ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လိုင်ဇာမှာကလေးတဦးအပါသုံးဦးသေဆုံး။ ဒဏ်ရာရသူများလည်းရှိနေ

မတ်၊ ၇ လိုင်ဇာမြို့အနီးဝန်းကျင်နဲ့ မြစ်ကြီးနား – ဗန်းမော်ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲ ပြင်းထန်နေပြီးစစ်ကောင်စီလက်နက်ကြီးပစ်ခတ်မူကြောင့်ကလေးငယ်တဦးအပါအဝင်သုံးဦးအနည်းဆုံးသေဆုံးခဲ့တယ်လို့သိရပါတယ်။ လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီရဲ့ခယာတောင် နဲ့ဘွမ်ရဲတောင်တပ်စခန်း။ မိုးမောက်မြို့နယ်ရှိ နွမ်လန်း၊ ဒေါ့ဖုန်းယန်ဒေသ ရှဒန်ပါတပ်စခန်း၊ အင်တပ်ဘွမ်တပ်စခန်းနှင့် အင်လုန်ခတပ်စခန်း၊  [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အရပ်ဖက် သင်္ဘောတွေကို ဟိုသီတွေရဲ့ တိုက်ခိုက်မှုကြောင့် ပထမဆုံးအကြိမ် လူအသေအပျောက်ဖြစ်

မတ် ၊ ၇ ယီမင်နိုင်ငံ ကမ်းလွန်မှာ အရပ်ဖက် သင်္ဘောတွေကို ဟိုသီ သူပုန်တွေက ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ပထမဆုံးအကြိမ် အသေအပျောက် ဖြစ်ရပ်မျိုး ကြုံလာကြောင်း အမေရိကန် စစ်ဘက်က ကြေညာပါတယ်။  အရှေ့အလယ်ပိုင်း ဒေသက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်း အရှေ့ပိုင်းမှာ ရုရှားတပ်တွေ ဆက်တိုက် ချီတက် ထိုးဖောက်လာမှုကြောင့် ဒေသခံတွေ စိုးရိမ်နေ

မတ် ၊ ၇ ယူကရိန်း အရှေ့ပိုင်း နယ်မြေတွေဟာ အရှိန်မြှင့်လာမယ့် ယူကရိန်းရဲ့ ထိုးစစ်သစ်တွေအတွက် အလေးအနက် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာနေပါတယ်။  ရုရှားတပ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်း အရှေ့ပိုင်းမှာ ရှေ့တိုးချီတက်လာရင်း နယ်မြေတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရီပတ်ဘလစ်ကန် ကိုယ်စားပြု သမ္မတလောင်း မျှော်လင့်ချက်ကို ဟေလီစွန့်လွှတ်

မတ် ၊ ၇  ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲ ဝင်နိုင်ဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ကို စိန်ခေါ်ခဲ့သူ နစ်ကီဟေလီဟာ သူ့ရဲ့ ရည်မှန်းချက်ကို လက်လျှော့ စွန့်ခွာလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ လာမယ့် [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

ပညာရှင်တွေကို ခေါင်းစားလာစေတဲ့ မြန်မာ့နျူကလီးယား သတ္တု အရှုပ်အထွေး ဇာတ်လမ်းများ

မတ် ၊ ၇ လက်နက် အရောင်းအဝယ်အတွက် နျူကလီးယား ကုန်ကြမ်း ပစ္စည်းတွေကို မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခုက ယာကူဇာ ဂိုဏ်းသား တယောက်ဆီ ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေဟာ ရှမ်းပြည်နယ်ထဲမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မလေးရှားက Calling Visaကျထားတဲ့ပြည်ပလုပ်သားတွေကို မေလကုန်ထိပဲဝင်ခွင့်ပေးတော့မယ်

