ဒေသအလိုက် သတင်းကဏ္ဍ

ဟင်္သာတမှာ ကျောက်ကားပေါ်ကနေ ရိုဟင်ဂျာ လေးဆယ်နီးပါး ဖမ်းမိ

ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့ ၊ လယ်တီကွင်း စစ်ဆေးရေးဂိတ်မှာ ဒီနေ့မနက်ပိုင်း ၁၀ နာရီကျော်က ကျောက်တင်တဲ့ ဖောကားအပြာတစီး အစစ်ဆေးမခံပဲ မောင်းပြေးတဲ့အတွက် လိုက်လံဖမ်းဆီးရာ ကျောက်တုံးတွေအောက်မှာ ကျင်းခပ်ကာဖွက်ပြီး သယ်ဆောင်လာတဲ့ ရိုဟင်ဂျာ ၃၉ ဦး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေးမြို့နယ်ကစစ်တပ်ပိုင် ဖုန်းတာဝါတိုင် ဖျက်ဆီးခံရပြီးစစ်တပ်နဲ့ကာကွယ်ရေးတပ်အပြန်အလှန်ပစ်ခတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာ ဟောင်းအနီးမှာ ဒီကနေ့ ဇန်နဝါရီ (၂) ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ရေးဘီလူးအဖွဲ့တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေး အင်အားစုတွေဆီကသိရပါတယ်။ “ပထမတစ်ချက်သေနတ်ပစ်သံအရင်ကြားတယ်၊ အဲဒါပြီးတော့ ခဏပြန်တိတ်သွားတယ်၊ ခဏအကြာမှာအပြန်အလှန်ပစ်ခတ်သံကြားရတာ၊ ဘယ်သူနဲ့ ဘယ်သူပစ်တာလဲတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သထုံမြို့နယ်အတွင်း ကုန်တင်ရထား မိုင်းဆွဲခံရမှုထပ်ဖြစ်

မွန်ပြည်နယ်၊ သထုံမြို့နယ် ဂေါကျေးရွာမှာ ဇန်နဝါရီ (၂ )ရက် မနက်ပိုင်းက လမ်းခင်းကျောက်တွေ သယ် ဆောင်လာတဲ့ ကုန်တင်ရထား မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီရထားဟာ ဒီကနေ့ မနက် ၈ နာရီခွဲဝန်းကျင်မှာ ပေါင်မြို့နယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပဲခူးမြို့မှာ ပေါက်ကွဲမှုတွေဖြစ်ပြီးနောက် စစ်တပ်က လုံခြုံရေးတင်းကျပ်

ပဲခူးတိုင်း၊ ပဲခူးမြို့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတဲ့ နေရာတွေမှာဗုံးပေါက်ကွဲတာတွေ ဖြစ်ပြီးနောက် စစ်ကောင်စီက အချိန်မတော်ဧည့်စာရင်းစစ်တာတွေလုပ်နေသလို လုံခြုံရေးတိုးမြှင့်ပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေလည်းလုပ်နေတယ်လို့ ဒေသခံ တွေက DNA ကိုပြောပါတယ်။ ပဲခူးမြို့အမှတ် (၂) ရဲစခန်းဝန်း၊တပ်မ(၇၇ )ရဲ့ ပင်မ ထောက်ပံ့ပို့ဆောင်ရေးတပ်ကင်းဂိတ်နဲ့ မြို့အဝင်အထွက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထီးလင်းမှာ စစ်ကောင်စီက တနှစ်အတွင်း ကျေးရွာဆယ့်တရွာကိုမီးရှို့ပြီး လူနှစ်ဆယ်သတ်ဖြတ်

