မေ၊ ၂၂ ထိုင်း-မြန်မာနယ်စပ်မယ်ထော်ကလေးနှင့် မယ့်လပန်ကြားက စစ်ရှောင်စခန်းတခုက စစ်ဘေးရှောင်တထောင်ကျော် အတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာ လိုအပ်မှုရှိနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။ ” ကျမတို့အခုစားရတာက ဆန်ကြမ်းပဲ။အဲ့ဆန်းကြမ်းတောင် နပ်မမှန်ချင်ဘူးဖြစ်နေတော့ အလှူရှင်ကိုပဲမျှော်နေရတယ်။နေမကောင်းရင်တောင် ဆေးဝယ်သောက်ဖို့ ပိုက်ဆံမရှိတော့ တပတ်တခါလာကူပေးတဲ့ ဆရာဝန်လေးတွေကိုပဲမျှော်နေရတယ်” လို့စစ်ရှောင်စခန်းတွင်နေထိုင်သူတဦးကပြောပါတယ်။ အဲ့ဒီစစ်ရှောင်စခန်းမှာအိမ်ခြေ ၁၈၀ ၊လူဦးရေ တထောင်ကျော်ရှိပြီး အများစုမှာ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေ မကြာမဏဖြစ်ပွါးနေတဲ့ပဲခူးတိုင်းအရှေ့ဖက်ခြမ်း၊အနောက်ဖက်ခြမ်း၊ဒိုက်ဦးနဲ့လက်ပံတန်းမြို့နယ်တွေကအရပ်သားအများစုခိုလှုံနေထိုင်တယ်လို့သိရပါတယ်။ ဒါ့အပြင် စစ်ရှောင်တွေထဲမှာအသက်ငါးနှစ်ကနေ၁၅နှစ် ဝန်းကျင် ကလေးငယ်ပေါင်းတရာကျော်လောက်ရှိပြီး သူတို့ဆီမှာ…
Read Moreမေ ၊ ၁၁ စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအထိ နှစ်နှစ်ကျော်အတွင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေထဲ ခိုလှုံနေသူစစ်ရှောင်ဦးရေ လေးသိန်း ကျော်အထိ ရှိနေပြီလို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့ ထုတ်ပြန်အသိပေးပါတယ်။ ဒါ့အပြင်တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတာ၊နဲ့စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဒေသ ခံပြည်သူ တသိန်းကျော်လုပ်ကိုင်စားသောက်နေတဲ့ လုပ်ငန်းခွင်တွေ ပျက်စီးခဲ့သလို လူဦးရေအမြောက်အများ စားဝတ်နေရေးနဲ့ ပါတ်သက်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့လည်း ဖော်ပြထားပါတယ်။ စစ်ဘေးရှောင်တွေအနေနဲ့ ပုံမှန်လိုအပ်ချက်တွေအပြင်…
Read Moreဧပြီ၊ ၃ စစ်ကောင်စီကစစ်ကြောင်းထိုးနေတာအပြင်၊ လေကြောင်းကနေပစ်ခတ်တာ၊ကလေးမြို့ပေါ်ကနေ လက်နက်ကြီး တွေ နဲ့ပစ်ခတ်နေတာတွေကြောင့် ကလေးမြို့နယ်မြောက်ပိုင်းက ပြည်သူသောင်းချီစစ်ဘေးရှောင်နေကြရပြီး အဲဒီ အထဲက စစ်ဘေးရှောင်ငါးထောင်အတွက် စားနပ်ရိက္ခာ၊ မိုးကာနဲ့ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့ စစ် ရှောင်ကူညီနေသူတွေဆီကသိရပါတယ်။ “ရှိတဲ့သူတွေကတော့ ပြေးရင်အဆင်သင့်ဖြစ်အောင် ကြိုတင်စီမံထားကြတာမျိုးရှိတယ်၊ မရှိတဲ့သူတွေကျတော့ အ ကူအညီတောင်းဖို့ ဖုန်းဘေလ်ကစမရှိတာမျိုးဗျ၊ သူတို့အဖို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ပဲအားကိုးစရာရှိတာ” လို့ ကလေးမြို့နယ်မြောက်ပိုင်းစစ်ရှောင်တဦးကပြောပါတယ်။ စစ်ဘေးရှောင်ငါးထောင်ဝန်းကျင်ဟာ အမိုးအကာမရှိတောထဲကသစ်ပင်အောက်တွေမှာနေထိုင်ကြရပြီး အစားအ သောက်အတွက် လောလောဆယ် နီးစပ်ရာကယူပြီးကျွေးမွေးနေရတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီနေတဲ့ ကိုဂျပန်ကြီးကပြောပါတယ်။…
