နိုင်ငံရေး

ဂန့်ဂေါမြို့မှာ ချင်းပြည်ဘက်ကသယ်လာတဲ့ ​ဒီတိုနေတာအချောင်းငါးထောင်ကျော် စစ်ကောင်စီက ဖမ်းဆီး

မကွေးတိုင်း၊ဂန့်ဂေါမြို့၊ အမှတ် (၁) စစ်ဆေးရေးဂိတ်မှာချင်းပြည်နယ်ကနေ မန္တလေးဘက်ကိုသွားမယ့် ခရီးသည်တင်ကားနှစ်စီးပေါ်ကနေ ဖောက်ခွဲရေးပစ္စည်းဒီတိုနေတာ အချောင်း ငါးထောင့်ငါးရာကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၅ရက် မနေ့ကဖမ်းဆီးမိတယ်လို့ဒေသခံတွေကပြောပါတယ်။ အဆိုပါဖမ်းဆီးရမိတဲ့သတင်းကို စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကဖော်ပြခဲ့ပြီး ဖမ်းဆီးခံရတာမှန်ကန်တယ်လို့ ဂန့်ဂေါဒေသခံတွေဆီကသိရပါတယ်။ “ဂန့်ဂေါမှာမိတာက ဒန်ကတ်သီးအတိုတွေ၊ မိုင်းလုပ်တဲ့နေရာမှာသုံးတာ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂန့်ဂေါမှာဒေသကာကွယ်ရေးတပ်စခန်းတခုစီး နင်းခံရ

ဂန့်ဂေါမြို့ ၊စိန်ဒူးကျေးရွာအနောက်ဖက်က ဒေသခံကာကွယ်ရေးတပ် ယာယီစခန်းတခုကို စစ်ကောင်စီစစ်ကြောင်းက ဇန်နဝါရီ (၁၈) ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာ အဲ့စခန်းဝန်းကျင်မှာပဲ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ကာ ကွယ်ရေးအင်အား စုတွေဆီက သိရပါတယ်။ ဂန့်ဂေါမြို့ ခ.လ.ရ (၅၀) [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂန့်ဂေါမြို့မှာ စစ်ကောင်စီက ပစ်ခတ်လို့ လူငယ်တဦးသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ စစ်တပ်စစ်ဆေးရေးဂိတ်က ဆိုင်ကယ်ရပ်ဖို့ တားတာကို မရပ်မိတဲ့လူငယ်တဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ဂန့်ဂေါမြို့ အမှတ်(၁)ရပ်ကွက်က စစ်တပ်စစ်ဆေးရေးဂိတ်ကို ဖြတ်ပြီး ဆိုင်ကယ်ဆီဖြည့်ဖို့သွားတဲ့ ချင်းတိုင်းရင်းသားလူငယ်တဦး ဒီဇင်ဘာ(၁၅)ရက် ညနေပိုင်းမှာ ပစ်သတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါ တောင်ယာပြင်ရွာကသားအမိနှစ်ဦး လက်နက်ကြီးထိပြီး ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့ တောင်ယာပြင်ကျေးရွာအနီး ယာခင်းထဲ ဒီကနေ့ နေ့လယ်ပိုင်းမှာ လက်နက် ကြီးကျည်ကျ ပေါက်ကွဲလို့ ပဲနှုတ်နေတဲ့သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) တပ်ဟာ ဒီကနေ့မနက်ပိုင်းမှာ ဟားခါးမြို့ဘက်ကို စစ်ကြောင်းထွက်လာခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ် စစ်ကြောင်းဝင်ခဲ့တဲ့ ဂန့်ဂေါမြို့ ဇဟောရွာမှာ ပစ်သတ်ခံထားရတဲ့ အလောင်းတလောင်းတွေ့

ဂန့်ဂေါမြို့ အနောက်ဘက်က ဇဟောရွာကျေးရွာကို နိုဝင်ဘာ ( ၂၂) ရက်မှာ စစ်တပ်က စစ်ကြောင်းထိုး ဝင် ရောက်ခဲ့ပြီးနောက် ပြန်ထွက်သွားချိန်မှာ ပစ်သတ်ခံထားရတဲ့ ရွာခံ အမျိုးသားတဦးရဲ့ရုပ်အလောင်းကို တွေ့ရတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။ “ခေါင်းကိုတည့်တည့်ပစ်သတ်သွားတာ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမှာ လက်နက်ကြီးထိလို့ ပြည်သူနှစ်ဦး ထက်မနည်းသေဆုံး