မတ်၊ ၆ မလေးရှားအစိုးရက calling Visa ကျထားတဲ့ မြန်မာအပါအဝင်နိုင်ငံခြားသားအလုပ်သမားတွေကို လာမယ့် မေလ ၃၁ရက် နောက်ဆုံးထားခေါ်ယူဖို့အဲ့ဒီနိုင်ငံအတွင်းက လုပ်ငန်းရှင်တွေကိုညွန်ကြားထားတယ်လို့ စစ်ကောင်စီရဲ့ အလုပ် သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးဖော်ပြပါတယ်။ မလေးရှားအစိုးရအနေနဲ့ နိူင်ငံခြားသားလုပ်သားခေါ်ယူခွင့်ခွင့်ပြုချက်(KSM Approval)ကို ပြီးခဲ့တဲ့နှစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လွိုင်ကော်တက္ကသိုလ်ပါချုပ်၊ ဒုပါချုပ်အပါအဝင် ငါးဦးကို ကရင်နီတရားရေးကထောင်ဒဏ်နှစ်နှစ်စီနဲ့ငွေဒဏ်တွေချမှတ်

မတ်၊ ၆ ကရင်နီပြည်(ကယား) လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ငါးဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ထောင် ဒဏ်နှစ်နှစ်အပြင် ငွေဒဏ်ကျပ်ကိုးသိန်းစီ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ကရင်နီပြည်(ကယား) ပြည်နယ်တရားသူကြီးချုပ် ခူးပိုးရယ်က DNA ကို ပြောပါတယ်။ “စစ်ဆေးပေါ်ပေါက်ချက်အရနဲ့ ကာယကံရှင်တွေရဲ့ ဝန်ခံထွက်ဆိုချက်အရ မတရားအသင်းဆက်သွယ်မှုအက်ဥပဒေအရ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်တောင်ပိုင်းထိုးစစ် AAစတင်

မတ်၊ ၆ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့တွေကို ဆက်တိုက်သိမ်းယူနေတဲ့ ရက္ခိုင့်တပ်တော်(AA)က တောင်ပိုင်းဒေသမှာပါ စစ်ရေးအရှိန်မြင့်တင်လိုက်တာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်နဲ့ သံတွဲမြို့နယ်အစပ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကို AAက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သားသုံးဆယ်၀န်းကျင် သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒီကနေ့ မတ်လ ၆ရက်မနက်အစောပိုင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေမှာ ထွက်ပေါက်ပိတ်နေတဲ့စစ်ကောင်စီက ဒေသခံတွေကို ဓါးစာခံလုပ် ခံစစ်ပြင်နေ

  မတ်၊ ၆ စစ်ကောင်စီက ရက္ခိုင့်တပ်တော်(AA)ရဲ့ ဝိုင်းဝန်းပိတ်ဆို့ခြင်းကိုခံနေရပြီဖြစ်တဲ့ ပြည်နယ်မြို့တော်စစ်တွေမှာ ဒေသခံဝန်ထမ်းတွေနဲ့ ပြည်သူတွေကို မြို့ပြင်ထွက်ခွင့်မပြုဘဲ ဓါးစာခံလုပ်ကာ ခံစစ်အနေအထားပြင်ဆင်နေတယ်လို့ ဝန်ထမ်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ စစ်တွေမြို့ပေါ်ရှိ ဒေသခံဌာနဆိုင်ရာရုံးဝန်ထမ်းတွေကို ပုံမှန်ရုံးတက်ခိုင်းပြီး မြို့ခံတွေကိုလည်း ထွက်ပြေးတိမ်းရှောင်လို့မရအောင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရှမ်းမြောက်သုံးမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာမှု အပစ်ရပ်သဘောတူညီမှုကို ခက်ခဲစေတယ်လို့ ညီနောင်သုံးဖွဲ့ သတိပေး

မတ်၊ ၆   ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းပိုက်ခဲ့တဲ့ မြို့သုံးမြို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာဟာ နှစ်ဖက်အပစ်ရပ်သဘောတူချက်ဖြစ်တဲ့ ဟိုင်ဂင်သဘောတူညီချက်ကို အခက်အခဲဖြစ်စေနိုင်တယ်လို့ TNLA၊ MNDAA နဲ့ AA တို့ပါဝင်တဲ့ [ဆက်လက်ဖတ်ရှုရန်]