အသံတိတ်သပိတ်လုပ်ချိန်မြင်ကွင်းကိုဓါတ်ပုံ ရိုက်တဲ့အင်းတော်မြို့ခံတဦးဖမ်းဆီးခံရ
စစ်ကိုင်းတိုင်း၊အင်းတော်မြို့မှာဖေဖော်ဝါရီ၁ရက်ကပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ် မှတ်တမ်းဓါတ်ပုံတွေရိုက်ကူးနေတဲ့ဒေသခံတဦးကိုစစ်ကောင်စီရဲ့ ရဲတွေကဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ ဖမ်းဆီးခံရသူဟာ အင်းတော်မြို့နယ်အောင်ချမ်း သာရပ်ကွက်မှာနေထိုင်တဲ့ အသက်၄၀ကျော်အရွယ် ဦးလှအောင်ဖြစ်ပြီး အသံတိတ်သပိတ်ကြောင့် ရှင်းလင်းနေတဲ့ အခြေအနေကိုဓာတ်ပုံရိုက်နေချိန် ကင်းလှည့်နေတဲ့ရဲကားနဲ့တွေ့ပြီး ဖမ်းဆီးခံခဲ့ရတာလို့ဆိုပါတယ်။ “ဒေသခံက ဘယ်အဖွဲ့စည်းနဲ့မှမပတ်သက်ပါဘူး၊ဒီတိုင်းဓာတ်ပုံရိုက်တာပါ၊အဲ့တာ ကင်းပတ်နေတဲ့ရဲကားနဲ့တိုးပြီး ဖမ်းခံလိုက်ရတာ၊အခုတော့ ရဲစခန်းထဲမှာဖမ်းခံထားရတယ်လို့ကြားတယ်ဗျ”လို့အင်းတော်ဒေသခံတဦးက DNA [ဆက်လက်ဖတ်ရှုရန်]