ဂန့်ဂေါမြို့အနောက်ဘက် ဇဟောရွာမှာ နိုဝင်ဘာ (၂၂) ရက် ဒီကနေ့ညနေပိုင်းမှာ လယ်ကွင်းထဲ လက်နက်ကြီးကျည်ကျပြီး စပါးရိတ်နေသူတွေ ထိမှန်ကာ နှစ်ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဂန့်ဂေါဒေသခံတွေဆီက သိရပါတယ်။ “နှစ်ယောက်မကနိုင်ဘူး၊ ဆယ်ယောက်ဝန်းကျင်လောက်ကို သေတာလို့ကြားနေတာ၊ လက်နက်ကြီးက ရွာထဲတွေကော၊ လယ်ထဲတွေကောကျတာ” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြောက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီက ဆယ်ဦးထက်မနည်းသေ

ဂန့်ဂေါမြို့ ကန်ရွာကနေ မြို့ပေါ်ကို ပြန်ထွက်ခွာလာတဲ့စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ရာမှာ ဆယ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ် (၁) တပ်ရင်းပြန်ကြားရေးတာဝန်ခံ ကိုစတီဗင်က DNA ကိုပြောပါတယ်။ “ကျွန်တော်တို့ဘက်ကအရင်စောင့်ကြိုပြီးလက်ဦးမှုယူနိုင်ခဲ့ပါတယ်၊အလောင်းမရတော့အတိအကျမသိနိုင်ပေမယ့် စစ်​ွေးဆယ်ဦးအထက်မှာရှိနိုင်ပါတယ်” လို့ သူကပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါမြို့ကနေ ကန်ရွာကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါ ကန်ရွာမှာ စစ်တပ်က မွေနှောက်ခိုးယူသွားတဲ့အိမ်တွေထဲ စစ်ဗိုလ်တစ်ဦးရဲ့ နေအိမ်လည်းပါဝင်

ဂန့်ဂေါမြို့၊ ကန်ရွာရဲစခန်းကို စစ်ကောင်စီစစ်ကြောင်းရောက်ခဲ့ချိန်က ရွာထဲကအိမ်တွေကိုမွှေနှောက်ခိုးယူရာမှာ စစ်ဗိုလ်တစ်ဦးရဲ့မိဘအိမ်တစ်အိမ်လည်း ပါဝင်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” သူတို့က အဝတ်အစားတွေနဲ့တခြားပစ္စည်းတွေရောင်းတဲ့ဆိုင်ကြီး၊ သူတို့လည်းပစ္စည်းတွေ တော်တော်များ များပါသွားတယ်”လို့ ရွာခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီစစ်သားနှင့်ရဲတွေမွေနှောက်ခိုးယူခဲ့တဲ့ စစ်ဗိုလ်ရဲ့မိဘနှစ်ပါးအိမ်ဟာ ရွာလယ်မှာ စျေးဆိုင်ကြီး ဖွင့်ထားတဲ့ ဦးဝင်းမြင့်နဲ့ဇနီးဒေါ်တင်နှောင်းတို့အိမ်ဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့၊ကန်ရွာအနီးမှာတိုက်ပွဲ ဖြစ်နေ

ဂန့်ဂေါမြို့နယ် ကန်ရွာအရှေ့တောင်ဘက်တဝိုက်မှာ ဂန့်ဂေါမြို့ကလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာ ကွယ်ရေးတပ်တွေ အောက်တိုဘာ (၁၇)ရက်မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန် ရေးတပ်ဖွဲ့တွေဆီက သိရပါ တယ်။ “သူတို့ဘက်ကတော်တော်ထိတယ်၊ရဟတ်ယာဥ်နှစ်စီးလည်းလာဝဲတယ်၊ပစ်တော့ပစ်မသွားဘူး၊ ကိုယ့် ဘက်က လည်း နည်းနည်းအထိအခိုက်ရှိတယ်” လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့အဝင် စစ်တပ်ဂိတ်မှာ ဗိုလ်ကြီးသားမက်လို့ဆိုသူကို ဂိတ်ကစစ်သားတွေက ဆဲဆို

ဂန့်ဂေါမြို့အဝင် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှု တွေလုပ်နေချိန် ဗိုလ်ကြီးတဦးရဲ့ သားမက်ဖြစ်ကြောင်းကိုယ့်ကိုယ်ကိုယ် မိတ်ဆက်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆဲဆို ကြိမ်းမောင်းခဲ့တယ် လို့ မျက်မြင်တွေ့တဲ့ ဒေသခံက DNA ကိုပြောပါတယ်။ “ကားတစီးကရပ်ပြီး ကျနော်ဗိုလ်ကြီး….ရဲ့သမက်ပါလို့ပြောတော့ ….ဗိုလ်ကြီးရဲ့ သားမက်လည်းနားမလည်ဘူး၊ [ဆက်လက်ဖတ်ရှုရန်]