မကွေးတိုင်း၊ယောဒေသထီးလင်းမြို့နယ်မှာ စစ်ကောင်စီက တနှစ်အတွင်း ကျေးရွာ၁၁ ရွာက နေအိမ် (၁၃၈) လုံးကိုမီးရှို့ပြီး လူနှစ်ဆယ်ကိုသတ်ဖြတ်ခဲ့တယ်လို့ ထီးလင်းအခြေစိုက် ယောတော်လှန်ရေးတပ်(YRA) ရဲ့မှတ်တမ်းတွေအရသိရပါတယ်။ “ပြည်သူနှစ်ဆယ်သတ်ဖြတ်ခံရတာက ကျွန်တော်တို့နယ်စာရင်း၊ မြို့ပေါ်ကဟာ(အချက်အလက်) တွေ မပါသေးဘူး၊မြို့ပေါ်စစ်ကြောရေးမှာသေတာ ကျွန်တော်တို့သိသလောက် ခုနစ်ယောက်လော​က် ရှိတယ်” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အကြမ်းဖက် စစ်တပ်က အိမ်ခြေတထောင်ဝန်းကျင်ရှိ ခင်ဦးအလယ်လျှိုရွာကို ရွာလုံးကျွတ်နီးပါးမီးရှို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က အလယ်လျှိုကျေးရွာကို အင်အာရာဂဏန်းဝန်းကျင်ပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းက စစ်ကြောင်းထိုးပြီး မီးရှို့ခဲ့လို့ အိမ်ခြေတထောင်ဝန်းကျင်ရှိတဲ့အဲ့ဒီရွာကဘုန်းကြီးကျောင်းနဲ့စာ ကြည့်တိုက်တွေအပါအဝင်  ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေး အင်အားစုတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးပတ်ကတည်းက အလယ်လျှိုရွာထဲ စီးနင်းဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံကူးလက်မှတ်ထုတ်ပေးမှု ရက်အကန့်အသတ်မရှိ ယာယီပိတ်

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်က မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရုံးချုပ်အပါအဝင် နိုင်ငံတဝှမ်းက နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးတွေကို ဒီကနေ့ ဇန်နဝါ ရီ(၂)ရက်ကစလို့ပိတ်ထားလိုက်ပြီး နိုင်ငံကူး လက်မှတ် ထုတ်ပေးမှုကိုလည်း ရက်အကန့်အသတ်မရှိယာယီ ပိတ်ထားလိုက်တယ်လို့ နိုင်ငံကူးလက်မှတ်သွားရောက်လုပ်ကိုင်သူတွေ၊ ရုံးဝန်ထမ်းတွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ “ရုံးတွင်းမှာစာလည်းထုတ်ထားတယ်၊ယာယီပိတ်မယ်ဆိုတာကိုလည်း ကြေညာထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယူဂန္ဓာမှာ နှစ်သစ်ကူး မီးရှုးမီးပန်း ပစ်ဖောက်မှုတွေ တိုးဝှေ့ကြည့်ရှုရာက လူနင်းမိပြီး ကိုးဦးသေ

နှစ်သစ်ကူးညမှာ ပစ်ဖောက်တဲ့ မီးရှူးမီးပန်းတွေကို တိုးဝှေ့ ကြည့်ရှုကြရာက အချင်းချင်း တက်နင်းမိတာကြောင့် ယူဂန္ဓာ နိုင်ငံမှာ လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ နှစ်သစ်ကူးညက ယူဂန္ဓာရဲ့ မြို့တော် ကမ်ပါလာမှာ ၂၀၂၃ ခုနှစ်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘရာဇီး သမ္မတသစ်အဖြစ် လူလာ ကျမ်းသစ္စာ ကျိန်ဆို

ကျမ်းသစ္စာ ကျိန်ဆိုမှု အခမ်းအနား ပြီးတဲ့နောက် လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားဟာ ဘရာဇီး သမ္မတ ရာထူးကို တကျော့ပြန် တာဝန်ယူခွင့် ရလာခဲ့ပြီ ဖြစ်ပါတယ်။ လူလာဟာ ၂၀၀၃ ကနေ ၂၀၁၀ ပြည့်နှစ်ထိ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးမှာ PDF အဖွဲ့ဝင် ဆယ့်ခြောက်ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီကြေညာ

မန္တလေးမြို့မှာ ဒေသကာကွယ်ရေး ပျောက်ကြားအဖွဲ့ ( PDF ) ၁၆ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမီခဲ့တယ်လို့ စစ်ကောင်စီက မနေ့ဇန်နဝါရီ ၁ရက်နေ့ညပိုင်းမှာ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ စတင်ပြီး [ဆက်လက်ဖတ်ရှုရန်]