြီးပိုင်းတွေပါသလို၊ ကလေးတယောက်လည်း…

Read More
တနင်္သာရီမြို့မှာ စစ်ရှောင် နှစ်ထောင်ကျော် အစားအသောက်နဲ့ ဆေးဝါးတွေလိုအပ်

တနင်္သာရီမြို့မှာ စစ်ရှောင် နှစ်ထောင်ကျော် အစားအသောက်နဲ့ ဆေးဝါးတွေလိုအပ်

ဧပြီ၊ ၄ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ဧပြီလအစောပိုင်းမှာစစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် အရပ်သားနှစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။   “ လိုအပ်တယ်ပေါ့။ ဒါတွေက အမြဲတမ်းလိုအပ်နေတာပဲလေ။ အခုဆို စစ်ရှောင်တွေ ထောင်နဲ့ချီတိုးလာတာ ပိုပြီး လိုအပ်တာပေါ့။ ကျွန်တော်တို့ကတော့ အဆင်ပြေအောင်ပဲ စီစဉ်ပေးနေတာပဲပေါ့။ ရလာတဲ့ အစားအစာ ဆေးဝါးတွေကအစပေါ့။ သူတို့ကတော့ စစ်ရှောင်စခန်းမှာလည်း ရှိတယ်။…

Read More
ကလေးငယ်အပါအဝင် နှစ်ဦးသေဆုံးမှုဖြစ်စဉ် မှားယွင်းပစ်ခတ်မှုဟု  တနင်္သာရီပကဖ တောင်းပန်ချက်ထုတ်ပြန်

ကလေးငယ်အပါအဝင် နှစ်ဦးသေဆုံးမှုဖြစ်စဉ် မှားယွင်းပစ်ခတ်မှုဟု တနင်္သာရီပကဖ တောင်းပန်ချက်ထုတ်ပြန်

ဧပြီ၊ ၂  တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့အထွက်မှာ ဧပြီ ၁ ရက် ည၈နာရီကျော်ခန့်မှာ မြတ်မန္တလာထွန်းခရီးသည်တင်ကားကိုမှားယွင်းပစ်ခတ်ခံမိတာကြောင့် နှစ်ဦးသေဆုံးပြီး လေးဦးထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တောင်းပန်လိုက်ပါတယ်။ ဒီလိုမှားယွင်းပစ်ခတ်ခံရမှုဟာ ထိခိုက်ဆုံးရှုံးရတဲ့အပေါ် မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ကာယကံရှင်နဲ့ မိသားစုဝင်များကိုလည်း ငြိုင်းငယ်စွာဖြင့် အနူးညွှတ်တောင်းပန်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါအပြင် မှားယွင်းပစ်ခတ်မိတဲ့အချိန်ဟာ အရပ်သားပြည်သူတွေ သွားလာနိုင်တဲ့ အချိန်မဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကူ သွားလာဖို့ ရှိကြောင်း သတင်းကြိုရထားတာပြီး…

Read More
တနင်္သာရီ မောတောင်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ရေးဆက်လက်တင်းမာနေ

တနင်္သာရီ မောတောင်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ရေးဆက်လက်တင်းမာနေ

ဧပြီ၊ ၁ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မောတောင်လမ်းက ကျေးရွာတွေမှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နဲ့ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ)ဆီက သိရပါတယ်။ အင်အား ၂၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်(BGF)ပူးပေါင်းအဖွဲ့ စစ်ကြောင်းက တနင်္သာရီ-မော တောင်လမ်းဘေးက ချောင်းနှစ်ပေါက်ကျေးရွာကို မတ်လ ၃၁ ရက်မနက် ကိုးနာရီမှာ စစ်ကြောင်းထိုး ဝင်ရောက် လာတာကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲစဖြစ်ခဲ့တာပါ။ အဲနောက်…

Read More
လောင်းလုံမှာစစ်ကောင်စီက နေအိမ် ၁၅၀ ကျော်မီးရှို့၊ အရပ်သားတဦးသေဆုံး

လောင်းလုံမှာစစ်ကောင်စီက နေအိမ် ၁၅၀ ကျော်မီးရှို့၊ အရပ်သားတဦးသေဆုံး

မတ်၊ ၂၂ တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံမြို့နယ်က ကျေးရွာနှစ်ရွာကို မနေ့က မတ် ၂၁ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ် ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားသလို အရပ်သားတကိုလည်း သေနတ်ပစ်ခတ်ခဲ့လို့ သေဆုံးတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ရေကြောင်းလမ်းကနေတဆင့် လောင်းလုံးမြို့နယ် ညောပြင်ရွာနဲ့ အောက်ကျောက်ဝပ် ကျေးရွာဘက်ကို နယ်မြေရှင်းလင်းဖို့ စစ်ကြောင်းထိုး ဝင်ရောက်လာတာပြီး အကြောင်းပြချက်မရှိဘဲ…

Read More
ပုလောမှာ တိုက်ပွဲတွေကြောင့် ဒေသခံတထောင်ကျော် ထပ်မံစစ်ရှောင်နေ

ပုလောမှာ တိုက်ပွဲတွေကြောင့် ဒေသခံတထောင်ကျော် ထပ်မံစစ်ရှောင်နေ

မတ်၊ ၁၅ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ရှောင်စခန်းရှိတဲ့နေရာတွေဘက်ကို စစ်ကြောင်းထိုဝင်ရောက် ခိုက်တိုက်နေတာကြောင့် အရပ်သားတွေထောင်နဲ့ချီ ဘေးလွတ်ရာကို ထပ်မံရွေ့ပြောင်းနေရတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ရှောင်အရေး အကူအညီပေးနေသူတွေထံမှ သိရပါတယ်။ အင်အား ၁၅၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းသုံးခုခွဲပြီး မတ်လ ၁၂ ရက် ၊ည ၇ နာရီမှာ ကဒဲကျေးရွာအုပ်စုထဲကို ရုတ်တရက်စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ နှစ်ဖက်ပစ်ခတ်မှုကြောင့် ကဒဲကျေးရွာအုပ်စုအနီးမှာရှိတဲ့ လက်ပံပြင်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာရှိ…

Read More