Read Moreမတ်၊ ၂၁ စစ်ကိုင်းတိုင်း ၊ကနီမြို့နယ်နဲ့ ခင်ဦးမြို့နယ်တွေမှာ မနေ့က မိုးရွာသွန်းမှုအားကောင်းခဲ့တာကြောင့် စစ်ရှောင်နေရတဲ့ သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေမှာ စားဝတ်နေရေး အခက်အခဲတွေရှိနေတယ်လို့ အဲဒီဒေသကလူတွေကပြောပါတယ်။ ခင်ဦးမြို့မှာ မနေ့ကညပိုင်းက လေနဲ့ မိုးနဲ့ကြမ်းခဲ့တာကြောင့် တောထဲမှာ စစ်ရှောင်နေရတဲ့ ပြည်သူတွေရဲ့ ယာယီတဲတချို့ပျက်ဆီးတာတွေရှိခဲ့သလို ဆန်နဲ့ အဝတ်အထည်တွေလည်း လိုအပ်နေတယ်လို့ ခင်ဦးဒေသခံ တဦးကပြောပါတယ်။ ” မနေ့ညက မိုးကတအားကြီးရွာတာတော့မဟုတ်ဘူး လေတအားတိုက်သွားတာပေါ့။ တဲဆိုတာကလည်း ခိုင်ခိုင်မာမာ ဆောက်ထားတာမျိုးမဟုတ်ဘူးလေ။ မိုးကာလေးအဖြစ်ဆောက်တာဆိုတော့ လေကြမ်းကြမ်းလိုက်တော့…
Read Moreမတ်၊ ၁၈ “ကာကွယ်ဆေးနဲ့ကာကွယ်နိုင်တဲ့ ရောဂါများဖြင့် ကလေးငယ်များသေဆုံးရခြင်းကို ရပ်တန့်ဖို့အတွက် ကာကွယ်ဆေးကအရေးပါတဲ့ အခန်းကဏ္ဍကပါဝင်ပါတယ်” ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့Unicefကအဲ့ဒီလိုပြောပါတယ်။ အသက်ရှည်ရှည်နေထိုင်နိုင်အောင်ပံ့ပိုး ပေးဖို့အတွက် ကာကွယ်ဆေးထိုးနှံဖို့လိုတယ်လို့လည်း ဆိုထားပါသေးတယ်။ ဒါပေမယ့် တနိုင်ငံလုံး ဒေသအနှံအပြားမှာ သွေးထွက်သံယိုမှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေဖုံးလွှမ်းနေတဲ့ စစ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံက ကလေးငယ်တွေကတော့ မိသားစုတွေနဲ့အတူ ရှင်သန်ကျန်ရစ်နိုင်ဖို့ ပြေးလွှားရုန်းကန်နေကြရတာပါ။ ဒီအခြေအနေတွေအောက်မှာ ပုံမှန်ကာကွယ်ဆေးထိုးမှုအစီအစဉ်တွေဟာလည်း အဲ့ဒီကလေးငယ်တွေရဲ့ အဝေးမှာသာရှိနေပါတော့တယ်။ ပုံမှန်ကာကွယ်ဆေးထိုးမှုဆုံးရှုံးခဲ့ရတာနဲ့ စစ်ဘေးရှောင်ပြေးလွှားရင်း မသေရုံတမယ်ဖြစ်သလိုရှင်သန် နေထိုင်နေကြရတာတွေရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေအဖြစ် စစ်ရှောင်ကလေးငယ်တွေဟာ ကြိုတင် ကာကွယ်နိုင်တဲ့…
Read Moreမတ်၊ ၁၃ အာဏာသိမ်းစစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ဝန် ကြီးချုပ် ထိန်လင်းဟာ ဘူးသီးတောင်မြို့နယ်က စစ်ရှောင်တွေနဲ့တွေ့ဆုံရာမှာ နေရပ်မပြန်မနေရ ပြန်ကြဖို့ ဖိအားပေးပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ စစ်ရှောင်တွေကပြောပါတယ်။ စစ်ကောင်စီဝန်ကြီးချုပ် ထိန်လင်းဟာ မတ်လ ၁၁ ရက်က ဘူးသီးတောင်မြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေဆီ သွားခဲ့ပြီး လာမယ့် မိုးရာသီမတိုင်ခင် နေရပ် မပြန်မနေရ ပြန်ကြဖို့ ပြောဆိုခဲ့တယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။ “မပြန်လို့ မရဘူး၊ မိုးမကျခင် ပြန်ကြရမယ်လို့ ပြောတယ်၊ကျွန်တော်တို့က ပြန်လို့…
