နိုင်ငံတကာရေးရာ

အမေရိကန်နဲ့ တောင်ကိုရီးယား စစ်လေယာဉ် ရာနဲ့ချီ ပူးပေါင်းပျံသန်းပြီး စစ်ရေးလေ့ကျင့်

အောက်တိုဘာ၊ ၃၀ အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်းပြီး ၂၄ နာရီအတွင်း စစ်လေယာဉ် အစီးရေ ရာနဲ့ချီ ပူးပေါင်း ပျံသန်းတဲ့ စစ်ရေး လေ့ကျင့်မှုကြီး တခုကို ပြုလုပ်ခဲ့ပါတယ်။ မဟာမိတ် နှစ်နိုင်ငံ နှစ်စဉ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မက္ကဆီကိုမှာ ဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူ ငါးဆယ်ဝန်းကျင်ထိ မြင့်တက်လာ

အောက်တိုဘာ၊ ၃၀ မက္ကဆီကို နိုင်ငံမှာ ဖျက်ဆီးအား ပြင်းထန်တဲ့ ဟာရီကိန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက် ၅၀ နီးပါးထိ မြင့်တက်လာကြောင်း သိရပါတယ်။ ကမ်းရိုးတန်း မြို့တမြို့ဖြစ်တဲ့ အကာပူလ်ကိုမှာ ပြီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မော်စကိုမှာ ဟားမားစ် ကိုယ်စားလှယ်တွေကို လက်ခံ တွေ့ဆုံမှု ရုရှားသံအမတ်ကို အစ္စရေး ဆင့်ခေါ် ကန့်ကွက်

အောက်တိုဘာ၊ ၃၀ ဟားမားစ် တာဝန်ရှိသူတွေကို ရုရှား အစိုးရက လက်ခံ တွေ့ဆုံခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့ အစ္စရေးက ရုရှားသံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာ ၂၉ ရက်မှာ အစ္စရေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

စစ်သုံးအဆင့် လက်နက်တွေ တင်ပို့မှု မူဝါဒတွေ ပိုမိုတင်းကျပ်ဖို့ ထိုင်းအစိုးရ စီစဉ်

အောက်တိုဘာ၊ ၃၀ စစ်သုံးအဆင့် လက်နက်တွေနဲ့ စစ်ဘက်-အရပ်ဖက် နှစ်မျိုးသုံးနိုင်တဲ့ ပစ္စည်းကိရိယာတွေနဲ့ ပတ်သက်တဲ့ တင်ပို့ရောင်းချမှု မူဝါဒတွေကို ပိုမို တင်းကျပ်သွားမယ်လို့ ထိုင်းအစိုးရက အတည်ပြုခဲ့ပါတယ်။ စီးပွားရေး ဝန်ကြီးဌာန လက်အောက်ခံ ပြည်ပကုန်သွယ်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သီတင်းကျွတ်လပြည့်နေ့ လည်ပတ်သူများလို့ ဦးပိန်တံတားကျိုး

အောက်တိုဘာ၊ ၂၉   မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာရှိတဲ့ ဦးပိန်တံတား‌‌ပေါ် သီတင်းကျွတ်လပြည့်နေ့မှာ လာရောက်လည်ပတ်သူ အများအပြားရှိတာကြောင့် နေ့လယ်ပိုင်းမှာ ဦးပိုင်းတံတားရဲ့‌ အရှေ့ဘက်မှာရှိတဲ့ တံတားနှစ်ကန့် ကျိုးကျခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။   “ သီတင်းကျွတ်လပြည့်ဆိုတော့ သိတဲ့အတိုင်းပဲလေ။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းလှမှာ တပ်သားစုဆောင်းရေး တာဝန်ခံ ဗိုလ်ကြီးတဦး ပစ်သတ်ခံရလို့ သေဆုံး

အောက်တိုဘာ၊ ၂၉   ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ တပ်သားစုဆောင်းရေး တာဝန်ခံ ဗိုလ်ကြီးတဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)တွေက အောက်တိုဘာ ၂၉ ရက်၊ ဒီကနေ့မနက် ၈ နာရီခန့်မှာ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ၅၀၅(က)နဲ့ဖမ်းဆီး

အောက်တိုဘာ ၊ ၂၉ သမ္မတဦးသိန်းစိန်လက်ထက်က ပြန်ကြားရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူ ဝန်ကြီးဟောင်းဦးရဲထွဋ်ကို အောက်တိုဘာလ ၂၈ ရက်၊ မနေ့က ည ၈ နာရီခွဲခန့်မှာ စစ်ကောင်စီလုံခြုံရေးတွေက နီးစပ်သူတွေထံက သိရပါတယ်။ ‘’ဟုတ်တယ်။ အဖမ်းခံရတယ်ဆိုတာ။ (အဖမ်းခံရတာ)ဖေ့ဘုတ်ပေါ်ရေးတဲ့ကိစ္စလို့ ထင်တယ်’’ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သိန္နီမြို့ကို ညီနောင်မဟာမိတ်အဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေ

အောက်တိုဘာ ၊ ၂၉ ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်- မြန်မာ ကုန််သွယ်ရေး လမ်းကြောင်းမှာ အရေးပါတဲ့ သိန္နီမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို သုံးဖွဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ် ကိုးကန့်တပ် ( MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နောင်ချိုမြို့က စစ်ကောင်စီတပ်စခန်းကို TNLA နဲ့ မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

‌အောက်တိုဘာ ၊ ၂၉ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို အောက်တိုဘာလ ၂၉ ရက်၊ ဒီကနေ့ မနက်ပိုင်းမှာ တအာင်းတပ်(TNLA) နဲ့ မန္တလေးPDF (MDY-PDF) တို့က ပူးပေါင်းပြီးတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရှမ်းမြောက်တိုက်ပွဲ နှစ်ရက်အတွင်း စစ်ကောင်စီတပ်စခန်း လေးဆယ်ကျော်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆို

အောက်တိုဘာ ၊ ၂၈ မြောက်ပိုင်းညီနောင်သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးနှစ်ရက်အတွင်းမှာ ရှမ်းပြည်နယ် မြောက် ပိုင်းက စစ်ကောင်စီတပ်စခန်း လေးဆယ်ကျော်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ကိုး ကန့်တပ် MNDAAနဲ့ တအာင်းတပ် TNLA တို့ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]