နိုင်ငံရေး

ခရမ်းမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် လူငယ်ဆယ်ဦးထက်မနည်းအဖမ်းခံရ

ဧပြီ၊ ၃ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ကံဘဲ့ရွာက အလှူပွဲကို ဓာတ်ပုံ လာရိုက်ပေးတဲ့ (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဦး ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ကံဘဲ့ရွာ နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခရမ်းမှာအသက်နှစ်ဆယ်အရွယ်လူငယ်တဦးကို စစ်တပ်ကပစ်သတ်ပြီး PDF လို့စွပ်စွဲ၊ အလောင်း ထုတ်ခွင့်မပေး

ဧပြီ၊ ၁ ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်၊ဒေးပေါက်ကျေးရွာနဲ့စွယ်တော်ကွင်းကျေးရွာအသွားလမ်းပေါ်မှာပြီးခဲ့တဲ့မတ်လ ၃၁ ရက် နေ့လယ်ပိုင်းကအသက်နှစ်ဆယ်အရွယ်လူငယ်တဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး မိသားစုကို အလောင်းပြန် ထုတ်ခွင့်မပေးဘူးလို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ပစ်ခတ်ခံရပြီးသေဆုံးသွားတဲ့ လူငယ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် လူမှု ကွန်ရက်ချန်နယ်တွေက ဝါဒဖြန့်နေပေမယ့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းက အိမ်တစ်အိမ်ကို လက်နက်ကိုင်တစ်စု ဓားပြဝင်တိုက်၊ ကျပ်သိန်း ၇၀ နဲ့ ရွှေ ၆ ကျပ်သားယူသွား

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊အိုးဝကျေးရွာက နေအိမ်တစ်အိမ်ကို အမည်မသိ လက်နက်ကိုင်တစ်စု က ဝင်ရောက်ဓားပြတိုက်ကာ ကျပ်သိန်း ၇၀ နဲ့ ရွှေ ၆ ကျပ်သားယူသွားကြောင်း သိရပါတယ်။ ဒီနေ့မနက် ၁ နာရီလောက်က အိုးဝကျေးရွာနေ ဦးလှထွေး၊ဒေါ်အေးညိုတို့ရဲ့နေအိမ်ကို အရပ်ဝတ်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းရွာသား ၁၅ ဦးကို အကြမ်းဖက်စစ်တပ် ဖမ်းဆီး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ရွာနှစ်ရွာက ပြည်သူ ၁၅ ဦးကို အကြမ်းဖက်စစ်တပ်က ဒီနေ့မနက်ပိုင်းမှာ ဖမ်းဆီးသွားပါတယ်။ ဒီနေ့မနက် ၄ နာရီခွဲလောက်မှာ အကြမ်းဖက်စစ်တပ်ဟာ ခရမ်းမြို့နယ် ကြာထုံးရွာနဲ့ အိုးဝကျေးရွာတို့ကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး အပြန်မှာ ရွာသား ၁၅ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်သတင်းပေး ဒလန်စာရင်းကို ခရမ်းမှာ ကောက်ခံနေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ စစ်သတင်းပေး ဒလန်စာရင်းကို ကောက်ခံနေပါတယ်။ ခရမ်းပြည်သူတွေအနေနဲ့ ခရမ်းမြို့နယ် ရပ်ကျေးအသီးသီးရှိ ဒလန်တွေကို ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်နဲ့ ခရမ်းမီဒီယာတို့ထံ သတင်းတိကျစွာ ခိုင်လုံစွာပေးပို့ကြဖို့ ဧပြီ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဇွဲတွန်ဂိတ် တိုက်ခိုက်ခံရမှု ဖမ်းဆီးခံရွာသား ၂၅ ဦးကို ၁၀ ရက်ကြာတဲ့အထိ ပြန်မလွှတ်သေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ဇွဲတွန်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ရွာသား ၂၅ ဦးကို ၁၀ ရက်ကြာတဲ့အထိ ပြန်မလွှတ်သေးဘူးလို့သိရပါတယ်။ ဧပြီ ၁၃ ရက်နေ့၊ သင်္ကြန်အကြိုနေ့က ဇွဲတွန်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေက လက်နက်ကြီး၊ လက်နက်ငယ်တို့နဲ့ အလစ်အငိုက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမှာ စစ်သတင်းပေးလို့ နာမည်ကြီးနေသူတစ်ဦး ရှင်းလင်းခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း စစ်သတင်းပေးလို့ နာမည်ကြီးနေသူတစ်ဦး ဒီနေ့မနက်မှာ ရှင်းလင်းခံရပါတယ်။ ခရမ်းမြို့နယ်၊ တကောကန်ကျေးရွာနေ အကြမ်းဖက်စစ်တပ်သတင်းပေးလို့ အများကသတ်မှတ်ကြတဲ့ သန့်ဇင်(ခ)မောင်ဇင်ဆိုသူကို သပြုကန်ကျေးရွာမှာ ဒီနေ့မနက် ၆ နာရီလောက်က အမည်မသိအဖွဲ့တစ်ခုက သေနတ်နဲ့ ၉ ချက်ပစ်ခတ်ခဲ့ရာ နေရာမှာတင်ပွဲချင်းပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်း အကြမ်းဖက်ရဲတွေကို ၄၀ မမ အပြင်းစားဗုံးနဲ့ တိုက်ခိုက်

ခရမ်းမြို့နယ်၊ မက္ကသံကျေးရွာလာတဲ့ အကြမ်းဖက်ရဲတွေကို ၄၀ မမ အပြင်းစားဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၅ ရက်နေ့ ညနေပိုင်းက ခရမ်းမြို့ မက္ကသံကျေးရွာလမ်းရောက်လာတဲ့ အကြမ်းဖက်ရဲတွေကို ခရမ်း PDF က ၄၀ မမ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘုရားပျို ရဲစခန်း တိုက်ခိုက်ခံရမှု စစ်အုပ်စုဝင် တစ်ဦးသေ၊၃ ဦး ဒဏ်ရာရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် စစ်အုပ်စုဝင်တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ခရမ်းမြို့ ဘုရားပျိုကျေးရွာ ရဲစခန်းအတွင်း မတ်လ ၂၉ ရက်နေ့မွန်းလွဲ တစ်နာရီခွဲလောက်မှာ ၄၀(မမ) ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအဆောက်အဦတချို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်သတင်းပေးလို့ အများက သတ်မှတ်ထားသူတစ်ဉီး အပစ်ခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ၊ကျုံမရေ ကျေးရွာက စစ်တပ်သတင်းပေးလို့ အများက သတ်မှတ်ထားသူတစ်ဦး သေနတ်နဲ့ အပစ်ခံရကြောင်း သိရပါတယ်။ ယမန်နေ့ည ၆ နာရီခွဲလောက်မှာ စစ်တပ်သတင်းပေးလို့အများကသတ်မှတ်ထားတဲ့ ကျော်ဝေဆိုသူကို အမည်မသိအဖွဲ့က သေနတ်နဲ့ တစ်ချက်ပစ်ခတ်ခဲ့ရာ လည်ပင်းကိုထိမှန်ပြီး ခရမ်းဆေးရုံပေါ် [ဆက်လက်ဖတ်ရှုရန်]