Read Moreမတ်၊ ၃ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်တွေကို စားနပ်ရိက္ခာဖြတ်တောက်ထားခဲ့ပြီး နေရပ်ပြန်ဖို့ ဖိအား ပေးနေခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ဒီကနေ့ကစလို့ စစ်ရှောင်တွေကို နေရပ် အတင်းအဓမ္မစတင် ပို့ ဆောင် နေပြီ လို့ စစ်ရှောင်တွေကDNA ကို ပြောပါတယ်။ စစ်ဘေးရှောင်အိမ်ထောင်စု တရာကျော် နေထိုင်တဲ့ ပုဏ္ဏာကျွန်းမြို့နယ် စက်မှုဇုန်စစ်ရှောင်စခန်းက ဒုက္ခသည်အ ကုန်လုံးကို ဒီကနေ့ မတ်လ ၃ ရက်မှာ စစ်ကောင်စီလက်အောက်ခံတွေက ကားတွေနဲ့ နေရပ်သို့ ပို့ဆောင်ပေးခဲ…
Read Moreမတ်၊ ၂ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းကို ဒီကနေ့ မတ်လ ၂ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းထိုးနေတာကြောင့် ရွာပေါင်း ၁၀ ရွာက ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေကြတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းဟာ ဒီကနေ့မှာလည်း ခင်ဦးနယ်ထဲက ယာတော်ကျေးရွာနဲ့ ကျွန်းတောကြီးရွာတွေဘက်ကို ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့နေတာကြောင့် မြင်းဒေါင်း၊မြင်းကျ၊မကျီးအုပ်၊ကျွန်းတောကြီး၊သရက်ပင်စု၊ယာတော်၊အင်တိုင်းလေး(တောင်၊မြောက်)၊ဥယျဥ်နဲ့သာဝတ္ထိရွာစတဲ့ ကျေးရွာတွေက ဒေသခံပေါင်း တသောင်းကျော်လောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ ” ပြေးနေရတာ ငါးရက်ရှိပြီ။ ရှေ့ကပြေးနောက်ကလိုက်သလိုဖြစ်လို့ ဆက်ပြေးနေကြတုန်းပဲ” လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးက ကိုသာစစ်လင်းက DNA…
Read Moreဖေဖာ်၀ါရီ၊ ၂၅ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ ရေရှားပါးမှု စတင်ကြုံတွေ့နေရတာကြောင့် နောက်ကျိပြီး မသန့်ရှင်းတဲ့ ရေတွေကို သောက်သုံးနေကြရပြီး ဝမ်းလျှောတာ၊ ယားနာ ပေါက် တာစတဲ့ အခြေ အနေတွေနဲ့ ကြုံနေကြရတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။ ရခိုင်ပြည်နယ် ပုဏ္ဏာကျွန်းမြို့နယ်အတွင်းက အထက်မြတ်လှဲ၊ ဂဏန်းတောင်(စိုက်ပျိုးရေး)၊ ဂဏန်းတောင်(ဘူ တာ) စတဲ့ စစ်ရှောင်စခန်းတွေမှာ အဲဒီလို မသန့်တဲ့ရေတွေကို သုံးနေရလို့ နားမကျန်းဖြစ်နေကြတာလို့ အဲဒီစခန်း တွေမှာနေထိုင်တဲ့ စစ်ရှောင်တွေက ပြောပါတယ်။ “ရေချိုးရတာ၊…
Read Moreကယားပြည်နယ်၊ ဖယ်ခုံမြို့အနောက်ဘက်က အိမ်ထောင်စု၅၁စု၊ လူဦးရေ ၃၀၀ ကျော်ရှိတဲ့ ရွာတစ်ရွာမှာ လူဦးရေရဲ့တဝက်နီးပါးဟာ ဝမ်းရောဂါခံစားနေရပြီး အခုရက်ပိုင်းမှာ အဲဒီရောဂါကြောင့် (၇)လအရွယ် မိန်းကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က DNA ကိုပြောပါတယ်။ “တော်တော်များများ ကလေးတွေက ကိုယ်တွေပူပြီး ဝမ်းလျှောနေကြတာ။ အထက်လှန်အောက်လျှောတော့ မဖြစ်သေးဘူး။ ဝမ်းကိုက်တဲ့အဆင့်ကိုတော့ ရောက်နေပြီ။ အကုန်လုံးကို ကျမ စာရင်းတွေကောက်လိုက်တော့ ကလေးအယောက် ၂၀လောက်နဲ့ လူကြီး ၃ ယောက်လောက်က အထက်လှန်အောက်လျှော ဖြစ်နေကြပြီ”လို့…
Read More