နိုင်ငံရေး

ဂန့်ဂေါမြောက်ပိုင်းက ပျူစောထီးရွာတွေကို စွန့်ခွာထွက်ပြေးသူများလာ

သြဂုတ်၊ ၂၉   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းက ပျူစောထီးကျေးရွာ တချို့မှာ နေထိုင်သူတွေဟာ ရွာကို စွန့်ခွာထွက်ပြေးလာပြီး ကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ ကျေးရွာတွေထဲ ဝင်ရောက်ခိုလှုံတာ များလာတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂန့်ဂေါမှာ လက်နက်ကြီးကြောင့် အရပ်သားတဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

သြဂုတ်၊ ၂၈   မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) စစ်ကောင်စီတပ်က သြဂုတ် ၂၇ ရက်၊ ညနေပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတဦး သေဆုံးပြီး အမျိုးသမီးသုံးဦး အပါအဝင် လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဂန့်ဂေါမြို့ဒေသခံတွေဆီက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါက စစ်ကောင်စီစခန်းကုန်းတခုကို တိုက်ခိုက်ခဲ့ပြီး သုံးဦးသေဆုံးတယ်လို့ YDF ပြော

သြဂုတ်၊ ၂၂ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်အရှေ့ပိုင်း ကျောမြို့က စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲနေထိုင်ရာ စိုးမိုးကုန်းကို မနေ့က ဝင် ရောက်ခိုက်ရာမှာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးကာ လက်နက်တချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ယော ကာကွယ်ရေးတပ် ပြန်ကြားရေးအဖွဲ့ဝင်တဦးက DNAကိုပြောပါတယ်။ “ကျွန်တော်တို့ မျက်မြင်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမှာ PDF တွေနဲ့တိုုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က တောင်ခင်ရန်းရွာကိုမီးရှို့ဖျက်ဆီးနေ

သြဂုတ် ၊ ၁၃ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်း တောင်ခင်ရန်းကျေးရွာမှာသြဂုတ်လ ၁၃ ရက် မနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့(PDF)တွေနဲ့  အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပျူစောထီးနဲ့စစ်ကောင်စီအဖွဲ့ဝင်တွေက ရွာကိုမီးရှို့နေတယ်လို့  ဒေသခံတွေဆီကသိရပါတယ်။ ” ရွာအရှေ့ပိုင်းကိုရှို့နေတာ။ ခြောက်လုံး၊ခုနှစ်လုံးလောက်လောင်ပြီးပြီ။ ခုလည်းဆက်လောင်နေတုန်းပဲ” လို့ဒေသခံတဦးကပြောပါတယ်။ တောင်ခင်ရန်းရဲစခန်းက စစ်ကောင်စီအဖွဲ့ကဒီကနေ့မနက်ပိုင်းမှာ  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမှာ လက်နက်ကြီးထိလို့ အရပ်သား နှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

ဩဂုတ်၊ ၁၂  မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြင်သားကျေးရွာဘက်ကို စစ်ကောင်စီက မနေ့က နေ့လယ်ပိုင်းလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် မြင်သားကျေးရွာက အရပ်သား နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။  “မြောက်ခင်ရန်းကနေလှမ်းပစ်တာ၊နေအိမ်ပေါ်ကိုကျတာ”လို့ ဒေသခံတဦးကပြောပါတယ်။ နေအိမ်ပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် မြင်သားရွာခံ အသက် ၅၈နှစ်အရွယ် ဒေါ်ကောက်ထွေးဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂန့်ဂေါမှာ ပျူစောထီးနဲ့ PDF တိုက်ပွဲဖြစ်

သြဂုတ်၊ ၈ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ၊မြောက်ခင်ရန်းရွာက ပျူစောထီးတွေဟာ သူတို့ရိက္ခာအတွက် မြောက်ခင်ရန်းရွာတောင်ဘက် ရေသာ၊ရွှေဘို၊ သင်တော သုံးရွာကို ဒီမနက်အစောပိုင်းမှာစစ်ကြောင်းထိုးလာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက် ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” မနက်ဝေလီဝေလင်းအချိန်မှာ သူတို့စစ်ကြောင်းထိုးလာတာ၊တိုက်ပွဲဖြစ်တော့ အစောကြီးကျွန်တော်တို့ပြည်သူတွေလည်းရှောင်ဖို့အချိန်နည်းသွားတာပေါ့” လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂန့်ဂေါမှာ ရိက္ခာထွက်ရှာတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ နှစ်ဦးသေဆုံး

ဇူလိုင်၊ ၂၈   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း တောင်ခင်ရန်းရဲစခန်း အတွင်း ပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မနေ့က ရွာထဲကို ရိက္ခာထွက်ရှာရာက ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးသွားတယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂန့်ဂေါမှာ တိုက်ပွဲဖြစ်ပွားစဉ် စစ်ရှောင်အမျိုးသမီးတဦး နှလုံးဖောက်ပြီးသေဆုံး

ဇူလိုင်၊ ၁၇   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာ တောင်ဘက်မှာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တောင်ခင်ရန်းရွာ ရဲစခန်း က ပျူစောထီး တွေပါဝင်တဲ့ စစ်ကောင်စီ အဖွဲ့ဝင်တွေ ဇူလိုင် ၁၅ ရက်မနက် ၁၁ နာရီဝန်းကျင်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါ- ကလေးနယ်စပ် ပျူစောထီးကျေးရွာတွေ ပြင်ပရွာတွေနဲ့မြို့တွေနဲ့အဆက်ပြတ်တာနှစ်လကျော်ကြာမြင့်ပြီး စားသောက်ကုန်ပြတ်လပ်

ဇူလိုင်၊ ၄ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နဲ့စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်နယ်စပ်က ပျူစောထီးကျေးရွာတွေဟာ အနီးဝန်းကျင်ကကျေးရွာတွေ၊ မြို့တွေနဲ့အဆက်အသွယ်ပြတ်တာ နှစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီဖြစ်တဲ့အတွက် ဆား၊ငါးပိ၊အချိုမုန့်အပါအဝင် စားသောက်ကုန်ပစ္စည်းတွေနဲ့အခြားပစ္စည်းတွေပြတ်လပ်တာ၊ စျေးနူန်းအဆမတန်ကြီးမြင့်တာတွေဖြစ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” သူတို့ရွာတွေမှာ ဓာတ်ဆီတလီတာတဗူးကို တသောင်းခွဲ၊ ဆားတပိသာ ရှစ်ထောင့်ငါးရာဖြစ်နေပြီ။ ဆီတို့၊ဆန်တို့တော့ တောင်သူတွေဆိုတော့ရှိကြတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂန့်ဂေါမြို့နယ်၊ ကုက္ကားရွာမှာ ပျူစောထီးခေါင်းဆောင် ညီအစ်ကို နှစ်ဦး ပစ်ခတ်ခံရလို့သေဆုံး

ဇွန်၊​၂၈   မကွေးတိုင်း ၊ ဂန်‌ဂေါမြို့နယ်၊ ကုက္ကားကျေးရွာ က ပျူစောထီးခေါင်းဆောင်နှစ်ဦးကို ဇွန်လ ၂၆ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကုက္ကားပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။   “ ကုက္ကားက ပျူရွာဗျ။ [ဆက်လက်ဖတ်ရှုရန်]