နိုင်ငံရေး

စစ်ရေးအဆုံးအဖြတ်နှစ်လို့ NUG ထုတ်ပြောထားတဲ့ နှစ်တဝက်ကျော်ကာလမှာ တနင်္သာရီတိုင်းအတွင်း ဘာတွေဖြစ်နေလဲ

မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်း တနင်္သာရီတိုင်းမှာ အခု ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း အရင်နှစ်တွေကထက် တိုက်ပွဲပိုများလာပြီး စစ်ကောင်စီတပ်ကို တန်ပြန်တိုက်ခိုက်နိုင်တာတွေ ရှိလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ အခု ၂၀၂၃ ခုနှစ်ကို စစ်ရေးအရှိန်မြှင့်မယ့် နှစ်တနှစ်ဖြစ်သလို အဆုံးသတ်တိုက်ပွဲကာလနှစ်အဖြစ်လည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တနင်္သာရီတိုင်းမှာ ၂၀၂၃ ခုနှစ် နှစ်ဝက်အတွင်း PDF တပ်ဖွဲ့ဝင် ၃၅ ဦးထက်မနည်း ကျဆုံးခဲ့

ဇူလိုင်၊ ၁၀   တနင်္သာရီတိုင်းမှာ အခု ၂၀၂၃ ခုနှစ် အစကနေ ဇွန်လကုန်အထိ ခြောက်လအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၅ ဦးထက်မနည်း ကျဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေထံကနေ သိရပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တနင်္သာရီတိုင်းမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကြောင့် စစ်ရှောင်ဦးရေ ပိုများလာ

ဇူလိုင်၊ ၉   တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က အရပ်သားတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရင်နှစ်တွေကထက် အခု ၂၀၂၃ ခုနှစ်အတွင်း စစ်ရှောင်ဦးရေ ပိုများလာရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။   ” အခုနောက်ပိုင်းမှာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြိတ်မှာ ကုရ်ဘာနီ အီးဒ်ပွဲတော် လုပ်သူတချို့ ဒဏ်ငွေရိုက်ခံရ

ဇွန်၊​ ၃၀   တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်က အစ္စလာမ် ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ဖြစ်တဲ့ ကုရ်ဘာနီ အီးဒ်ပွဲတော် ပြုလုပ်သူတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငွေဒဏ်ရိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလောမှာ ပျူစောထီးနှစ်ဦးသေဆုံးပြီးသေနတ်နှစ်လက်နဲ့ လက်ပစ်ဗုံးတလုံး သိမ်းဆည်းရမိ

ဇွန်၊ ၂၇ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအုပ်စုထဲက ပျူစောထီးတွေဆီကနေ ဇွန်လ ၂၄ ရက်မှာသေနတ်နှစ်လက်နဲ့ လက်ပစ်ဗုံးတလုံး သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတဲ့ နှစ်ဦးကိုလည်း ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ပုလောစစ်ကြောင်း ၁ က သတင်းထုတ်ပြန်ပါတယ်။ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာသိမ်းပြီးနောက် လန်ပိအဏ္ဏဝါဥယျာဉ်ထဲ တရားမဝင်ရွှေတူးဖော်မှုတွေလုပ်လာ

ဇွန်၊ ၂၇   စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်း မြိတ်ကျွန်းစုက လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းမှာ စစ်ကောင်စီရေတပ်နဲ့ နီးစပ်သူတွေ ပူးပေါင်းပြီး တရားမဝင်ရွှေတူးဖော်မှုတွေ လုပ်ကိုင်နေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေရှိမှာ စိုးရိမ်ရတယ်လို့ ဒေသအခြေစိုက် သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတအရေး စောင့်ကြည့်နေတဲ့ အရပ်ဘက်အဖွဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်အကျဥ်းထောင်မှာထောင်အရာရှိက အကျဥ်သားတွေရဲ့ အပ်ငွေတွေကို ဖြတ်ယူနေ

ဇွန် ၊ ၂၄ တနင်္သာရီတိုင်း၊ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းသားတွေရဲ့ အပ်ငွေတွေကို အပြည့်အဝ ပြန်မပေးဘဲ ထောင် အရာရှိဖြစ်သူက ကြားကနေ ဖြတ်ယူနေတယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်တာဝန်ရှိသူတွေ က ပြောပါတယ်။ “မိသားစုဝင်တွေက အကျဥ်းသားအပ်ငွေဆိုပြီး ငါးသောင်းသွင်းရင် ထောင်စျေးဘားမှာက တသောင်း၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တနင်္သာရီက ငါးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာလို့ ပြန်ဆုတ်သွားတယ်ဟုဆို

ဇွန်၊ ၂၁   တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း ဇွန်လ ၁၆ ရက်ကစပြီး ငါးရက်တာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာပြီး တပ်ပြန်ဆုတ်သွားတယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ တနင်္သာရီက သတင်းထုတ်ပြန်ပါတယ်။   တနင်္သာရီမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်အရှေ့တောဒေသ တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိခဲ့

ပုံစာ -ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်တပ်ရင်း ၁ ရဲ့ တပ်ဖွဲ့ဝင်နှစ်ဦး ဇွန် ၂၀ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရဲ့အရှေ့ဘက် အရှေ့တောဒေသအတွင်း မှာ  ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေဖြစ်ခဲ့ပြီး နှစ်ဖက် အကျအဆုံးရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။  ပြီးခဲ့တဲ့ဇွန်လ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထားဝယ်သပိတ်ခေါင်းဆောင်ရဲ့ ဖခင်ဖြစ်သူအပါအဝင် ငါးဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

ဇွန်၊ ၁၉ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူ ဦးအောင်ဖေအပါအဝင်ငါးဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီကနေ့ ဇွန်လ ၁၉ ရက် နေ့လယ် ၁၂ နာရီလောက်မှာ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ အသက် ၆၅ နှစ်ခန့်ရှိပြီဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]